Friday, November 30, 2012

လက်ပန်တောင်းတောင်သပိတ်စခန်းကို မီးလောင်ဗုံးဖြင့် ပစ်ခတ်ဖြိုခွင်း



လက်ပန်တောင်းတောင် ကြေးနီ စီမံကိန်းရပ်ဆိုင်းရန် တောင်းဆိုနေသည့် သပိတ်စခန်းကို နိုဝင်ဘာလ ၂၉ရက်နေ့ နံနက် ၃း၀၀ အချိန်တွင် အာဏာပိုင်များမှ မီးလောင်ဗုံးဖြင့် ဝင်ရောက် ပစ်ခတ်ဖြိုခွင်းခဲ့ပါသည်။ မီးလောင်ဗုံးဖြင့် ပစ်ခတ်ခဲ့သောကြောင့် သပိတ်စခန်းအတွင်းရှိ သံဃာတော်များနှင့်ပြည်သူများ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရပါသည်။ အဆိုပါ သပိတ်စခန်းသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပုလဲမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဆန်းလှိုင် ရောက်ရှိနေပြီး အာဏာပိုင်များနှင့် စေ့စပ်ညှိနှိုင်းနေကြောင်း သိရှိရပါသည်။
 
ဓါတု လက်နက်စွဲခြင်းမရှိဟု သမ္မတရုံး ငြင်းဆို

မုံရွာလက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း ကန့်ကွက် ဆန္ဒပြနေသည့် သပိတ်စခန်းများကို ဖြိုခွင်း ရာတွင် ဓါတုလက်နက်များ သုံးစွဲခြင်း မရှိဟု သမ္မတရုံး ညွန်ကြားရေးမှူး ဦးဇော်ဌေးက ပြောကြားသည်။

အင်တာနက် လူမှုရေး စာမျက်နှာများတွင် ပျံနှံ့နေသည့် ဓါတု လက်နက် သုံးစွဲသည် ဆိုသည့်သတင်းမှာ မမှန်ကန်ကြောင်း ပထမ မီးသတ်ပိုက်၊ မျက်ရည်ဗုံး၊ မီးခိုးဗုံး(Smoke )တွေ သုံးစွဲ ဆိုသည
်ကိုမူ သိထားပြီး ရဲတပ်ဖွဲ့သုံးသည့် လက်နက်နှင့် စစ်ဘက်သုံးသည့် လက်နက် မတူညီသည့်ကြောင်း ၄င်းက ဆက်လက် ရှင်းပြသည်။

နိင်ငံတကာ၏ တုံ့ပြန် ပြောဆိုမှုများကို စောင့်ကြည့်နေသည်ဟု ၄င်းကဆိုသည်။
တဆင့်-The Voice Weekly
မုံရွာဆေးရုံတွင် ဆေးကုသခံနေသူ သံဃာတော်များနှင့် ဒေသခံများ
 
အခုနောက်ဆုံးကြားရတာကတော့ သံဃာတော် ၆ ပါး ပျံတော်မူသွားပြီလို့ ကြားရပါတယ်။ လမ်းတွေကပိတ်ထားတဲ့အ တွက် အပြင်ထွက်ပြီး အတည်ပြုချက်ရဖို့ ခက်နေပါတယ်”

ဆက်လက်ရရှိတဲ့သတင်းတွေကို ထပ်မံတင်ပြသွားပါမည်
 
စာပေဝေမျှသူ ( မော်နီကာ)

0 ကွန်မန့်ရေးရန်:

Post a Comment