Friday, November 30, 2012

နာရေးကူညီမှုအသင်း(ရန်ကုန်)က လက်ပန်းတောင်းတောင်မှ ဒဏ်ရာရရှိသူများကို ဆေးဝါးအကူအညီပေးမည်


7 Day News Journal, 29 November 2012  —  ရန်ကုန်၊ နိုဝင်ဘာ-၂၉
နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ယနေ့ညနေပိုင်းတွင် လက်ပန်းတောင်းတောင်သို့ သွားရောက်၍ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို အများပြည်သူနှင့်ပူးပေါင်းဆောင်ရွက်ကြမည်ဖြစ်ကြောင်း အသင်းဥက္ကဋ္ဌ ဦးကျော်သူက 7day News သို့ ပြောသည်။
“လောလောဆယ်တော့ ကျွန်တော့်တို့ဆိက အသင်းသား ၄၊ ၅ ယောက် အခု လက်ပန်းတောင်းတောင်သွားဖို့ ပြင်နေပြီ။ အဓိကက ဆေးဝါးအကူအညီ ပေးဖို့ပါ။ ဟိုကိုရောက်တော့မှ ကုသပေးနေတဲ့ ဆရာဝန်တွေရဲ့ အကြံပြုချက်အရ လိုအပ်တဲ့ဆေးဝါးပစ္စည်းတွေ ထောက်ပံ့ပေးနိုင်ဖို့ ဒီကနေ ငွေလွှဲပေးမှာပါ။ ထိခိုက်မှုအတိုင်းအတာကို စုံစမ်းဖို့ ရှေ့ပြေးအဖွဲ့လေးလွှတ်တာပါ။ သူတို့စုံစမ်းရတဲ့အချက်တွေအပေါ် မူတည်ပြီး တတ်နိုင်တဲ့ ဆေးဝါးအကူအညီတောက်လျှောက်ပေးသွားမှာပါ” ဟု နာရေးကူညီမှုအသင်းဥက္ကဋ္ဌ
ဦးကျော်သူက ပြောသည်။
လက်ပန်းတောင်းတောင် သပိတ်စခန်းများမှဒဏ်ရာရရှိသူများအား နာရေးကူညီမှု အသင်း(ရန်ကုန်)မှ အဖွဲ့သားများ က လိုအပ်သည့်အကူအညီများပေးရန် ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့မှ ထွက်ခွာမည်ဖြစ်ကြောင်းသိရသည်။
You might also like:

0 ကွန်မန့်ရေးရန်:

Post a Comment