Tuesday, April 17, 2012

ပြည်သူများ ကျေနပ်မှု မရှိက တိုင်ကြားနိုင် .....

သက်ဆိုင်ရာ နယ်ပယ်အသီးသီးရှိ ဌာနအဖွဲ့အစည်း နှင့် စက်ဆပ်လျက်ရှိသော တိုင်ကြားစာများ၊ အသနားခံစာများ၊
တင်ပြချက်များကို ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၂ ၊ ပုဒ်မခွဲ(ဇ)အရ ပြည်ထောင်စုအဆင့် ဖွဲ့စည်းထားသော
"နိုင်ငံသားများ၏ မူလအခွင့်အရေး ၊ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးဆိုင်ရာ ကော်မတီ" သို့ ပေးပို့တိုင်ကြားနိုင်သည်...

ယင်းကော်မတီသည် ...
*နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးများဆိုင်ရာ လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက်
ကူညီဆောင်ရွက်ပေးသည်။
* နိုင်ငံသားတိုင်း တန်းတူညီမျှ အခွင့်အရေး၊ တရားမျှတမှု အခွင့်အရေးတို့ကို ခံစားခွင့်ရရှိရေးကို ဆောင်ရွက်ပေးသည်။
* သက်ဆိုင်ရာနယ်ပယ် အသီးသီးရှိ ဌာနအဖွဲ့အစည်းများက ကျင့်သုံးလျက်ရှိသည့် ဥပဒေများကို လေ့လာ၍ပယ်ဖျက်ရန်၊
ပြင်ဆင်ရန်၊ အသစ်ပြဌာန်းရန်များတွေ့ရှိက လွှတ်တော်သို့ တင်ပြမည်။
*တည်ဆဲဥပဒေများအရ သက်ဆိုင်ရာဌာနအဖွဲ့အစည်းများမှ အခါအားလျော်စွာ ထုတ်ပြန်သည့် အမိန့်ညွန်ကြားချက်များ
သည် လက်ရှိအခြေအနေနှင့် ညီညွတ်ဆီလျော်ပါက အမိန့် ညွန်ကြားချက်များအား လိုက်နာဆောင်ရွက်ရာတွင်
စောင့်ကြည့်ထိန်းညှိ ကူညီမည်။
* သက်ဆိုင်ရာ နယ်ပယ်အသီးသီးရှိ ဌာနအဖွဲ့အစည်း နှင့် စက်ဆပ်လျက်ရှိသည့် တိုင်ကြားစာများ၊ အသနားခံစာများ၊
တင်ပြချက်များကို ကြားနာစိစစ်၍ လွှတ်တော်ဥက္ကဌမှတဆင့် လွှတ်တော်သို့ တင်ပြ အစီရင်ခံပေးမည်ဖြစ်သည်။

ယင်း ကော်မတီသည်....
* လုပ်ငန်းနှင့် ပတ်သက်၍ ဆက်စပ်သက်ဆိုင်သည့် အဖွဲ့အစည်းများ၊ တာဝန်ရှိ ပုဂ္ဂိုလ်များအား ဖိတ်ကြား၍
မေးမြန်း ဆွေးနွေးပိုင်ခွင့် ရှိသည်။

ပြည်သူ့လွှတ်တော်တွင် ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၂၄ နှင့် ပုဒ်မ ၂၇ တို့အရ အပ်နှင်းထားသော
လုပ်ပိုင်ခွင့် ကို ကျင့်သုံး၍ နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးဆိုင်ရာ ကော်မတီကို အောက်ပါ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားပါသည်...

(၁) ဦးဌေးဦး(ဟင်္သာတ မဲဆန္ဒနယ်) ဥက္ကဌ
(၂) ဦးကျော်စိုးလေး(မိုးညှင်း မဲဆန္ဒနယ်) အဖွဲ့ဝင်
(၃) ဦးစောထွဋ်ခေါင်လွင်(ကြာအင်းဆိပ်ကြီးမဲဆန္ဒနယ်) အဖွဲ့ဝင်
(၄) ဦးရဲထွဋ်တင်(ဖားဆောင်း မဲဆန္ဒနယ်) အဖွဲ့ဝင်
(၅) ဗိုလ်မှူးကြီး မြင့်ကိုကို (တပ်မတော်သား ကိုယ်စားလှယ်လောင်း) အဖွဲ့ဝင်
(၆) ဦးဌေးလွင် (နမ့်ဆန် မဲဆန္ဒနယ်) အဖွဲ့ဝင်
(၇) ဦးအောင်ကျော်ခင် (ကျောက်တန်း မဲဆန္ဒနယ်) အဖွဲ့ဝင်
(၈) ဦးစိုးစိုး (ထီးချိုင့် မဲဆန္ဒနယ်) အဖွဲ့ဝင်
(၉) ဦးစောဘသိန်း (သထုံ မဲဆန္ဒနယ်) အဖွဲ့ဝင်
(၁၀) ဦးစိုင်းဘိုးအောင် (မူဆယ် မဲဆန္ဒနယ်) အဖွဲ့ဝင်
(၁၁) ဦးစိုးဝင်း (စမ်းချောင်း မဲဆန္ဒနယ်) အဖွဲ့ဝင်
(၁၂) ဦးမောင်ဦး ( ဖောင်းပြင် မဲဆန္ဒနယ်) အဖွဲ့ဝင်
(၁၃) ဦးစံလင်း (တောင်ကြီး မဲဆန္ဒနယ်) အဖွဲ့ဝင်
(၁၄) ဦးမောင်မောင်တင် (ရေကြည် မဲဆန္ဒနယ်) အဖွဲ့ဝင်
(၁၅) ဦးတင်မောင်ဝင်း (မင်္ဂလာဒုံ မဲဆန္ဒနယ်) အတွင်းရေးမှူး ....

သို့ဖြစ်ပါ၍ ...ပြည်သူများ အနေဖြင့် ....
သက်ဆိုင်ရာ နယ်ပယ်အသီးသီးရှိ ဌာနအဖွဲ့အစည်း နှင့် စက်ဆပ်လျက်ရှိသော တိုင်ကြားစာများ၊ အသနားခံစာများ၊
တင်ပြချက်များကို ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၂ ၊ ပုဒ်မခွဲ(ဇ)အရ ပြည်ထောင်စုအဆင့် ဖွဲ့စည်းထားသော
"နိုင်ငံသားများ၏ မူလအခွင့်အရေး ၊ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးဆိုင်ရာ ကော်မတီ" သို့
ပေးပို့တိုင်ကြားနိုင်ပါကြောင်း ....
Views: 186

0 ကွန်မန့်ရေးရန်:

Post a Comment