Saturday, December 28, 2013

ဗြိတိန်ပေါင် ၉.၇ သန်း ထီပေါက်သော်လည်း အမှိုက်ကောက် သမား ဘဝ ပြန်ရောက်သူ..............................









ဗြိတိန်ပေါင် ၉.၇ သန်း ထီပေါက်သော်လည်း အမှိုက်ကောက်သမား ဘဝ ပြန်ရောက်သူသက္ကရာဇ် ၂၀၀၂
ခုနှစ် တုန်းကပါ။ ဗြိတိန်နိုင်ငံက Michael Carroll လို့ အမည်ရတဲ့ အမှိုက်ကောက်သမား တစ်ဦးဟာ ဗြိ
တိန်ပေါင် ၉.၇ သန်းတန် ထီဆုကြီး ပေါက်ခဲ့ ပါတယ်။ အမေရိကန်ဒေါ်လာနဲ့ တွက်ရင် ၁၄.၃ သန်း ဖြစ်ပါ
တယ်။

သို့ပေမယ့် ၂၀၁၀ ခုနှစ်မှာ အမှိုက်ကောက်သမားဘဝ ပြန်ရောက် သွားပါတယ်။ ဖြစ်ပုံက ဒီလိုပါ။ ထီပေါက်
ပြီး ရတဲ့ငွေတွေနဲ့ ၈ နှစ်ပတ်လုံး ဘာအလုပ်မှ မလုပ်ပါဘူး။ တစ်ပတ်ကို ပျမ်းမျှအားဖြင့် ကန်ဒေါ်လာ ၁သိန်း
ခွဲနီးပါး သုံးစွဲ ပါတယ်။ ဈေးအကြီးဆုံး ကားများ ဝယ်စီး ပါတယ်။ အိမ်ကောင်းမှာ နေ ပါတယ်။ မူးယစ်ဆေး
ဝါး သုံးစွဲပါတယ်။ မိန်းမ အပျော်အပါး လိုက်စား ပါတယ်။

နောက်တော့ အကြွေးတွေ တင်ပြီး တစ်ခုပြီး တစ်ခု ပြန်လည် ရောင်းချလိုက်ရာမှာ ၂၀၁၀ ခုနှစ်ရောက်တော့
အမှိုက်ကောက်သမား အလုပ်ကို ပြန်လုပ်ဖို့ အလုပ်သမား ဝန်ကြီးဌာနကို မှတ်ပုံ တင်ပြန်လျှောက် ပါတယ်။
အခုတော့ အမိုက်ကောက် သမား ဘဝနဲ့ပဲ ဆင်းရဲပင်ပန်းစွာ လုပ်ကိုင်လျက် ရှိပါတယ်။ ပြည်ဗာရာက သူဌေး
သား ပုံပြင်တစ်ပုဒ် လိုပဲ အပြင်မှာ တကယ် ဖြစ်ခဲ့ တာလေး ဖြစ်ပါတယ်။

သင်ခန်းစာ - လက်ထဲမှာ ငွေရှိပြီး အကျိုးရှိရှိ အသုံးမချတတ်သူဟာ ပိုက်ဆံကို မီးရှို့ ပြီး မီးလှုံနေသူနဲ့ အတူ
တူပါပဲ။ တစ်ခဏတာအတွက် အနွေးဓာတ်ပေးသော် ငြားလည်း...

အောင်ခမ်း ( ရိုးရာလေး )

By ရိုးရာလေး

Read more: ဆိုင်မွန်စာကြည့်ဆိုဒ်: ဗြိတိန်ပေါင် ၉.၇ သန်း ထီပေါက်သော်လည်း အမှိုက်ကောက် သမား ဘဝ ပြန်ရောက်သူ http://www.simon-vlog.com/2013/12/blog-post_1537.html#ixzz2oiOzl2Nz
Under Creative Commons License: Attribution
Follow us: @SimonRau on Twitter | OnlineReading on Facebook

0 ကွန်မန့်ရေးရန်:

Post a Comment