Friday, December 27, 2013

ရွှေဆိုင် ဓားပြတိုက်သူမှာ လောက်ကိုင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် တူတော်.....................................




မန္တလေး၊ ဒီဇင်ဘာ ၂၄

မန္တလေးမြို့တော် ချမ်းအေးသာစံမြို့နယ် လမ်း ၈၀ နှင့် ၂၉ လမ်းထောင့်ရှိ နာမည်ကျော် မောင်ကိန်း
ရွှေဆိုင် ဓားပြတိုက်မှု၏ တစ်ကိုယ်တော် သေနတ်သမားမှာ လောက်ကိုင်မြို့နယ်မှ ပြည်ထောင်စု
ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးပါတီဝင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလျူကွယ်ရှီ၏ တူတော်စပ်ပြီး
၎င်းကိုင်ဆောင်သည့် အီတလီ နိုင်ငံထုတ် ပစ္စတိုမှာလည်းနှင့် ဦးလေးဖြစ်သူ၏ နေအိမ်ရှိ ကိုးကန့်
လုံခြုံရေး အစောင့်များထံမှ ယူဆောင်လာခြင်း ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး
ထံမှ သိရသည်။

“အခုချိန်မှာတော့ သူကို စစ်နေတုန်းပဲ၊ ဘာအကြောင်းကြောင့် လုပ်တယ်ဆိုတာ မသိရပါဘူး၊ အဓိ
က ကလည်း ငွေကြောင့်ပါပဲ၊ သတိက ရလိုက်မရလိုက်နဲ့ ဆိုတော့” ဟု အဆိုပါရုံးမှ တာဝန်ရှိသူ
တစ်ဦးက ဆိုသည်။

သတိအနည်းငယ် ရသည့်အချိန်တွင် အသက် ၃၀ နှစ်အရွယ် ကိုးကန့်လူမျိုး တစ်ကိုယ်တော် သေ
နတ်သမား အားရှန်ကို မေးမြန်းရာ ၎င်းသည် ကျောက်အရောင်းအဝယ် လုပ်ကိုင်သူ တစ်ဦးဖြစ်ပြီး
မန္တလေး ချမ်းမြသာစည်မြို့နယ် မြို့သစ် ၁ ရပ်ကွက် ၆၃- ၆၄ လမ်းကြားရှိ ဆွေမျိုးများအိမ်သို့ လွန်
ခဲ့သော တစ်ပတ်က ရောက်ရှိလာခြင်း ဖြစ်ကြောင်း၊ ပြစ်မှုကျုးလွန်သည့် နေ့တွင် လက်ရှိ တည်းခို
နေသည့်အိမ်မှ နံပါတ်မပါ ဆိုင်ကယ်တစ်စီး ယူသွားပြီးနောက် အိမ်သို့ ဆိုင်ကယ်မပါဘဲ ပြန်လာ
ကာ နစ်ဆန်းဆလွန်း အနက်ရောင်ကားကို မောင်းကာ ပြန်လည် ထွက်သွားသည်ဟု ဖြေကြား
ကြောင်း အမှုစစ် ရဲအရာရှိတစ်ဦးက သုံးသပ် ပြောဆိုသည်။

မောင်ကိန်း ရွှေဆိုင်တွင် သေနတ် ပစ်ဖောက်၍ ရွှေထည်ပစ္စည်း ၁၁ ခုကို ယူဆောင်ပြီး ပြန်လည်
ထွက်ခွာရန် ဆိုင်ကယ်ပေါ်တက်စဉ် ၎င်းကို ဆိုင်ဝန်ထမ်းတစ်ဦးနှင့် ဆိုင်ပတ်ဝန်းကျင်မှ လူများ
ဝိုင်းဝန်းဖမ်းဆီး ရိုက်နှက်မှုတို့ကြောင့် မန္တလေးပြည်သူ့ ဆေးရုံကြီးရှိ အရေးပေါ် လူနာဌာတွင် ကု
သလျက်ရှိရာ ဒဏ်ရာအရှိန် ပြင်းထန်သည့်အတွက် ယခုအချိန်ထိ သတိရတစ်ချက် မရတစ်ချက်ဖြစ်
ကာ အသေအချာ မစစ်ဆေးရသေးကြောင်း မန္တလေးခရိုင် ရဲတပ်ဖွဲ့မှူးက ပြောကြားသည်။

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် လမ်း ၈၀ နှင့် ၂၉ လမ်းထောင့်ရှိ နာမည်ကျော် မောင်ကိန်း ရွှေ
ဆိုင်တွင် ဒီဇင်ဘာ ၂၄ ရက်နေ့ ညနေ ၅ နာရီခွဲခန့်က အမည်မသိ အမျိုးသားတစ်ဦး သေနတ်ကိုင်
ဆောင် ဝင်ရောက်လာကာ သေနတ်ပစ်ဖောက်၍ ရွှေထည်ပစ္စည်း ၁၁ ခုကို ယူဆောင်ပြီး ဆိုင်ရှေ့
မှ ထွက်ခွာချိန်တွင် ဖမ်းဆီးခံခဲ့ရကြောင်း မျက်မြင် တွေ့ရှိသူများနှင့် ဆိုင်ဝန်ထမ်းများက ပြောကြား
သည်။

The Voice Weekly  မှကူးယူမျှဝေသည်။

Read more: ဆိုင်မွန်စာကြည့်ဆိုဒ်: ရွှေဆိုင် ဓားပြတိုက်သူမှာ လောက်ကိုင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် တူတော် http://www.simon-vlog.com/2013/12/blog-post_7022.html#ixzz2obsWRiUw
Under Creative Commons License: Attribution
Follow us: @SimonRau on Twitter | OnlineReading on Facebook

0 ကွန်မန့်ရေးရန်:

Post a Comment