ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးလုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူရန်အတွက် ငြမ်းဆင်နေစဉ် ရောင်ခြည်တော်ကွန့်မြူး... .....^_^
ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးလုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူရန်အ တွက် ငြမ်းဆင်နေစဉ် ရောင်ခြည်တော် ကွန့်မြူး ခဲ့ကြောင်း သိရှိရသည်။
ပြင်ဦးလွင်မှဘုရားဖူးအဖွဲ့မှ ကားဆရာများဖြစ် သည့် ကိုအောင်ကိုကိုဦးနှင့် ကိုကျော်ဇေယျာလွင် တို့နှစ်ဦးမှာ ငြမ်းဆင်နေသည့် ကျိုက်ထီးရိုး ဆံတော်ရှင် မြတ်ပုံတော်အား ဖုန်းဖြင့် ဓာတ် ပုံရိုက်ရာမှ ရောင်ခြည်တော်ကွန့်မြူးနေသ ည့် ပုံတော်အား ရိုက်ကူးဖူးမျှော်မိခြင်းဖြ စ်သည်။
ယင်းကားဆရာများမှာ ကျိုက်ထီးရိုးစေတီတော်သို့ ပထမဦးဆုံးအကြိမ်သွားရောက်ဖူးမျှော်ခဲ့ခြင်းဖြစ်ပြီး ဇန်န၀ါရီလ ၂၄ ရက်နေ့ မနက်ပိုင်းက ရောင်ခြည်တော်ကွန့်မြူးနေပုံအား ရိုက်ကူးခဲ့ခြင်းဖြစ်သည်။
ဆံတော်ရှင်စေတီအား ကားဆရာနှစ်ဦးပြိုင်တူရိုက်ကူးခဲ့ခြင်းဖြစ်သော်လည်း ကိုအောင်ကိုကိုဦး ရိုက်ကူး သည့် ပုံတော်၌သာ ယခုလို ရောင်ခြည်တော်ကွန့်မြူးသည့် ပုံထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။
“ကျွန်တော်တို့ (၂၄) ရက်နေ့ (၇) နာရီ(၂၆) မိနစ်မှာ ကျွန်တော်တို့ ဓာတ်ပုံရိုက်တော့ ကျွန်တော့် ဘေး နား မှာလည်း ကျွန်တော့် အကိုတစ်ယောက်ပါ ဓာတ်ပုံအတူတူရိုက်ကြတယ်။ ကျွန်တော်တို့က လုံးတော်ပြည့်ရွှေသင်္ကန်းကပ်ဖို့
ငြမ်းတွေဆင်နေတဲ့အချိန်မှာ ကျွန်တော်တို့ကလည်း ဘုရားကို ကိုယ်
တိုင်ရွှေသင်္ကန်းမကပ်ရဘူး။ ငြမ်းဆင်နေတဲ့ ပုံကိုအမှတ်တရဖြစ်အောင်ဖုန်းနဲ့ရိုက်လိုက်တယ်။ ဖုန်းနဲ့ ရိုက်လိုက်တဲ့အချိန်မှာ ပေါ်လာတာပါ”ဟု ဥာဏ်တော်ကွန့်မြူးပုံ ဓာတ်ပုံကိုယ်တိုင်ရိုက်ကူးခဲ့သူ ကိုအောင်ကိုကိုဦး က ပြောသည်။
စတင်ရိုက်ကူးစဉ် ရာသီဥတုကောင်းမွန်ပြီး ကောင်းကင်မှာကြည်လင်တောက်ပလျှက်ရှိပြီး ရိုက်သည့် အချိန်တွင် ယခုကဲ့သို့ ပေါ်လာခြင်းဖြစ်ပြီး ဘေးနားမှဓာတ်ပုံရိုက်နေသူအား မေးမြန်းရာတွင် ၄င်းပုံ ၌ ရောင်ခြည်တော်ကွန့်မြူးခြင်းမရှိကြောင်းကိုလည်း သိရသည်။
“ရိုက်နေတဲ့အချိန်မှာ ကောင်းကင်ကတကယ်တမ်းကျတော့ လျှပ်စီးတွေလည်းမရှိဘူး။မိုးတွေလည်း
မအုံ့ဘူး။ ရိုက်လိုက်တဲ့အချိန်မှာမှ လျှပ်စီးတန်းကြီးကကျလာတာ။
ကျွန်တော်ကလည်း အဲ့လို အလင်း တန်းကြီးတွေကျလာတော၊့ ကျွန်တော့်ဖုန်းကပဲ
အလင်းပြန်တာလားဆိုပြီး ဘေးနားမှာရှိတဲ့ အကို တစ်ယောက်ကို မေးတော့
ဆက်ရိုက်ကြည့်ဆိုပြီးတော့ ပြောတယ်။ ပထမဆုံးရိုက်လိုက်တော့ လျှပ်စီးတွေ
ကျနေတဲ့ပုံပေါ်တယ်။ ဒုတိယပုံရိုက်လိုက်တော့ ဘုရားရဲ့စိန်ဖူးတော်နားကအ၀ိုင်းနားမှာ
ခရမ်းရောင်တွေ ဟပ်ပြီးတော့ အောက်မှာရွှေ ရောင်တွေ ဟပ်နေတယ်။” ဟု
ကိုအောင်ကိုကိုဦးမှ ၄င်း၏ အတွေ့အကြုံနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ဓာတ်ပုံရိုက်ကူးသည့်အခါတွင် ဘုရားပေါ်တွင်ရှိသော ဓာတ်ပုံဆရာများအား မေးမြန်းကြည့်ရာ ဘုရားမှရောင်ခြည်တော် ကွန့်မြူးတတ်ကြောင်းနှင့်သုံးနှစ်တစ်ကြိမ် လုံးတော်ပြည့်ရွှေသင်္ကန်း ကပ်လှူရာ၌ ထူးခြားမှုပြလေ့ရှိကြောင်းကိုလည်း သိရှိရသည်။
“ဒါက ရောင်ခြည်တော်ကွန့်မြူးတာတဲ့  သုံးနှစ်တစ်ကြိမ်လုံးတော်ပြ ည့်ရွှေသင်္ကန်းကပ်တိုင်း ထူးခြား မှုတွေ ပြတယ်။ ဒီနှစ်မှာအကိုရဲ့ကံနဲ့ဘုရား ရဲ့တန်ခိုးကြောင့် အကိုရတာပါလို့ပြောတယ်။ ကင်မရာ သမားတွေကို အကိုတို့ ရိုက်တဲ့သက်တမ်းတစ်လျှောက်မှာ ဒီလိုလျှပ်စီးလက်တာတွေပါလား လို့မေးတော့ ကျွန်တော်တို့ဘုရားပေါ်မှာ စရိုက်ကတည်းက ဘုရားပေါ်မှာ ဒီလိုမျိုးကျခဲ့တာတွေမရှိဘူးလို့ ပြောတယ်။ အဲ့ဒီ ကင်မရာသမားတွေက သူတို့ကိုပေးခဲ့ဖို့ တောင်းသေးတယ်”ဟု ကိုအောင်ကိုကိုဦးက ပြောသည်။
ဓာတ်ပုံရိုက်သည့်နှစ်ယောက်စ လုံးမှာ
တစ်ချိန်တည်းတစ်ပြိုင်တည်း ရိုက်ခဲ့ခြင်းဖြစ်ပြီး ရိုက်ကူး လိုက်သည့်
ပုံတွင် ရောင်ခြည်တော်ကွန့်မြူးပုံ မပေါ်သည့် ကိုကျော်ဇေယျာလွင်က ၄င်း၏
အတွေ့အကြုံနှင့် ပတ်သက် ၍ ပြောသည်။
“ကျွန်တော်တို့ရိုက်တာက Samsumg ဖုန်းနှစ်လုံးနဲ့ရိုက်တယ်။ ရိုက်တဲ့အချိန်က တစ်ပြိုင်တည်း တစ်ချိန်တည်းမှာ ရိုက်ကြတာ။ ကျွန်တော့် Samsumg ဖုန်းထဲမှာကြတော့ မပေါ်ဘူး။ အောင်ကိုကိုဦးရဲ့ ဖုန်းထဲမှာကြတော့ထူးထူး ခြားခြားပေါ်တာ။” ဟု ကိုကျော်ဇေယျာလွင်ကပြော သည်။
ယခုလိုရောင်ခြည်တော်ကွန့်မြူးသည့်ပုံတော်အားဘုရားဖူးလိုက်ပါလာသည့်သူ (၁၈၁) \ဦးမှ ဖူးမျှော်ရန် အ တွက် ဓာတ်ပုံကူးယူလိုက်သည့်အခါတွ င်လည်း ယခုကဲ့သို့ လျှပ်စီးများကျရောက်နေသည့် ပုံများသာ ထွက် လာပြီး ယခုအခါ ထိုရောင်ခြည်တော်ကွန့်မြူးသ ည့်ဓာတ်ပုံအား ပြန်လည်ကူးယူ၍ ကျိုက်ထီး ရိုးဂေါပက \အဖွဲ့ထံ လှူဒါန်းမည်ဖြစ်ကြောင်းကိုလ ည်း သိရသည်။
ကိုအောင်ကိုကိုဦးမှာ လူထုမေတ္တာ ပြင်ဦးလွင်-မန္တလေး မော်တော်ယာဉ်အသင်းမှ ယာဉ်မောင်း တစ် ဦးဖြစ်ပြီး ၄င်း၏ ပထမအကြိမ်ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ခရီးစဉ်တွင် ယခုကဲ့သို့ ရောင်ခြည်တော် ကွန့်မြူးမှု ကြုံတွေ့ခဲ့ရခြင်းဖြစ်သည်။
from: Tin Tun Aung
ဆံတော်ရှင်ကျိုက်ထီးရိုးစေတ
ပြင်ဦးလွင်မှဘုရားဖူးအဖွဲ့မ
ယင်းကားဆရာများမှာ ကျိုက်ထီးရိုးစေတီတော်သို့ ပထမဦးဆုံးအကြိမ်သွားရောက်ဖူ
ဆံတော်ရှင်စေတီအား ကားဆရာနှစ်ဦးပြိုင်တူရိုက်က
“ကျွန်တော်တို့ (၂၄) ရက်နေ့ (၇) နာရီ(၂၆) မိနစ်မှာ ကျွန်တော်တို့ ဓာတ်ပုံရိုက်တော့ ကျွန်တော့် ဘေး နား မှာလည်း ကျွန်တော့် အကိုတစ်ယောက်ပါ ဓာတ်ပုံအတူတူရိုက်ကြတယ်။ ကျွန်တော်တို့က လုံးတော်ပြည့်ရွှေသင်္ကန်းကပ်ဖ
စတင်ရိုက်ကူးစဉ် ရာသီဥတုကောင်းမွန်ပြီး ကောင်းကင်မှာကြည်လင်တောက်ပလ
“ရိုက်နေတဲ့အချိန်မှာ ကောင်းကင်ကတကယ်တမ်းကျတော့ လျှပ်စီးတွေလည်းမရှိဘူး။မို
ဓာတ်ပုံရိုက်ကူးသည့်အခါတွင်
“ဒါက ရောင်ခြည်တော်ကွန့်မြူးတာတဲ
ဓာတ်ပုံရိုက်သည့်နှစ်ယောက်စ
“ကျွန်တော်တို့ရိုက်တာက Samsumg ဖုန်းနှစ်လုံးနဲ့ရိုက်တယ်။ ရိုက်တဲ့အချိန်က တစ်ပြိုင်တည်း တစ်ချိန်တည်းမှာ ရိုက်ကြတာ။ ကျွန်တော့် Samsumg ဖုန်းထဲမှာကြတော့ မပေါ်ဘူး။ အောင်ကိုကိုဦးရဲ့ ဖုန်းထဲမှာကြတော့ထူးထူး ခြားခြားပေါ်တာ။” ဟု ကိုကျော်ဇေယျာလွင်ကပြော သည်။
ယခုလိုရောင်ခြည်တော်ကွန့်မြ
ကိုအောင်ကိုကိုဦးမှာ လူထုမေတ္တာ ပြင်ဦးလွင်-မန္တလေး မော်တော်ယာဉ်အသင်းမှ ယာဉ်မောင်း တစ် ဦးဖြစ်ပြီး ၄င်း၏ ပထမအကြိမ်ဆံတော်ရှင်ကျိုက်ထ
from: Tin Tun Aung
0 ကွန်မန့်ရေးရန်:
Post a Comment