Tuesday, May 22, 2012

စင်္ကာပူမှာ မြန်မာမိန်းကလေးအလောင်းတွေ့




မနေ့က မနက်ပိုင်းမှာ အသက် ၂၄ နှစ်အရွယ် မြန်မာ အိမ်ဖော်မလေး တယောက် စင်္ကာပူမှာ တိုက်ပေါ်က ပြုတ်ကျ သေဆုံးသွားပြန်ပါတယ်။

သူ့ရဲ့ ဒဏ်ရာတွေ ဗလပွနဲ့ ရုပ်အလောင်းကို စင်္ကာပူနိုင်ငံ Blk 421 Canberra Road က အထပ်မြင့် အဆောက်အအုံ တခုရဲ့ ခြေရင်းမှာ တွေ့လိုက်ရတာပါ တဲ့။

အလုပ်သမားတယောက်အဆိုအရ အဲဒီမိန်းကလေးက Sembawang က ၁၃ ထပ် က မီးဖိုချောင် တံခါးကနေ ထွက်ပြေးဖို့ ကြိုးစားရင်း အခုလို ပြုတ်ကျသေဆုံးတယ်လို့ သတင်း ထွက်နေပေမယ့် သေဆုံးရပုံ ဖြစ်ရပ်မှန်ကို အတည်မပြုနိုင်သေးပါဘူး တဲ့။ 
http://sg.news.yahoo.com မှာ ဒီသတင်း ဖော်ပြထားပါတယ်။

စင်္ကာပူရဲ ကတော့ စုံစမ်းမှု လုပ်နေတယ်လို့ ဆိုပါတယ်။ မကြာသေးမီကလည်း မြန်မာမိန်းကလေးတချို့ စင်္ကာပူမှာ တိုက်ပေါ်က ကျပြီး  သေဆုံးမှု ၂ ကြိမ် ဖြစ်ခဲ့ပါတယ်။

0 ကွန်မန့်ရေးရန်:

Post a Comment