Wednesday, June 11, 2014

ဇနီးဖြစ်သူအား ကိုယ်ထိလက်ရောက်ရန်ပြုသူကို ခင်ပွန်းဖြစ်သူမှ ထိုးကြိတ်ခဲ့သဖြင့် သေဆုံး............


ရန်ကုန်၊ ဇွန် ၁၀

၉.၆.၂၀၁၄ ရက်နေ့ ၁၆၃၀ အချိန် လသာမြို့နယ်နေ ကိုနန္ဒကျော်
သည် မင်္ဂလာတောင်ညွှန့်မြို့နယ်ရှိ မင်္ဂလာဈေးတွင် မဆုပြည့်ဝင်း
အား မူးယစ်ပြီးကိုယ်ထိလက်ရောက်စော်ကားရန်ပြုခဲ့ကြောင်း၊ ထိုသို့ရန်ပြုသည်ကို မဆုပြည့်ဝင်း၏ ခင်ပွန်း ဖြစ်သူ နိုင်ကိုကို မှမကျေနပ်သဖြင့် ကိုနန္ဒကျော်အား ရင်ဘတ်ဆောင့်တွန်းကာ
ထိုးကြိတ်ခဲ့သောကြောင့် ကိုနန္ဒကျော်တွင် နှာခေါင်းသွေးထွက်၊ အပေါ်နှုတ်ခမ်းဖူးရောင်၊ ၀ဲဒူးပွန်း

ဒဏ်ရာများရရှိခဲ့ပြီး ရန်ကုန်
ဆေးရုံကြီးတွင် ပြင်ပလူနာ အဖြစ်ကုသကာ ၂၂၀၀ အချိန်တွင်
နေအိမ်သို့ ပြန်လာခဲ့ကြောင်းသိရှိရပါသည်။

နေအိမ်သို့ရောက်ရှိပြီး ပက်လက်ကုလားထိုင်ပေါ်တွင်အိပ်ပျေ
ာ်
နေ၍လှုပ်နှိုးရာ မရသဖြင့် ၁၀.၆.၂၀၁၄ ရက်နေ့ ၀၃၀၀ အချိန်တွင် ရန်ကုန်ဆေးရုံကြီးသို့ထပ်မံတင်ပို့ခဲ့ကြောင်း၊ ဆေးရုံအရောက်တွင် ကိုနန္ဒကျော်မှာ သေဆုံးနေသည်ကိုသိရှိရသဖြင့် နိုင်ကိုကိုအား
အရေးယူပေးရန် ကိုနန္ဒကျော်၏အစ်မဖြစ်သူ ဒေါ်လီလီမှ တိုင်တန်း
လာခဲ့ပါသည်။

တိုင်တန်းချက်အရ ပြစ်မှုကျူးလွန်သူ နိုင်ကိုကို၊ (၂၃)နှစ်၊
(ဘ)ဦးမျိုးညွန့်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်နေသူအား မင်္ဂလာတောင်ညွန့်မြို့မရဲစခန်း(ပ)၃၆၉/၂၀၁၄၊ ပြစ်မှု
ပုဒ်မ-၃၀၂ ဖြင့် အမှုဖွင့်ကာ ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။
ရဲဇာနည်

0 ကွန်မန့်ရေးရန်:

Post a Comment