Monday, September 3, 2012

ဖားကန့် ပေါက်ကွဲမှု၊ KIA,မှ ပြည်သူများအား ရှင်းလင်း


ပေါက်ကွဲမှု အပြီး သိမ်းယူရရှိခဲ့သော ပျက်စီးနေသော လက်နက်များ

စက်တင်ဘာလ ၁ ရက်နေ့တွင် KIA တပ်မဟာ (၂) လက်အောက်ခံ တပ်ရင် (၆) တွင် သြဂုတ်လ (၂၉) ရက် နေ့တွင် ဖြစ်ပွားခဲ့သော ရှရော်ခမော် ပေါက်ကွဲမှု အကြောင်း ပြည်သူလူထုအား ရှင်းလင်ပွဲပြုလုပ် ခဲ့ကြောင်း သတင်းရရှိပါသည်။
 
ပေါက်ကွဲမှုမှာ ကောလဟာလ အမျိုးမျိုး ထွက်ပေါ်နေသဖြင့် လူထုအား ရှင်းပြရခြင်းဖြစ်ကြောင်း ဒုတပ်ရင်မှူးက ပြောပြပါသည်။ ပေါက်ကွဲမှု အမှန်ဖြစ်စဉ်မှာ ဗမာစစ်တပ်မှ ပစ်ခတ်လိုက်သော လက်နက်ကြီး၊ ဆီသိုလှောင်ရုံကို ထိမှန်ခဲ့ပြီး မီးလောင်ကျွမ်းရာမှ ယမ်းဂိုဒေါင် ပေါက်ကွဲခြင်းသာ  ဖြစ်ကြောင်း၊ ဗမာစစ်တပ်၏ လမောင်ကုန်း သိမ်းယူရေးအတွက် မဆင်မခြင် အတင်း ထိုးစစ် ဆင်ခြင်းကြောင့် ယခုကဲ့သို့ ပေါက်ကွဲမှုအတွင်း ဗမာတပ်ရင်း တစ်ရင်လုံး ပေါက်ကွဲမှုအထဲ ပါသွားခြင်းဖြစ်
ကြောင်း၊ KIA အနေဖြင့် ခံစစ်ဖြင့်သာခုခံခြင်းဖြစ်သဖြင့်၊ လက်နက်ကြီးများ မသုံးကြောင်းနှင့် ဗမာစစ်တပ် အနေဖြင့် ၄င်းတို့၏ လက်နက်ဖြင့် ၄င်းတို့ထိခိုက်ခြင်းသာ ဖြစ်ကြောင်း သူက ကချင်ပြည်သူ များကိုရှင်းလင်း တင်ပြပါသည်။
 
ထိုရှင်းလင်းပွဲတွင် ပေါက်ကွဲမှု အပြီး သိမ်းယူရရှိခဲ့သော ပျက်စီးနေသော လက်နက်များအား ပြည်သူလူထုများအား ဗဟုသုတရရန်အလို့ငှါ ပြသထားပေးကြောင်း သတင်းရရှိပါသည်။
 
Copyfrom -Lachid Kachin

0 ကွန်မန့်ရေးရန်:

Post a Comment