Sunday, May 25, 2014

အမျိုးသမီး တစ်ဦးတည်းကို (၆) ကြိမ် လက်ထပ်ခဲ့တဲ့ ရိုမေးနီးယားသူဌေး.......................................

Posted by: Ko Myo on Saturday, May 24, 2014 Categories:
အေသင်အောင်

ရိုမေးနီးယားသူဌေး ပရီဂိုအာနာဟာ အမျိုးသမီး တစ်ဦးတည်းကို ခြောက်ကြိမ်တိုင် လက်ထပ်မှုပြုလုပ်ခဲ့ တာမို့ သူ့ရဲ့အပြုအမူနဲ့ ပတ်သက်ပြီး စိတ်ဝင်တစား ဖြစ်ခဲ့ပါတယ်။ အသက် (၅၀) နှစ်အရွယ်ရှိ ပရီဂိုအာနာဟာ အသက် (၃၉)နှစ် အရွယ်ရှိ အက်ဒရီယာနာကို လက်ထပ်ပြီး တဲ့နောက် အကြိမ်ကြိမ် ကွာရှင်းခဲ့ပါတယ်။ ဒီလိုနဲ့ သူတို့ရဲ့ အိမ်ထောင်ရေးဟာ သမိုင်းတွင်လောက်အောင် ခြောက်ကြိမ် တိတိ လက်ထပ်ဖို့ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ ခြောက်ကြိမ်မြောက် လက်ထပ်အပြီးမှာ အက်ဒရီယာနာဟာ ခင်ပွန်းဖြစ်သူကို ထပ်မံထားရစ်ခဲ့တယ်လို့ သိရပါတယ်။ပရီဂိုအာနာဟာဇနီးဖြစ်သူရဲ့ အပြုအမု အပေါ် နားမလည်အောင်ဖြစ်ခဲ့ပါတယ်။ တကယ်တော့ ပရီဂိုအာနာဟာ ငွေကြေးချမ်းသာ ကြွယ်ဝပေမယ့် ငယ်စဉ် က ပိုလီယိုရောဂါ ဝေဒနာခံစားခဲ့ရ တာမို့ခြေထောက် တစ်ဖက်ဆုံးရှုံးခဲ့ရပါတယ်။

ပရီဂိုအာနာဟာ နိုင်ငံရေးသမားဟောင်းတစ်ဦးဖြစ်ပြီး ဇနီးဖြစ်သူကိုပြီး ပြည့်စုံအောင် ထားရှိခဲ့ပါတယ်။ ပရီဂိုအာနာက သူဘာကြောင့် မပျော်ရွှင်ရ သလဲဆိုတာ ကျွန်တော်မသိပါဘူး။ ငွေတွေ အကြိမ်ကြိမ်ပေး ခဲ့ပေမယ့် ပြန်မေးတဲ့အခါ ဘယ်ရောက် သွားသလဲ ဆိုတဲ့အဖြေ မရခဲ့ပါဘူး။ သူ့ကို ကျွန်တော်နှင်ချခဲ့တာမျိုး မရှိပါဘူး။ သူက အိမ်ပေါ်က ဆင်းသွားတာမို့ ကျွန်တော်လည်း ဘာမှမတတ်နိုင်ပါဘူးလို့ပြော သွားခဲ့ပါ တယ်။

The Messenger
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

0 ကွန်မန့်ရေးရန်:

Post a Comment