Monday, June 30, 2014

ကျောင်းသူ တစ်ဦးကို ရေသန့် ဘူးထဲ လိင် စိတ်ကြွဆေး ခပ်၍ အဓမ္မ ပြုကျင့်သူကို အမှုဖွင့်.............


Bookmark and Share [ ]


ကန့်ဘလူ ၊ ၂၉-၆-၂၀၁၄

ရွှေဘိုခရိုင် ကန့်ဘလူမြို့ ၌ ဧပြီ ၁၄ ရက်တွင် ဒသမတန်း ကျောင်းသူ တစ်ဦးကို ရေသန့်ဘူး ထဲ၌ လိင်စိတ်
ကြွဆေး ခပ်တိုက်၍ သားမယား အဖြစ် ပြုကျင့်ခဲ့မှု ဖြစ်ပွား ခဲ့ကြောင်း သိရသည်။

ဝက်လက်မြို့နယ် ဟန်လင်းမြို့ ဟောင်းတွင် နေထိုင်သည့် တေဇာဝင်း (ခ) မွတ်တား သည် ကန့်ဘလူမြို့
မြန်မာ - အာရဗီ သိပ္ပံကျောင်း၌ ကျောင်းတက်ရန် ဇနီးဖြစ်သူ၏ အဒေါ် နေအိမ်၌ သွားရောက် နေထိုင် ခဲ့
သည်။

ထိုသို့ တည်းခို နေထိုင်စဉ် ဧပြီ ၁၄ ရက် ည ၁၂ နာရီက အဆိုပါ နေအိမ် အပေါ်ထပ်တွင် စာကျက် နေသည့်
အသက် ၁၅ နှစ်အရွယ် ၁ဝ တန်း ကျောင်းသူ မ-----၏ ရေသန့်ဘူးကို ရေဖြည့် ပေးမည်ဟု တေဇာဝင်း (ခ)
မွတ်တား က ယူဆောင် သွားခဲ့ပြီး အဆိုပါ ရေသန့်ဘူး အတွင်းမှ ရေများ ကို မ----- က သောက်သုံး မိ ခဲ့ရာ ကိုယ်ခန္ဓာ ခြေလက်များ လှုပ်ရှား မရ ချိန်၌ တေဇာဝင်း (ခ) မွတ်တားက အလို မတူဘဲ အဓမ္မ ပြု ကျင့်မှု ဖြစ်
ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ဇွန် ၂ဝ ရက်က အမည်မသိသူ တစ်ဦးသည် မ---၏ မိဘများထံ ရောက်လာ
ပြီး စာတစ်စောင်နှင့် ဒီဗွီဒီတစ်ချပ်ကို တေဇာဝင်း (ခ) မွတ်တားက ပေးခိုင်း၍ လာရောက် ပေးကြောင်း ပြော
၍ ပေးသွား ခဲ့သည်။

အဆိုပါ စာကို မ---၏ မိဘများက ဖွင့်ဖောက် ကြည့်ရာ တေဇာဝင်း (ခ) မွတ်တား က မ----ဆို သူနှင့် သား
မယား အဖြစ် နေထိုင်ပြီး ဖြစ်ကြောင်း၊ အပျိုစင် ဘဝကို ဖျက်ဆီးပြီး ဖြစ်ကြောင်း၊ မ-----နှင့် သားမယား အ
ဖြစ် နေထိုင်သည်ကို ဗီဒီယို ရိုက်ကူး ထားကြောင်း ထိုအခွေကို ပို့လိုက်ကြောင်း မ----နှင့် ၄င်းကို မပေးစား
ပါဘဲ တိုင်ကြားပါက အင်တာနက် ပေါ်တင်ပြီး တစ်ကမ္ဘာလုံး သိ၍ အရှက်ရ စေမည် ဖြစ်ကြောင်း၊ အဆိုပါ
စာတွင် ခြိမ်းခြောက် ဖော်ပြထား သည်ကို မ-----၏ မိဘများက ဖတ်ရှုသိရှိ ခဲ့ရသည်။ ထို့ကြောင့် မ------မိ
ဘများက ကန့်ဘလူမြို့မ ရဲစခန်းသို့ အမှုဖွင့် အရေးယူ ပေးရန် တိုင်တန်း ခဲ့သည်။

အဆိုပါ တိုင်တန်းချက် နှင့် ပတ်သက် ၍ ကန့်ဘလူမြို့မ ရဲစခန်းက ဇွန်၂၇ ရက် ည ၈ နာရီခွဲက တေဇာဝင်း
(ခ) မွတ်တား ကို ပြစ်မှုကြီး ဖြစ်စဉ် အမှတ်၈/၂ဝ၁၄ (ပ)၁၇၇/၂ဝ၁၄ ပြစ်မှုပုဒ်မ ၃၇၆ အရ အမှုဖွင့် ဆောင်
ရွက်လျက် ရှိကြောင်း သိရှိရသည်။

Yadanarpondaily

Read more: ဆိုင်မွန်စာကြည့်ဆိုဒ်: ကျောင်းသူ တစ်ဦးကို ရေသန့် ဘူးထဲ လိင် စိတ်ကြွဆေး ခပ်၍ အဓမ္မ ပြုကျင့်သူကို အမှုဖွင့် http://www.simon-vlog.com/2014/06/blog-post_6481.html#ixzz3640gQJPl
Under Creative Commons License: Attribution
Follow us: @SimonRau on Twitter | OnlineReading on Facebook

0 ကွန်မန့်ရေးရန်:

Post a Comment