Tuesday, February 4, 2014

ဝန်ကြီးဦးအုန်းမြင့်ကို အရေးယူဖို့ ပြည်မြို့မှာ တကိုယ်တော်ဆန္ဒပြ ......................

Tuesday, February 4, 2014

  


ပြည်သူတချို့နှင့်တွေ့ဆုံစဉ် အလွန်တရာ ရိုင်းရိုင်းစိုင်းစိုင်း ပြောဆို မှတ်ချက်ချသော
အစိုးရဝန်ကြီး ဦးအုန်းမြင့်ကို အရေးယူပေးရန် ပြည်မြို့မှ ရှေ့နေတဦးက  ယနေ့နံနက်ပိုင်းတွင် တကိုယ်တော် လမ်းလျှောက် ဆန္ဒပြ ပြောဆိုလိုက်သည်။  

 -
 

“ပြည်သူကို စော်ကားတာ လွှတ်တော်ကို စော်ကားတာပဲ။ အခုချိန် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူရမယ့်အချိန် ကိုယ့်နိုင်ငံက ဝန်ကြီးကိုယ်တိုင်က ဒီလိုစော်ကားတာမျိုး လုံးဝလက်မခံပါဘူး။ အရေးမယူမချင်း ကျနော် သပိတ်မှောက်နေမှာပါ” ဟု
ဆန္ဒပြသူ  ရှေ့နေ ဦးမြင့်အေးက ဧရာဝတီသို့ပြောသည်။
 -
ဆန့်ကျင်သူကို ဖမ်းမည်ဟူသော ဝန်ကြီးနှင့် ဖမ်းဆီးမှု လက်တွေ့ လုပ်ကိုင်နေသော အစိုးရကိုလည်း သူက ပြင်းပြင်းထန်ထန် ဝေဖန် ပြောဆိုလိုက်သည်။


“ အခုလက်ရှိ အစိုးရက ဒီအတိုင်းပဲ ကျင့်သုံးနေတာလေ။ ဖမ်းချင်တဲ့အချိန်ဖမ်းတယ် လွှတ်ချင်တဲ့အချိန်လွှတ်တယ်။ ဦးအုန်းမြင့်က လျှောက်ပြောနေတာလို့ မထင်ဘူး။ တကယ်ဖြစ်နေတာကို ပြောနေတာ” 
 -
 -


 
ဝန်ကြီးအဆင့် တာဝန်ထမ်းဆောင်နေသူ၏ စော်ကားချက်မှာ ပထမဆုံးအကြိမ်မဟုတ်ဟု သူက ရှင်းပြသည်။

“လယ်/ဆည် ဝန်ကြီး ဦးမြင့်လှိုင်လည်း တနှပ်လျှော့စားဖို့ပြောတယ်။ အခုလည်း မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန ဝန်ကြီးက (၇၅) နှုန်းသော တောင်သူလယ်သမားတွေကို စော်ကားတယ်။ သူတို့ပြောချင်တယ်ဆို ရန်ကုန်လိုနေရာမျိုးတွေ နေပြည်တော်လို နေရာမျိုးတွေမှာပြောပါလား အခုတော့ ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးက ကျေးလက်နေပြည်သူကို စော်ကားတယ်” 
 -


 
-
 -
ပြည်မြို့ လူစည်ကားရာနေရာများတွင်  တကိုယ်တော် လမ်းလျှောက်သပိတ်မှောက်မှုအတွက် တရားဝင်စာတင်ပြီး ပြုလုပ်ခြင်း မဟုတ်ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။


 ရဲဝန်းထမ်းများက တားမြစ်ခဲ့သော်လည်း သူက ဆက်လက် ဆန္ဒပြခဲ့ကြောင်း၊ ဆန္ဒပြသူကို ဥပဒေအရ အရေးယူဆောင်ရွက်သွားမှာဖြစ်ကြောင်း
ပြည်မြို့ အမှတ်(၁)ရဲစခန်းမှ စခန်းမှူး ဦးမျိုးဝင်းက ပြောကြားခဲ့သည်။ 
 -

 ကောင်းမြတ်မင်း


  • ဖြည့်စွက်ချက် -
ဝန်ကြီး  နုတ်ထွက်ပေးဖို့ လှုံ့ဆော်တဲ့ အွန်လိုင်းစာမျက်နှာတခုကိုလည်း တွေ့နေရပါပြီ။ လိပ်စာက https://www.facebook.com/ResignOhnMyint ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ သုံးလေးရက်က ဖွင့်ထားတဲ့ စာမျက်နှာ ဖြစ်နိုင်ပါတယ်။ တိုက်တိုက်ဆိုင်ဆိုင်ဆိုသလိုပါပဲ... ဒီဘလော့မှာလည်း ဝန်ကြီးဦးအုန်းမြင့် နုတ်ထွက်တော့မှာလား  ဆိုပြီး အခုလေးတင် ဖော်ပြထားပါတယ်။ လိပ်စာက http://blog.irrawaddy.org/2014/02/blog-post_7051.html ဖြစ်ပါတယ်။

နယ်တကာလှည့်ပြီး ပါးရိုက်မယ့် ပြည်ထောင်စု ဝန်ကြီး ဗိုလ်ချုပ်အုန်းမြင့် ရုပ်သံ ဆိုပြီး you tube မှာ ၁၅ မိနစ်စာ ရုပ်သံဖိုင်တခု တက်နေပါပြီ။ အင်တာနက် အဆင်ပြေသူများ ကြည့်ရှုနားဆင်လေ့လာနိုင်ပါတယ်။
လင့်က https://www.youtube.com/watch?v=SxH7M9H1oDw ဖြစ်ပါတယ်



0 ကွန်မန့်ရေးရန်:

Post a Comment