Friday, September 14, 2012

လက်တွေ့ ကျကျ ဖြစ်အောင် မသွဲ့ သွဲ့ ဝင်းနဲ့  ကျန်ရှိနေသူများအားလုံးကို ချက်ချင်း ပြန်လွှတ်ပေးပါ။



လက်တွေ့ ကျကျ ဖြစ်အောင် မသွဲ့ သွဲ့ ဝင်းနဲ့  ကျန်ရှိနေသူများအားလုံးကို ချက်ချင်း ပြန်လွှတ်ပေးပါ။

တားနေကြတဲ့သူတွေရော၊ ဖြန်ဖြေပါတယ်လို့  ပြောနေသူတွေရော၊ အရေးမယူပါဖူးလို့  ပြောနေကြသူတွေရော လက်တွေ့ ကျကျ ဖြစ်အောင် မသွဲ့ သွဲ့ ဝင်းနဲ့  ကျန်ရှိနေသူများအားလုံးကို ချက်ချင်း ပြန်လွှတ်ပေးပါ။ တောင်သူလယ်သမားတွေကို မတရားလုပ်တာ ရပ်တန့် ပါ။သိန်းစိန်တို့ နဲ့ တရုတ်အစိုးရ အတူလုပ်ထားတဲ့ စီမံကိန်းမို့ လို့ ဆိုပြီး တောင်သူလယ်သမားတွေရဲ့ တစ်နေ့ ဆို တစ်နေ့  တစ်နာရီဆို တစ်နာရီ ဘ၀တွေ ဒုက္ခရောက်နေတာမို့  အချိန်ဆွဲပြီး စောင့်ဆိုင်းနေရမယ့် ကိစ္စ မဟုတ်ပါဖူး။ ထို့ အတူ ဆုံးရှုံးနစ်နာမှုတွေအတွက် မတရားခံရမှုတွေအတွက် ဆန္ဒပြတောင်းဆိုတာဟာ ပြဿနာဖန်တီးတာလည်း မဟုတ်သလို၊ ၀ိုင်းဝန်းပံ့ပိုးကြတဲ့ ကိုယ်ချင်းစာတရားနဲ့  ဖေးမကူညီကြတဲ့ လက်တွဲပူးပေါင်းပေးကြတဲ့သူတွေဟာ ဘေးပယောဂ ဖန်တီးသူတွေ မဟုတ်ကြပါ။ ဆူပူသောင်းကျန်းသူတွေလည်း မဟုတ်ကြပါ။

အမှန်တရားအတွက် ဆောင်ရွက်တယ်ဆိုရင် မှန်တာလုပ်သူတွေဘက် ခိုင်ခိုင်မာမာ ရပ်တည်ပေးပါ၊ မမှန်တာလုပ်သူတွေကို ရဲရဲဝန့် ဝန့်  ဆန့် ကျင်ပြောဆိုရဲပါစေ။ အမှန်တရားအတွက် ပြောဆိုဆောင်ရွက်နေကြသူတွေဘက်ကိုလည်း အပြစ်မြင်၊ မမှန်ကန်စွာ မတရားဆောင်ရွက်နေကြသူတွေဘက်ကို ဖေးဖေးမမ ပြောဆိုနေတာတွေဆိုရင် ပုံစံမကျပါဖူး။

ဒီအတွက် လက်တွေ့ ပြကြပါ။ တားနေကြတဲ့သူတွေရော၊ ဖြန်ဖြေပါတယ်လို့  ပြောနေသူတွေရော၊ အရေးမယူပါဖူးလို့  ပြောနေကြသူတွေရော လက်တွေ့ ကျကျ ဖြစ်အောင် မသွဲ့ သွဲ့ ဝင်းနဲ့  ကျန်ရှိနေသူများအားလုံးကို ချက်ချင်း ပြန်လွှတ်ပေးပါ။ တောင်သူလယ်သမားတွေကို မတရားလုပ်တာ ရပ်တန့် ပါ။

0 ကွန်မန့်ရေးရန်:

Post a Comment