Tuesday, February 4, 2014

ရှမ်းအရှေ့ တာချီလိတ်တွင် စိတ်ကြွဆေးပြား သိန်း ၁ဝဝ ကျော်ဖိုး ဖမ်းမိ ........


Tuesday, February 4, 2014

ဂျွန်ချစ်ငြိမ်း

ဇန်နဝါရီ ၂၉ ရက်က ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းဖြတ် မှ တာချီလိတ်သို့ မောင်းနှင်လာသော ပါဂျဲရိုးကား တစ်စီးပေါ်တွင် ရှာဖွေစစ်ဆေးရာ စိတ်ကြွဆေးပြား ဆေးပြား ၄၁ဝဝ ခန့် တွေ့ရှိပြီး ခန့်မှန်း တန်ဖိုး ကျပ်ငွေ သိန်း ၁ဝ၂ သိန်းဖိုးခန့် ဖမ်းဆီးရမိကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံး မှတ်တမ်းများအရ သိရသည်။

ဖြစ်စဉ်မှာ ဇန်နဝါရီ ၂၉ ရက် ညနေ ၃ နာရီ ၄၅ မိနစ် မူးယစ်တပ်ဖွဲ့စု ၃၀ ၊တာချီလိတ်မှ တပ်ဖွဲ့ဝင်များသည် သက်သေများ နှင့်အတူ အချိန်ခန့်ကတာချီလိတ် မြို့နယ် ၊ မယ်ယန်း ပူးပေါင်းစစ်ဆေးရေး စခန်းတွင် ယာဉ်များကို ရပ်တန့် ရှာဖွေ စစ်ဆေးနေစဉ် မိုင်းဖြတ် မှ တာချီလိတ် သို့ ယာဉ်မောင်းဖြစ်သူ စိုင်းလောင်ခမ်း ၊ ယမ်ခမ်းရွာ မိုင်းဖြတ် မြို့နေသူ မောင်းနှင် လာသော ပါဂျဲရိုး အစိမ်းရောင်

မော်တော်ယာဉ် ကို ရပ်တန့် စစ်ဆေးရာ ယာဉ်မောင်း ထိုင်ခုံအောက်မှ အဖြူရောင် လက်ကိုင် အိတ်အတွင်း ရှမ်းစက္ကူဖြင့် ထုတ်ထား သည့် တစ်စည်းလျင် အပြာရောင် ပလတ်စတစ် ကပ်ခွာဖြင့်ထည့်လျက် နီညိုရောင် စိတ်ကြွဆေးပြား ၂ဝဝပြားစီပါ ၁ဝ ထုပ် စည်း ၂ စည်း ၊ အပြာရောင် ပလတ်စတစ် ကပ်ခွာအိတ် ဖြင့် ထည့်လျက် နီညိုရောင် စိတ်ကြွဆေးပြား ၁ဝဝပြား ပါ ၁ထုပ် ၊ စုစုပေါင်း ဆေးပြား ၄၁ဝဝ ပြား တွေ့ရှိ သိမ်းဆည်းရရှိခဲ့ကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူး ရုံး မှတ်တမ်းများ အရ သိရသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး ယာဉ်မောင်းဖြစ်သူ စိုင်းလောင်ခမ်း အသက် ၃၈ နှစ်ကို တာချီလိတ်မြို့ ၊မြို့မ ရဲစခန်း မှ မယ(ပ)၁၈/၂ဝ၁၄၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)အရ အမှုဖွင့် စစ်ဆေးလျက်ရှိသည်။

ယင်းအပြင် ပြီးခဲ့သည့် ဇန်နဝါရီ ၂ဝ ရက်ကလည် ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် အတွင်းရှိ နန်းနိမ့်ကျေးရွာ အနောက်ဘက်ရှိ လုံးဟူး တောင်တန်းပေါ်တွင် ဘိန်းချက်စခန်းများနှင့် နန်းနိမ့် ကျေးရွာမှ ဘောရန် ကျေးရွာဘက်သို့ လာသော ဆိုင်ကယ်များတွင် ဘိန်းစိမ်းများကို တရက်တည်း ဖမ်းဆီးရမိခဲ့ပြီး ကျပ်သိန်းလေးထောင် တန်ဖိုးရှိသည်ဟု ရှမ်းပြည်နယ် ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသေး သည်။

ရှမ်းပြည်နယ်အတွင်း မူးယစ်ဆေးဝါးများ ပပျောက်ရေးအတွက် စီမံချက်ချမှတ်၍ မြို့နယ်များအလိုက် ဘိန်းခင်းများ ဖျက်ဆီးလျက်ရှိသကဲ့ သို့ မူးယစ်ဆေးဝါးများ ထုတ်လုပ်သယ်ဆောင် ရောင်းဝယ်သူများကို နေ့စဉ်ဖမ်းဆီး ဖေါ်ထုတ်လျက် ရှိသည်ဟုလည်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံး က သတင်း ထုတ်ပြန်သည်။

0 ကွန်မန့်ရေးရန်:

Post a Comment