Sunday, September 2, 2012

**တိုကျိုမြို့ ၌ စက်ရုပ်အမျိုးသမီး စားသောက်ဆိုင်ဖွင့်လှစ်**


ဂျပန်နိုင်ငံ တိုကျိုမြို့တွင် စက်ရုပ်အမျိုးသမီးများက ဝန်ဆောင်မှုပေးမည့်စက်ရုပ်စားသောက်ဆိုင်တစ်ဆိုင်ကို ဖွင့်လှစ်ထားပြီဖြစ်ကြောင်း သြဂုတ် ၃ဝ ရက်ကအင်တာနက်သတင်း၌ ဖော်ပြသည်။ အဆိုပါ စက်ရုပ်အမျိုးသမီးများဆိုင်ကို တိုကျိုမြို့လမ်းသွယ်တစ်လမ်း၌ဖွင့်လှစ်ထားခြင်းဖြစ်သည်။ ၄င်းစားသောက်ဆိုင်အတွင်း၌ စက်ရုပ်အမျိုးသမီး များက ဂျပန်ရိုးရာတေးဂီတများတီးကာ ဆိုင်အတွင်း ဧည့်ခံမည်ဖြစ်သည်။တစ်ဖန် ကမ္ဘာကျော် အဆိုတော် လေဒီဂါဂါ၏ သံစဉ်တေးဂီတများအတိုင်းလည်း သရုပ်ပြဖျော်ဖြေကြမည်ဖြစ်သည်။ စက်ရုပ်အမျိုးသမီးများသည် ဆိုင်အတွင်းသို့ လာရောက်စားသောက်ကြရန် လက်များဝှေ့ယမ်းကာ
ဖိတ်ခေါ်မှုများလည်း ပြုလုပ်လျက်ရှိသည်။ ယင်းစက်ရုပ်စားသောက်ဆိုင်အတွင်း ဝင်ရောက်စားသုံးပါက ဘင်တိုဖျော်ရည်တစ်ပုလင်း၊ ဖျော်ယမကာတစ်ခွက်နှင့် စက်ရုပ်အမျိုးသမီးများ၏ ဖျော်ဖြေမှုများအတွက် အမေရိကန်ဒေါ်လာ ၆၄ ဒေါ်လာခန့် ကုန်ကျမည်ဖြစ်သည်။ ၄င်းစက်ရုပ်စားသောက်ဆိုင်တွင် ၃ ဒသမ ၆ မီတာမြင့်သော အမျိုးသမီးစက်ရုပ်များကိုထားရှိရန် သုံးနှစ်ကြာမျှ စီစဉ်ခဲ့ရကြောင်း၊ စက်ရုပ်စားသောက်ဆိုင်အတွက်ဂျပန်ယန်းငွေ ၁ဝ ဘီလီယံခန့် ကုန်ကျခဲ့ကြောင်း ဆိုင်ပိုင်ရှင်က ပြောကြားသည်။ (အင်တာနက်)

0 ကွန်မန့်ရေးရန်:

Post a Comment