Tuesday, November 27, 2012

KNU ဥက္ကဋ္ဌ အနားယူမည်


ကရင်ပြည်နယ် ဖာပွန်ခရိုင်အတွင်း တွေ့ရသော KNU တပ်ဖွဲ့ဝင်တို့၏ စစ်ရေးပြ အခမ်းအနားတခု
 (ဓာတ်ပုံ – စောရန်နိုင် / ဧရာဝတီ)
KNU လက်ရှိ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောတာမလာဘောက အနာဂတ် ဦးဆောင်မှု ကဏ္ဍတွင် ပါဝင်တော့မည် မဟုတ်ကြောင်း ယနေ့ အစပြုသည့် KNU ညီလာခံတွင် ပြောကြားလိုက်သည်။
 
ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်ရှိ လေးဝါး တပ်စခန်းတွင် ကျင်းပသည့် ၁၅ ကြိမ်မြောက် KNU ညီလာခံ အဖွင့် မိန့်ခွန်းတွင် ထိုသို့ ထည့်သွင်း ပြောကြားလိုက်ခြင်း ဖြစ်သည် ဗိုလ်ချုပ်ကြီး စောတာမလာဘောက "ကျနော်ကတော့ အနားယူတော့မယ်။ ရွေးကောက်ပွဲမှာ လူမှန် နေရာမှန် ဖြစ်မယ့် ခေါင်းဆောင်တွေကို
ရွေးချယ်ကြဖို့ အရေးကြီးပါတယ်" ဟု ညီလာခံ ကိုယ်စားလှယ်များကို တိုက်တွန်း ပြောကြားခဲ့သည်။
 
၁၅ ကြိမ်မြောက် KNU ညီလာခံကို ရက်သတ္တ နှစ်ပတ်ကြာ ကျင်းပမည်ဖြစ်သည်။ အဖွဲ့ခေါင်းဆောင်သစ်များကို နောက်ဆုံးနေ့တွင် ရွေးချယ်ရန် ပြင်ဆင်ထားသည်။
ယနေ့ ပထမနေ့တွင် ဗဟိုကော်မတီက ပြီးခဲ့သည့် ၄ နှစ်တာ လုပ်ငန်း အစီရင်ခံစာ၊ နိုင်ငံရေး အစီရင်ခံစာတို့ကို တင်သွင်းခဲ့ကြောင်း တွေ့ရသည်။

၎င်းအစီရင်ခံစာများနှင့် ပတ်သက်ပြီး တက်ရောက်လာသည့် ညီလာခံ ကိုယ်စားလှယ်တို့က လိုအပ်သည့် ပြင်ဆင်မှုများ ပြုလုပ်ရန် ဆွေးနွေးသွားကြမည် ဖြစ်သည်။ KNU ဖွဲ့စည်းပုံ ဥပဒေအရ ညီလာခံ သက်တမ်းကို ၄ နှစ် တကြိမ် သတ်မှတ် ထားသည်။ KNU ဗဟိုကော်မတီဝင်များအဖြစ် မည်သူတို့ ရွေးချယ် ခံရဖွယ်ရှိသည်ကို ခန့်မှန်း ပြောဆိုနိုင်ကြသော်လည်း မည်သူက ဥက္ကဋ္ဌအဖြစ် ရွေးကောက်ခံ ရမည်ဆိုသည်ကို ခန့်မှန်းရ ခက်နေကြသည်။

-----------------------------------------------------------------------------
ဒီနေ့ ထူးခြားချက်က အဘိုး ကိုယ်တိုင် လာတယ်။ အဘိုးက လမ်းလျှောက်နိုင်တယ်၊ ထနိုင်တယ်၊ ကျန်းမာရေး ကောင်းတယ်။ အသက်ကတော့ ၉၃ နှစ် ရှိပြီ။ သူ ဆက်မလုပ်တော့ဘူး။ သူ နားမယ်။ KNU အနာဂတ်အတွက် သင့်တော်တဲ့ ခေါင်းဆောင်တွေကို ရွေးဖို့ တိုက်တွန်းသွားတယ်
 
 ဟု ပြည်တော်မြင့်က ညီလာခံကျင်းပသည့်နေရာမှ ယနေ့ ညနေပိုင်းတွင် ဖုန်းဆက် ပြောကြားခဲ့သည်။
အသက် ၉၀ ပြည့်မွေးနေ့ပွဲကျင်းပစဉ်က တွေ့ရသော KNU ဥက္ကဋ္ဌ (ဓာတ်ပုံ - ရိုးမ ၃ သတင်းဌာန)

သတင်းရင်းမြစ် - ဧရာဝတီ

0 ကွန်မန့်ရေးရန်:

Post a Comment