Saturday, June 2, 2012

ညီအမ(၂)ဦးကားတိုက်ခံရ၍သေဆုံးခြင်း(ဓာတ်ပုံနှင့်တကွ)





(၃၀-၅-၂၀၁၂)ရက်နေ့တွင်မယ်ကုရပ်တွင်နေထိုင်သောကိုသိန်းတိုးသည်၎င်း၏ညီမများဖြစ်သောမနီလာစိုး (၁၉)နှစ်နှင့်မဌေးဌေးဝင်း(၂၁)နှစ်တို့ကားတိုက်ခံရခြင်းအတွက်ကူညီဖြေရှင်းပေးပါရန်PVA ရုံးသို့လာရောက်
 အကူအညီတောင်းခံခဲ့ပါသည်။ဖြစ်စဉ်မှာမနီလာစိုးနှင့်မဌေးဌေးဝင်းတို့သည်(၂၉-၅-၂၀၁၂)ရက်နေ့ ည(၉)နာရီ ခန့်တွင် Top Formစက်ရုံမှအလုပ်ဆင်းပြီးထမင်းသွားဝယ်စဉ် အပြာရောင်ကားတစီးမှ
ဝင်တိုက်သွားခဲ့ခြင်းဖြစ်ပြီး မဌေးဌေးဝင်းမှာပွဲခြင်းပြီးသေဆုံးသွားခဲ့ပြီးမနီလာစိုးမှာဆေးရုံအရောက်တွင်
သေဆုံးသွားခဲ့ပါသည်။လမ်းဖြတ် ကူးစဉ်၎င်းတို့(၂)ဦးအပါအ၀င်လူ(၅)ဦးရှိရာ၊ကျန်လူများမှာမြ၀တီမြို့တွင်
နေထိုင်သူများဟုသိရှိရသော်လည်း စိတ်ပိုင်းဆိုင်ရာကြောက်ရွံမှုများကြောင့်မေးမြန်းစုံစမ်း၍မရနိုင်ဖြစ်နေ
ပါသည်။စက်ရုံကရဲစခန်းတွင်အမှုဖွင့်ထား ကြောင်း၊အသုဘကိစ္စကိုတာဝန်ယူပေးမည်ဖြစ်ကြောင်းနှင့်အသက်
အာမခံကြေးအဖြစ်တဦးလျှင်သုံးသောင်းခွဲ ပေးမည်ဖြစ်ကြောင်းစသည်ဖြင့်စက်ရုံမန်နေဂျာမှတဆင့်ပြောပြ
ခဲ့ကြောင်းသိရပါသည်။သေဆုံးသူနှစ်ဦး၏ ပတ်စပို့များကိုလည်းစက်ရုံကယာယီသိမ်းဆည်းထားပြီးအသုဘကိစ္စပြီးမှသာပြန်လည်ထုတ်ပေးမည်ဖြစ်
 ကြောင်းအကိုဖြစ်သူကPVAကိုပြောပြခဲ့ပါသည်။အလောင်းများကို မဲဆောက်ဆေးရုံကြီးမှတဆင့်
(၃၁-၅-၂၀၁၂) ရက်နေ့ကသဂြိုင်္လ်ခဲ့ပါသည်။
PVAအသင်းမှအသုဘချပြီးနောက်စက်ရုံမှလျှော်ကြေးငွေအပြည့်အ၀ရရှိရေးအတွက်စက်ရုံအားတရားစွဲဆိုရန်နှင့်
ယာဉ်မောင်းဖြစ်သူအားရှာဖွေအရေးယူနိုင်ရန်အလုပ်သမားအခွင့်အရေး ဥပဒေအထောက်အကူပြုရှေ့နေအဖွဲ့
(LLC)၊ထိုင်းရဲတပ်ဖွဲ့တို့နှင့်ပူးပေါင်းညှိနှိုင်းဆောင်ရွက်လျက်ရှိပါသည်။by-pvamas မှတဆင့်ဖော်ပြသည်။

0 ကွန်မန့်ရေးရန်:

Post a Comment