Sunday, February 17, 2013

လူကုန်ကူးမှုကို တရားဝန်ကျူးလွန်နေကြသူများ

လူကုန်ကူးမှုကို တရားဝန်ကျူးလွန်နေကြသူများ
ကျွန်တော်ရဲ့တွေ့ကြုံခဲ့ရတဲ့ အဖြစ်လေးကို ကျွန်တော့်လိုဘဲ သူငယ်ချင်းတွေ မကြုံတွေ့စေချင်လို့ ဒီပို့စ်ကိုတင်ပေးလိုက်ရခြင်း ဖြစ်ပါတယ်ခင်ဗျာ။ ဒီပို့စ်လေးကို ဖတ်ပြီးသွားရင် သူငယ်ချင်းတို့ နီးစပ်ရာ သူငယ်ချင်းများ၊ ဆွေမျိုးသားချင်းများကိုလည်း သိအောင်လို့ Share လုပ်ဖြစ်အောင်လုပ်ပေးပါလို့ ကျေးဇူးပြုပြီးတိုက်တွန်းလိုက်ပါတယ် ခင်ဗျာ။
ဇတ်လမ်းကတော့ ဒီလိုဗျာ။ ကျွန်တော်ရဲ့ ၂၀၀၅ ခုနှစ်က အကြောင်းအရာလေးကို အခုမြန်မာနိုင်ငံမှာ လူကုန်ကူးမှုတိုက်ဖျက်ရေးလုပ်ငန်းများလုပ်နေသောအချိန်နဲ့တိုက်ဆိုင်နေလို့ ဒီပို့စ်လေးကို တင်ပေးလိုက်ရခြင်းဖြစ်ပါတယ်ခင်ဗျာ။ ဒီလိုဗျာ ကျွန်တော် ၂၀၀၅ ခုနှစ် April ကနေစပြီး မလေးရှားဆိုတဲ့နိုင်ငံကြီးကို သွားဖို့လုပ်ပါတယ်ခင်ဗျာ။ Agency နာမည်ကိုတော့မပြောတော့ပါဘူး။ ကြောက်လို့မဟုတ်ဘူးနော်၊ သူများစီးပွားရေးကို ဒုတ်နဲ့မထိုးချင်လို့။ ကျွန်တော်တို့ကို ပိုင်ရှင်ကပြောတော့ ၃လပဲကြာမယ်တဲ့။ ကျွန်တော်လည်းစောင့်တာပေါ့ ဘယ်ပြောကောင်းမလဲ။ ဘယ်လောက်ကြာသွားလည်းသိလား။ ခလေးတစ်ယောက်တောင်မွှေးလို့ရတယ် လတောင်ကြာသွားတယ်ဗျာ။ ကျွန်တော်သွားမဲ့အဖွဲ့က အယောက် ၂၀ ရှိတယ်။  ဒီထဲမှာ ရန်ကုန်သားကအများဆုံးပါတယ်ဗျာ။ ဘယ်ပြောကောင်းမလဲ ဒီကောင်တွေက Agency ကိုသွားပြီး သောင်းကျန်းကြတာ။ Agencyက ဘယ်ပြောကောင်းမလဲ ကျွန်တော်တို့ကို တန်းပြီး နိုင်ငံခြားကိုပို့တာပဲ။ ကျွန်တော်တို့လည်း မလေးကိုလည်းရောက်ရော အဲဒီမှာဇာတ်လမ်းကစတွေ့တာ။ ဘာလဲဆိုတော့ Agencyနဲ့ စပြီးအလုပ်အပ်တုန်းကပြောတဲ့ စက်ရုံမဟုတ်တော့ဘူး။ Angency ရဲ့စေတနာပါ။ သူတို့ပို့လိုက်တဲ့စက်ရုံက အရမ်းကိုကောင်းတာဗျာ ပြောမနေနဲ့။ လစာကိုအိမ်ကိုပို့ဖို့နေနေသာသာ ကိုယ်စားဖို့တောင်အနိုင်နိုင်။ ပြောရအုံးမယ် ကျွန်တော်တို့အထဲမှာ သူတို့နဲ့ဆွေမျိုးနီးစပ်တော်တဲ့လူလည်းပါတယ်နော်။ ဒီလိုနဲ့ ၂ နှစ်နေခဲ့ရတာ။ ဒုက္ခတွေကိုတော့မပြောတော့ပါဘူး ရှည်နေမှာစိုးလို့။ ကျွန်တော် ၂၀၀၈ ၃ လပိုင်းမှာ မြန်မာပြည်ကို ပြန်ရောက်ခဲ့တယ်။
အဲဒီလိုတော့ ကျွန်တော်လည်းတစ်ခါခံရတာကိုအားမရသေးဘူး။ မလေးမှာမကောင်းရင် တခြားနိုင်ငံမှာကောင်းမယ်ထင်ပြီး စင်္ကာပူကို ဆက်ပြီး run တာပေါ့။ Singapore ကိုသွားဖို့ကို သေချာစုံစမ်းတော့ ၀န်ဆောင်ခက အရမ်းကိုပေးရမှာဗျာ။ ဘွဲ့ရတာတောင်လစာ နည်းနေတယ်။ အဲဒါနဲ့ ကျွန်တော်လည်းဘယ်ပြောကောင်းမလဲ ကျွန်တော့အမျိုးသမီးကလည်း နိုင်ငံခြားသွားချင်တာနဲ့ မလေးကိုထပ်ပြီးသွားဖို့ကို လုပ်လိုက်တယ်ဗျာ။ ကိုယ်ကလည်းထင်တာက အရင်ဟာနဲ့တော့မတူဘူးထင်တာပေါ့နော်။ သူကအစကတော့အပြောကောင်းတယ်ဗျာ။ နောက်ပိုင်းကြမှ အစွယ်ကိုမြင်ရတာ။ သူတို့ကလည်းအရင် Agency လိုဘဲကြာတာ။ ကျွန်တော်လည်းမစောင့်နိုင်တာနဲ့ မသွားတော့ဘူးဆိုပြီးပြောတာပေါ့။ အဓိကတော့ ပိုက်ဆံပြန်တောင်းတာပေါ့။ စဉ်းစားကြည့်ကြပါ ဒီကိစ္စက ကလေးကစားနေတာမဟုတ်ဘူးလေ။ အဲဒါနဲ့ ကျွန်တော်လည်းပိုက်ဆံကို မရရအောင်တောင်းတာပေါ့။ ဘယ်ပြောကောင်းမလဲ သူကလည်း ပြောတာများလို့လားမသိဘူး ကျွန်တော့ကိုပေးတာပေါ့။ ပိုက်ဆံတော့ထင်မသွားနဲ့နော် အခန်းပိတ်ပြီး သူ့လူ ယောက်နဲ့ လွှတ်ပေးတာ။ ဘယ်ပြောကောင်းမလဲ ကိုယ်ခံပညာလေးဘာလေးသင်ထားလို့တော်သေးတယ်ဗျာ။ နောက်မို့ဆိုရင် သေပြီနော်။
အခုမြန်မာနိုင်ငံမှာ လူကုန်ကူးမှုတိုက်ဖျက်ရေးလုပ်နေတယ်လေ။ ကျွန်တော်ပြောချင်တာက လူကုန်ကူးမှုမှာပါတဲ့ Law က လူတစ်ယောက်ကို လူတစ်ယောက်က မိုင်ထက်ကျော်ပြီး သဘောမတူဘဲ ခေါ်ဆောင်သွားရင် လူကုန်ကူးမှုတဲ့။ အခု မြန်မာနိုင်ငံမှာရှိနေတဲ့ နိုင်ငံခြားကိုသွားဖို့Serviceပေးနေသော Agency တွေက လူတစ်ယောက်ကို ဒီအချိန်အတွင်းသေချာအောင်လုပ်ဆောင်ပေးပါမယ်လို့ပြောပြီး မလုပ်ပေးတာတွေကြတော့ ဘယ်လိုလုပ်ကြမလဲမသိဘူးခင်ဗျာ။ ဒီနေရာကိုပြောပြီး ဟိုနေရာကိုပို့ပေးတာတွေလည်းရှိတယ်နော်။ မိုင်တောင်မကဘူးနော် တခြားနိုင်ငံကိုပို့နေတာ။ ဒီကိစ္စကို လူကုန်ကူးမှုတိုက်ပျက်ရေးမှာ အားကြိုးမာန်တက်လုပ်ဆောင်နေသောလူတွေလည်း ဒီ Agency တွေရဲ့လုပ်ဆောင်နေတာတွေကို ဘယ်အပိုင်းကနေ ကျွန်တော်တို့လိုခံစားရတဲ့လူမျိုးတွေနောက်ပိုင်းမရှိအောင်ဘယ်လို လုပ်ဆောင်ပေးနိုင်မလဲဆိုတာမသိဘူးနော်။ အကြောင်းအရာက ခံစားဖူးတဲ့လူမှသိတာနော်။
ကျွန်တော်အခု မြန်မာနိုင်ငံမှာ အရမ်းကိုရေပန်းစားနေတဲ့ Mobile ဆိုတဲ့  ပညာကြီးကို သင်နေတယ်နော်။ မြန်မာနိုင်ငံမှာရှိတဲ့ ဖုန်းသင်တန်းတွေရဲ့ကောင်းတာတွေ၊ Technologies တွေကို သင်တန်းကြီးပြီးမှ ပြောပြအုံးမယ်နော်။
နိုင်ငံတော်သမ္မတကြီးနှင့် ဒီကိစ္စနဲ့ဆိုင်သော အကြီးအကဲတွေသာ ဒီလိုအကြောင်းအရာလေးတွေကိုသာ ဖတ်ရရင်အရမ်းကိုကောင်းမယ်ဗျာ။ အခုအချိန်ကိုပြောတာပါ။

0 ကွန်မန့်ရေးရန်:

Post a Comment