Friday, August 10, 2012

မြောက်ခေါင်းဆောင်ဇနီးရဲ့ လက်ကိုင်အိတ်


North Korean leader Kim Jong-un (R) accompanied by his wife Ri Sol-ju (C) during a visit to a sub unit of the Korean People's Army Unit 552.  North Korea's young first lady has been pictured sporting what appears to be a Christian Dior handbag, an image in stark contrast to widespread shortages elsewhere in the impoverished nation, it was reported in the South Korean media on August 8, 2012.

(AFP photo)

မြောက်ကိုရီးယားပြည်သူတွေ အငတ်ဘေးသင့်၊ ဆင်းရဲနွမ်းပါးကြပေမယ့် သူတို့ခေါင်းဆောင် ကင်ဂျုံအန်းရဲ့ အသစ်စက်စက်ဇနီးဖြစ်သူကတော့ တန်ဘိုးကြီး Dior အမျိုးအစား လက်ကိုင်အိတ်နဲ့ လူလုံးပြနေပါတယ်။

ဒီသတင်းကို တောင်ကိုရီးယား မီဒီယာများမှာလည်း အထူး ဖော်ပြနေကြတာပါ။ မြောက်ရဲ့သတင်းကို တောင်က မပြတ်စောင့်ကြည့် ဖော်ထုတ်တာကတော့ ထုံးစံပါပဲ။

လိုရင်း ဆက်ရရင် - ရဲဘော် ကင်ဂျုံအန်းကတော်ရဲ့ ဘေးက လက်ကိုင်အိတ်ဟာ အစစ်မှ ဟုတ်ရဲ့လား?

အတုဖြစ်ဖြစ် အစစ်ဖြစ်ဖြစ် သိက္ခာ အကြွေးကျနေပါပြီ။

လက်ကိုင်အိတ်ဟာ အစစ်ဆိုရင် ဒေါ်လာ ၁,၆၀၀ တန် ပါတယ်။ ပြည်သူတွေ ဗိုက်ချပ်နေချိန် ဘယ်ကရမှန်းမသိတဲ့ငွေတွေ သုံးပြတာဟာ သိက္ခာ ကျစရာပါ။

လက်ကိုင်အိတ်ဟာ အင် ဆိုရင်လည်း သိက္ခာ ကျစရာပါ။

သိက္ခာ အကြွေးကျတယ် ဆိုတာက ဒီလင်မယားမှာ သိက္ခာဆိုတာ မရှိတော့ဘူးလေ။ ဒီတော့ အကြွေး ပေါ့ဗျာ။

အာဏာရှင်လေး ရဲဘော် ကင်ဂျုံအန်းဟာ မကြာသေးခင်က ကွယ်လွန်ခဲ့တဲ့ အာဏာရှင်ကြီးကင်ဂျုံအီးရဲ့ ချစ်လှစွာသောသား ဖြစ်ပါတယ်။

ကင်ဂျုံအီးငရဲပြည်သွားတော့ သားတော်မောင် ရဲဘော် ကင်ဂျုံအန်းက မြောက်ကိုရီးယားမှာ အော်တိုမစ်တစ် ခေါင်းဆောင် ဖြစ်လာပါတယ်။

ဖေဖေကင်ဂျုံအီးလည်း ပြည်သူ့ဘဏ္ဍာသုံးဖြုန်းတယ် ဆိုပေမယ့် လူမြင်အောင် မဖြုန်းပါဘူး။ သူ့အိမ်ထဲ၊ သူ့ရထားထဲက ဥရောပဖြစ် ဇိမ်ခံပစ္စည်းတွေနဲ့ တွဲပြီး ဓာတ်ပုံရိုက်မခံပါဘူး။

ဒီတော့ ရဲဘော်လေး ကင်ဂျုံအန်းက သူ့အဖေထက် ပိုပြီး ပွင့်လင်းတယ်လို့ ဆိုနိုင်တာပေါ့။

ဒီပို့စ်ကို ရန်ကုန် မြောက်ကိုရီးယားသံရုံးက ဆရာတွေ မဖတ်မိပါစေနဲ့လို့ ဆုတောင်းပါတယ်။ ရှော့ရှိတယ်။ သူတို့ သိသွားရင် ဒီဘလော့ကို ဘန်းဖို့ နေပြည်တော်ကို ဖိအားပေးနေအုံးမယ်။

ဟောဒါက မူရင်းသတင်းပါ -

N. Korea's first lady displays Dior-style handbag
AFP/ck
08 August 2012

0 ကွန်မန့်ရေးရန်:

Post a Comment