Tuesday, November 27, 2012

မိုဘိုင်းအင်တာနက်သုံးစွဲသူများကိုမူ Plan A(Unlimited Data Plan) ဖြင့် ကောက်ခံပေးသွားမည်ဖြစ်ကြောင်း


Plan A သည် Unlimited Data Plan ဖြစ်ပြီး၊ Data 100 Kbyte အသုံးပြု တိုင်း(၂)ကျပ် ကောက်ခံပါမည်။ ကြိုက်သလောက်သုံး၊ ကျသလောက်ပေးဖြစ်ပါသည်။

Plan B သည် Monthly Usage Plan ဖြစ်ပြီး ၊ လစဉ် 1500 Kyats ကုန်ကျခံပါက 200 Mbyte ပမာဏရှိသည့် Data ကိုအသုံးပြုခွင့်ရပါမည်။ 200 Mbyte ထက်ပပိုသော Data Usage ကို 100 Kbyte လျှင် (၂)ကျပ် နှုန်းထပ်မံကောက်ခံပါသည်။

Plan Cသည် Monthly Usage Data Plan ဖြစ်ပြီး ၊ လစဉ် 7000 Kyats ကုန်ကျခံပါက 1 Gbytes ပမာဏရှိသည့် Data ကိုအသုံးပြုခွင့်ရပါမည်။ 1 Gbyte ထက်ပိုသော Data Usage ကို 100 Kbyte လျှင် (၂) ကျပ် နှုန်းထပ်မံကောက်ခံပါမည်။

Plan B နှင့် Plan C (Monthly Usage Data Plan) အသုံးပြုလိုသော အများပြည်သူများသည်၊ ရွေးချယ်လိုသည့် Plan ကို ပန်းဆိုးတန်းမိုဘိုင်း ဆက်သွယ်ရေးရုံး၊ အလုံမိုဘိုင်းဆက်သွယ်ရေးရုံး ၊ ရွှေဂုံတိုင်မိုဘိုင်းဆက်သွယ်ရေးရုံးနှင့် ပြည်နယ်/တိုင်းမန်နေဂျာရုံးများမှတစ်ဆင့် စာရင်းပေးသွင်းနိုင်ပြီး၊ ဆက်သွယ် ဆန္ဒပြုခြင်းမရှိသော မိုဘိုင်းအင်တာနက်သုံးစွဲသူများကိုမူ Plan A(Unlimited Data Plan) ဖြင့် ကောက်ခံပေးသွားမည်ဖြစ်ကြောင်း အသိပေးကြေငြာအပ်ပါသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း
--------------------------------------------------------------------

Plan A က Unlimited Data Plan တဲ့ ။ ကြိုက်သလောက်သုံး ကျသလောက်ပေးတဲ့ ။ နိုင်ငံတကာ လုပ်တဲ့ပုံစံတဲ့ ။ နိုင်ငံတကာမှာ unlimited plan ကိုအဲလိုသတ်မှတ်ထားတာမဟုတ်ပါဘူး
ငွေနှစ်သောင်း ဆိုနှစ်သောင်းတစ်လစာသွင်းပြီး Data ပမာဏ မည်မျှရယ်လို့မဟုတ်ဘဲ Unlimited သုံးလို့ရတဲ့ပုံစံပါ။
မိုဘိုင်းအင်တာနက် အသုံးပြုမှုကျသင့် ဘီလ်(ငွေ)ကို မိနစ်ဖြင့် ကောက်ခံနေရာမှ အသုံးပြုသည့် Volume အလိုက် ပြောင်းလဲကောက်ခံမည့် အစီအစဉ်ကို လာမည့် ဒီဇင်ဘာလအတွင်း စတင်ကျင့်သုံးသွားမည် ဖြစ်ကြောင်း၊ Volume စနစ်ဖြင့် ကောက်ခံမည့် ဘီလ်နှုန်းထားများကိုလည်း ယာယီအဆင့် သတ်မှတ်ပြီးစီးနေပြီ ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အင်ဂျင်နီယာချုပ် ဦးဌေးဝင်းက ပြောသည်။ “လျာထားတာက 100 Kbyte ကို ၂ ကျပ်၊ 1 M ကို ၂၀ ကျပ်၊ လစဉ် 100 M ကို ၁၅၀၀ ကျပ် ဒါမှမဟုတ် ၁၈၀၀ ကျပ်လောက် ကောက်ခံဖို့ စီစဉ်ထားတယ်။ ဈေးနှုန်းတွေက များများသုံးရင် လျှော့ပေးထားတယ်ဆိုတဲ့ သဘောပဲ” ဟု အင်ဂျင်နီယာချုပ်က ဆိုသည်။ မြန်မာ့ဆက်သွယ်ရေး၏ မိုဘိုင်းဖုန်းအင်တာနက် အသုံးပြုမှုဘီလ်စနစ် ပြောင်းလဲကောက်ခံခြင်းသည် အင်တာနက်စနစ်ကို မိုဘိုင်းဖုန်း၌ ဖွင့်ထားရုံဖြင့် ဘီလ်ပေးဆောင်ရခြင်းမရှိဘဲ အင်တာနက်စနစ်ကို ဝင်ရောက်အသုံးပြုမှသာလျှင် ဘီလ်ပေးဆောင်ရသည့်အတွက် အသုံးပြုမှုများ အနေဖြင့် ပိုမိုအဆင်ပြေလာနိုင်သည်ဟု နေ့စဉ်မိုဘိုင်း အင်တာနက်အသုံး
...ပြုသူ တချို့က ပြောသည်။ “အရင်က 3G သုံးတဲ့ WCDMA တွေဟာ GSM ကွန်ရက်ထဲကို ရောက်သွားရင် Speed
က နည်းသွားတယ်။ ဒါပေမယ့်လည်း သူက တစ်မိနစ် ၄ ကျပ်နှုန်း ပေးနေရတဲ့အတွက် နစ်နာမှုရှိတယ်။ အင်တာနက်စနစ်ကို ဖွင့်ပြီး မပိတ်မိသူတွေ အတွက်လည်း နစ်နာမှုက ရှိနေတယ်။ အခုက Download ဝင်လုပ်မှ ပေးရတဲ့ သဘောမျိုး ဖြစ်သွားတယ်” ဟု ဦးဌေးဝင်းက ပြောသည်။ လက်ရှိ သတ်မှတ်ထားသော ယာယီဈေးနှုန်းများသည် အင်တာနက် အသုံးပြုသည့် GSM, WCDMA, CDMA 800 စသည့် မိုဘိုင်းဖုန်း အားလုံးအတွက် အကျုံးဝင်ကြောင်း၊ ဈေးနှုန်း အတည်သတ်မှတ်ပြီးပါက ယခင်ခွဲခြား သတ်မှတ်ထားသည့် တစ်မိနစ် ၂ ကျပ်၊ တစ်မိနစ် ၄ ကျပ်ဟူသော ဈေးနှုန်းများကို ပယ်ဖျက်သွားမည် ဖြစ်ကြောင်း သိရသည်။ “ဆက်သွယ်ရေးက သူတို့ဘက်မှာ Loading အရမ်းများလို့ Volume အလိုက်ကောက်တာ ဖြစ်နိုင်တယ်။ သာမန် Facebook၊ Gtalk သုံးသူလောက်တော့ အဆင်ပြေတယ်။ ကျွန်တော်တို့ အတွက်တော့ သိပ်အဆင်မပြေလောက်ဘူး။ ဘာလို့လဲဆိုတော့ ios Firmware တစ်ခုကိုတောင် 1G, 2G လောက်ရှိနေတယ်” ဟု Golden Wave မိုဘိုင်းဖုန်းနှင့် ကွန်ပျူတာ အရောင်းဆိုင်မှ ကိုနေဇော်လွင်က ပြောပြခဲ့ကြောင်း ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့ထုတ် Internet ဂျာနယ်တွင် ဖော်ပြထားပါသည်။

အေးချမ်းမွန်မှ International Social Network Myanmar တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
 

0 ကွန်မန့်ရေးရန်:

Post a Comment