video by - Philosophermg Myathar
Wednesday, June 05, 2013
ယနေ့ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် အထူးစီမံချက်တစ်ရပ် အနေဖြင့်
မြန်မာနိုင်ငံသား 300 ကျော်အား ရှာဖွေ ထိမ်းသိမ်းနိုင်ခဲ့ကြောင်
း မလေးရှားနိုင်ငံ နာမည်ကြီး သတင်းဌာနဖြစ်သော The Star သတင်းဌာနရဲ့ အင်တာနက် စာမျက်နှာမှ
ာ တရားဝင် ကြော်ငြာသွားခဲ့ပါတယ်။
ယနေ့ 5.6.2013 အတွက် အထူးအဖွဲ့ဝင်များဖြင့် ဖွဲ့စည်းထားသော အဖွဲ့များစွာဖွဲ့ကာ စတင် ဖမ်းဆီးနေခြင်း ဖြစ်ကြောင်း။
ကေအယ်တွင် (အော်ပရာစီ) စတင်ပြုလုပ်နေပြီ
ထိုသို့ ဖမ်းဆီးရသည့် အကြောင်းရင်းမှာ
မေလ 30 ရက်နေ့မှ ဇွန်လ 4 ရက်နေ့အတွင်း ဖြစ်ပွားနေသည့် ဘာသာရေး ပဋိပက္ခ
များကြောင့် ထိရောက်စွာ ကိုင်တွယ်ရန် စတင်ခြင်းဖြစ်ကြောင်း ။
မြန်မာနိုင်ငံသား 2 ဦးေ သဆုံးပြီး အချို့မှာ လက်ရှိဆေးရုံတွင်ပင် ဆက်လက်
ကုသနေရဆဲဖြစ်ကြောင်း ၊ ပြဿနာ 7 ကြိမ် တိတိဖြစ်ပွားခဲ့ပြီး အများအပြား
ဒဏ်ရာရရှိခဲ့ကြောင်း ။
မလေးရှားတွင် သွေးထွက်သံယို ပြဿနာများ မပေါ်ပေါက်ရန် နှင့် တရားမဝင် နေထိုင်သူများအား မြန်မာပြည်သို့ပြန်ပို့ပြီး ကာကွယ်ရာရောက်ကြောင်း ဖော်ပြသွားပါတယ် ။
နိုင်ငံပိုင်သတင်းစာကဲ့သို့ လက်ရှိ အစိုးရထုတ်သတင်းစာဖြစ်တာကြောင့် သူတို့ ဘာလုပ်ခဲ့တယ်ဆိုတာကို ဖော်ပြတဲ့သတင်းလောက်ပဲ ရေးသား တင်ဆက်ထားတာကို တွေ့ရပါတယ်
။ ထိုသတင်းတွင်ပဲ အောက်ဆုံးတွင် မြန်မာနိုင်ငံရှိ ရိုဟင်ဂျာဆိုသော
အသုံးနှုန်းအား သုံးစွဲထားပြီး ထိုသို့ ဖမ်းဆီးရန်အတွက် မြန်မာနိုင်ငံရှိ
တာဝန်ရှိ အုပ်စုကြီး 2 စုနှင့် တွေ့ဆုံးထားပြီး ဖြစ်ကြောင်းကိုပါ The Star သတင်းဌာနက ဖော်ပြသွားပါတယ် ။
မည်၍ မည်မျှ အထိ ဆက်လက် ဆောင်ရွက်သွားမည်ဟု မဖော်ပြထားပဲ Task Force ဟု သုံးစွဲထားပြီး ယနေ့ အများဆုံး ဖမ်းဆီးသည့်နေရာအဖြစ် Brickfield (မြန်မာဆိုင်များနေရာအား မဖော်ပြ) နှင့် Sentul တို့တွင် အများဆုံး ဖမ်းဆီးခဲ့ကြောင်းကို သာဖော်ပြသွားခဲ့ပါသည်။
မလေးရှားရောက် မြန်မာများ Facebook
0 ကွန်မန့်ရေးရန်:
Post a Comment