ရန်ကုန်မြို့သည် မြန်မာနိုင်ငံ၏ စီးပွားရေး မြို့တော် ဖြစ်သည်။ ရှေးယခင် မွန်ဘုရင်များအောက်မြန်မာနိုင်ငံတွင် ကြီးစိုးစဉ်က ဒဂုံ ဟူသောအမည်ဖြင့် ထင်ရှားခဲ့ပြီး ခရစ်နှစ် ၁၇၅၅ တွင် တတိယ မြန်မာနိုင်ငံတည် ဘုရင် အလောင်းဘုရား (၁၇၅၅-၁၇၆၀ AD) ဒဂုံ ကို ရန်အပေါင်း ကုန်စင်သောကြောင့် ရန်ကုန်ဟု အမည်တွင်စေခဲ့သည်။ ကမ္ဘာအံ့ဖွယ် ကြီးများတဲမှ တစ်ခုဖြစ်သည့် ရွှေတိဂုံစေတီတော်တည်ရှိရာမြို့လည်းဖြစ်သည်။
ရန်ကုန်၏ မူလအမည်မှာ ဒဂုံ ဖြစ်သည်။ ရန်တွေကုန်စင်သော အဓိပ္ပါယ်နှင့် အလောင်းမင်းတရားကြီးက ရန်ကုန်-ဟု အမည်ပြောင်းလိုက်သည်။ မူလအမည်က ဒဂုံ-က မွန် ဝေါဟာရ ဒဂုင်၊ လွုင်-တို့က ဆင်းသက်ပြီး ဒဂုံ-ဖြစ်လာသည်။ ထိုနာမည်သည် ရွှေတိဂုံစေတီတော်ကြီးကို ပေးသော ဘွဲ့မည်ဖြစ်သည်။ မွန်ဘုရင်မကြီး ရှင်စောပုက ရွှေတိဂုံစေတီတော်မြတ်ကြီး၏ ဉာဏ်တော်ကိုမြှင့်ပြီး တည်ဆောက်ပြီးသောအခါ ကျပ်ဒဂုင် (ကျိုက်ဒဂုံ-ဒဂုံဘုရား)ဟု ဘွဲ့မည်ပေးလိုက်သည်။ တချို့ ပညာရှင်များက တောင်သုံးလုံးမြို့-လို့ အဓိပ္ပါယ်ရသော တိကုမ္ဘနဂရ-ဆိုသည့် ပါဠိဝေါဟာရ-က ဆင်းသက်ကြောင်း၊ တိကုမ္ဘ-က တိကုမ်၊ တကုမ်၊ ဒဂုံ-လို့ ပြောင်းလဲလာကြောင်း ဆိုကြပါသည်။ မွန်ဝေါဟာရကလည်း ကုန်းမြင့်ပေါ်ကစေတီဟု အဓိပ္ပါယ်ရပါသည်။
တည်နေရာ
ရန်ကုန်မြို့သည် ရန်ကုန်မြစ် နှင့် ပဲခူးမြစ်တို့ ပေါင်းစုံရာ နေရာတွင်ရှိသည်။ပါဝင်သောမြို့နယ်များ
- ကမာရွတ်မြို့နယ်
- ကော့မှူးမြို့
- ကျောက်တံတားမြို့နယ်
- ကြည့်မြင်တိုင်းမြို့နယ်
- ကွမ်းခြံကုန်းမြို့နယ်
- စမ်းချောင်းမြို့နယ်
- ဆိပ်ကြီးခနောင်တိုမြို့နယ်
- တာမွေမြို့နယ်
- တောင်ဥက္ကလာပမြို့နယ်
- ဒဂုံမြို့နယ်
- ဒဂုံမြို့သစ်
- ဒလမြို့နယ်
- ဒေါပုံမြို့နယ်
- ပုဇွန်တောင်မြို့နယ်
- ပန်းဘဲတန်းမြို့နယ်
- ဗိုလ်တထောင်မြို့နယ်
- ဗဟန်းမြို့နယ်
- မရမ်းကုန်းမြို့နယ်
- မင်္ဂလာတောင်ညွန့်မြို့နယ်
- မင်္ဂလာဒုံမြို့နယ်
- မှော်ဘီမြို့နယ်
- မြောက်ဥက္ကလာပမြို့နယ်
- ရန်ကင်းမြို့နယ်
- ရွှေပြည်သာမြို့နယ်
- လှော်ကားမြို့နယ်
- လှိုင်မြို့နယ်
- လသာမြို့နယ်
- လမ်းမတော်မြို့နယ်
- သင်္ဃန်းကျွန်းမြို့နယ်
- သာကေတမြို့နယ်
- သန်လျင်မြို့နယ်
- အလုံမြို့နယ်
- အင်းစိန်မြို့နယ်
စာပို့သင်္ကေတများ
| မြို့ | စာတိုက် | စာပို့သင်္ကေတ |
| ကမာရွတ် | ကမာရွတ် | 11041 |
| ကျောက်တံတား | ကျောက်တံတား | 11182 |
| ကျောက်တန်း | ကျောက်တန်း | 11301 |
| ကြည့်မြင်တိုင် | ကြည့်မြင်တိုင် | 11101 |
| စမ်းချောင်း | စမ်းချောင်း | 11111 |
| တောင်ဥက္ကလာပ | တောင်ဥက္ကလာပ | 11091 |
| ဒဂုံ | ဒဂုံ | 11191 |
| ဒဂုံမြို့သစ် (မြောက်ပိုင်း) | ဒဂုံမြို့သစ် (မြောက်ပိုင်း) | 11421 |
| ဒဂုံမြို့သစ် (တောင်ပိုင်း) | ဒဂုံမြို့သစ် (တောင်ပိုင်း) | 11431 |
| ဒေါပုံ | ဒေါပုံ | 11241 |
| ပုဇွန်တောင် | ပုဇွန်တောင် | 11171 |
| ပန်းဘဲတန်း | ပန်းဘဲတန်း | 11041 |
| ပြည်သာယာ | ရန်ကင်း | 11082 |
| ဗဟန်း | ဗဟန်း | 11201 |
| ဗိုလ်ချုပ်အောင်ဆန်းဈေး | ပန်းဘဲတန်း | 11143 |
| ဗိုလ်တထောင် | ဗိုလ်တထောင် | 11162 |
| ဗိုလ်တထောင် | ဗိုလ်တထောင် | 11161 |
| ဘုရင့်နောင်ဈေး (သမိုင်း) | မရမ်းကုန်း | 11062 |
| လှိုင် | လှိုင် | 11051 |
| လှိုင်သာယာ | လှိုင်သာယာ | 11401 |
| အလုံ | အလုံ | 11121 |
| အောင်ဆန်း | အင်းစိန် | 11012 |
| အင်းစိန် | အင်းစိန် | 11011 |
| ကမ္ဘာအေး | မရမ်းကုန်း | 11061 |
| လမ်းမတော် | လမ်းမတော် | 11131 |
| မင်္ဂလာတောင်ညွန့် | မင်္ဂလာတောင်ညွန့် | 11221 |
| မင်္ဂလာဒုံ | မင်္ဂလာဒုံ | 11021 |
| မြောက်ဥက္ကလာပ | မြောက်ဥက္ကလာပ | 11031 |
| ရွှေပြည်သာ | ရွှေပြည်သာ | 11411 |
| ရွှေပေါက္ကံ | မြောက်ဥက္ကလာပ | 11032 |
| တာမွေ | တာမွေ | 11211 |
| ရန်ကုန် | ရန်ကုန် | 11181 |
| ရန်ကုန် ဘူတာကြီး | မင်္ဂလာတောင်ညွန့် | 11222 |
| ရန်ကင်း | ရန်ကင်း | 11081 |
| သံလျင် | သံလျင် | 11291 |
| သမိုင်းကောလိပ် (ရန်ကုန်တက္ကသိုလ် -လှိုင်နယ်မြေ) | လှိုင် | 11052 |
| သာကေတ | သာကေတ | 11231 |
| သိမ်ကြီးဈေး | ပန်းဘဲတန်း | 11142 |
| သင်္ဃန်းကျွန်း | သင်္ဃန်းကျွန်း | 11071 |
| သုဝဏ္ဏ | သင်္ကန်းကျွန်း | 11072 |
ဆိပ်ခံတံတားများ
- ဗိုလ်အောင်ကျော် ဆိပ်ခံတံတား အမှတ် ၁ မှ ၃ အထိ
- ဆူးလေဆိပ်ခံတံတား အမှတ် ၁ မှ အမှတ် ၇ အထိ
- နန်းသီတာ ဆိပ်ခံတံတား










0 ကွန်မန့်ရေးရန်:
Post a Comment