Monday, December 30, 2013

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ် ကန်ဘက်ကျေးရွာတွင် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့.....................................

Myawady News · 214,482 like this
12 hours ago ·


လပ္ပတ္တာ ဒီဇင်ဘာ ၃၀

 
 
 

လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် ကန်ဘက်ကျေးရွာတွင် ယနေ့ နံနက် (၁)နာရီ (၁၅)မိနစ်အချိန်၌ ကန်ဘက် (၂) ရပ်ကွက်၊ ကမ်းနားဈေးတွင် မီးကြွင်း၊ မီးကျန်မှ မီးလောင်မှု ဖြစ်ပွားခဲ့သည်။ မီးလောင်ကျွမ်းမှု ကြောင့် အိမ်ခြေ (၃၅၀)ခန့် ဆုံးရှုံးပြီး အမှတ် (၃)ရပ်ကွက်ဆီသို့ပါ ကူးစက်လောင်ကျွမ်းလျက် ရှိကြောင်း သိရသည်။ မီးလောင်ကျွမ်းရာသို့ လပွတ္တာမြို့နယ် မီးသတ်မှ မီးသတ် တပ်ဖွဲ့ဝင်ပေါင်း အင်အား (၃၀)ခန့်၊ ရေစုပ်စက် (၂) လုံးဖြင့် ကန်ဘက်ကျေးရွားသို့ သွားရောက်ပြီး မီးငြိမ်းသတ်မှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ မီးလောင်ကျွမ်းရာသို့ ခရိုင်/မြို့နယ် အုပ်ချုပ်ရေးမှူးများနှင့် ဌာနဆိုင်ရာမှ ကယ်ဆယ် ရေးလုပ်ငန်းများသွား သွားရောက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

0 ကွန်မန့်ရေးရန်:

Post a Comment