ကေအိုင်အေတပ်မဟာ(၃)မှာ
စက်တင်ဘာလ ၂၂ ရက်နေ့က ၀ရာဘွမ် စစ်ရေးပြကွင်းတွင် လက်နက်ငယ်များ၊
လက်နက်ကြီးများ၊ အမြောက်ကျည်ဆံများ၊
မိုင်းများအားခင်းကျင်းပြသထားကြောင်းနှင့်၂၂ ရက်မှ ၂၅ ရက်နေ့ ထိပြသသွားမည်ဖြစ်ကြောင်းသိရသည်။
ထိုလက်နက်ပြပွဲသို့
အများပြည်သူမည်သူမဆိုလာရောက်ကြည့်ရှုနိုင်ကြောင်းလည်းဆိုသည်။ ထိုပြပွဲသို့
သွားရောက်ကြည့် ရှုခဲ့သူယာဉ်မောင်းတစ်ဦးမှ “သူတို့လက်နက်တွေကိုပြထားတာပါ။
ကချင်ပြည်သူတွေ စိတ်အားတက်စေဖို့လို့ထင်ပါတယ်။ လက်နက်တွေကတော့ အစုံပဲ၊
လက်နက်ကြီးတွေရော၊ လက်နက်ငယ်တွေရော၊ ကျည်ဆံတွေရော အများကြီးဘဲ၊ အသစ်တွေ
ချည်းဘဲ နိုင်ငံခြားကမှာထားတာ လို့ ပြောတယ်။ဘယ်သူမဆိုလာ
ကြည့်နိုင်တယ်လို့လည်းပြောတယ်။ စာတွေလည်းရေးထားတယ် ကျွန်တော်က ကချင်စာ
မတတ်လို့ဘာတွေရေး ထားတာလည်းတော့မသိဘူး” ဟုဆိုသည်။
ထိုလက်နက်များအား
တပ်မဟာ ၃ မှ ကားနှစ်စီးဖြင့် ၂၁ ရက်နေ့တွင် ဆိုင်နိုင်ပါရွာ၊
စိုင်ဘန်ရွာဘက်လမ်း ကြောင်း မှ ၀ရာဘွမ်သို့
သယ်ဆောင်လာခြင်းဖြစ်ကြောင်းသိရသည်။ ၀ရာဘွမ်သည်ကေအိုင်အေတပ်ရင်း(၂၁)မှ ထိန်းချုပ်ထားသောနေရာဖြစ်သည်။
0 ကွန်မန့်ရေးရန်:
Post a Comment