Thursday, October 4, 2012

ကုမ္ပဏီ သုံးခုနှင့် လူပုဂ္ဂိုလ်များကို အမည်ပျက်စာရင်းသွင်း


Photo

သွင်းကုန်လိုင်စင် ခွင့်ပြုထားခြင်း မရှိသော ကားနှင့် ကားပစ္စည်း အစိတ်အပိုင်းများ တင်သွင်းခြင်းနှင့် အရောင်းအဝယ် ကတိစာချုပ် ဖောက်ဖျက်ခြင်းတို့ကြောင့် ကုမ္ပဏီ သုံးခုနှင့် လူပုဂ္ဂိုလ်များကို အမည်ပျက်စာရင်းသွင်း


သွင်းကုန်လိုင်စင် ခွင့်ပြုထားခြင်း မရှိသော ကားနှင့် ကားပစ္စည်း အစိတ်အပိုင်းများ တင်သွင်းခြင်းနှင့် အရောင်းအဝယ် ကတိစာချုပ် ဖောက်ဖျက်ခြင်းတို့ကြောင့် ကုမ္ပဏီ သုံးခုနှင့် အဆိုပါ ကုမ္ပဏီများမှ သက်ဆိုင်ရာ လူပုဂ္ဂိုလ်များကို အမည်ပျက်စာရင်း ရေးသွင်းကြောင်း အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာနမှ သိရှိရသည်။

ရန်ကုန်တိုင်း ဒေသကြီး၊ အလုံမြို့နယ်၊ အေးရှားဝေါလ် ဆိပ်ကမ်းနှင့် မြန်မာ့စက်မှုဆိပ်ကမ်းသို့ ရောက်ရှိလာသည့် Nay & Aung Trading Co.,Ltd နှင့် Universal Dexterity Group Co.,Ltd တို့မှ တင်သွင်းလာသော ကုန်သေတ္တာများအား ဖွင့်ဖောက်စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ သွင်းကုန်လိုင်စင် ခွင့်ပြုထားခြင်း မရှိသော ကားနှင့်ကားပစ္စည်း အစိတ်အပိုင်းများ တင်သွင်းလာသည်ကို စစ်ဆေးတွေ့ရှိရကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ ပေးပို့ချက်အရ ယင်းကုမ္ပဏီနှစ်ခုအား ကုမ္ပဏီမှတ်ပုံတင်စာရင်းမှ ပယ်ဖျက်ပြီး လူပုဂ္ဂိုလ်များအား အမည်ပျက်စာရင်း (Black List) တွင် ထည့်သွင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သွင်းကုန်လိုင်စင် ခွင့်ပြုထားခြင်း မရှိသော ကားနှင့် ကားပစ္စည်း အစိတ်အပိုင်းများ တင်သွင်းလာသည်ကို စစ်ဆေးတွေ့ရှိရခြင်းကြောင့် အဆိုပါ ကုမ္ပဏီနှစ်ခုမှ ဒါရိုက်တာအဖွဲ့ဝင် ၁၀ ဦးအား အမည်ပျက်စာရင်း သွင်းခဲ့ကြောင်း သိရှိရသည်။ အရောင်းအဝယ်ကတိစာချုပ် ဖောက်ဖျက်မှုကြောင့် အမည်ပျက်စာရင်း သွင်းခံရသည့် အခြားကုမ္ပဏီတစ်ခုမှာ Thein Mining Co.,Ltd ဖြစ်ပြီး ယင်းကဲ့သို့ အမည်ပျက်စာရင်း သွင်းရခြင်းမှာ အဆိုပါကုမ္ပဏီမှ မန်နေးဂျင်းဒါရိုက်တာသည် တရုတ်နိုင်ငံ၊ လီချန်းကုမ္ပဏီနှင့် ကတိပြုစာချုပ် (Sale Contract) ချုပ်ဆိုခဲ့သည့် ခနောက်စိမ်းသတ္တုရိုင်း တန် (၅၀၀) အရောင်းအဝယ် ပြုလုပ်သည့် ကိစ္စတွင် ကတိစာချုပ် ဖောက်ဖျက်ခဲ့ကြောင်း  ပြည်ထဲရေးဝန်ကြီးဌာနက စိစစ်တွေ့ရှိ ပေးပို့ခဲ့သဖြင့် အဆိုပါ ကုမ္ပဏီအား   ဖျက်သိမ်းပြီး ကုမ္ပဏီနှင့် လူပုဂ္ဂိုလ်အား အမည်ပျက် စာရင်းတွင် ထည့်သွင်း သတ်မှတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။    


http://www.yatanarpon.com.mm/news/news-68970     Ref; Eleven Media Group

0 ကွန်မန့်ရေးရန်:

Post a Comment