Saturday, March 9, 2013

အစ္စလာမ်မီယာ ဘာသာရေး စာသင်ကျောင်းတွင် ဝတ်ပြုနေသူများ စစ်ဆေးတွေ့ရှိ

Saturday, March 9, 2013
===========================================
ဒေါပုံမြို့နယ်၊ ဝါဆိုရပ်ကွက်၊ မဏ္ဍိုင်လမ်းပေါ်ရှိ အစ္စလာမ်
မီယာ ဘာသာရေး စာသင်ကျောင်းတွင် ဝတ်ပြုနေသူများကို စစ်ဆေးတွေ့ရှိရကြောင်း ဒေါပုံမြို့နယ် အထွေထွေအုပ်ချုပ်
ရေးမှူးရုံး ထံမှ စုံစမ်းသိရသည်။

ယမန်နေ့ မွန်းလွဲတစ်နာရီအချိန်တွင် အဆိုပါ စာသင်ကျောင်း
သို့ ဒေါပုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံးမှ တာဝန်ရှိသူများ၊
လူဝင်မှုကြီး ကြပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်စည်
ပင်နှင့် သာသနာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက သွား
ရောက် စစ်ဆေးခဲ့ခြင်းဖြစ်ပြီး လူ(၁ဝ)ဦးခန့် ဝတ်ပြုဆုတောင်း
နေသည်ကို တွေ့ရှိခဲ့ရကြောင်း အဆိုပါမြို့နယ်မှ အထွေထွေ အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးညွန့်ဝေက ပြောကြားသည်။

"ကျွန်တော်တို့ ဝင်စစ်တဲ့အချိန်တော့ အထဲမှာ လူ(၁ဝ)ယောက်
လောက် ဝတ်ပြုနေတာတွေ့တယ်၊ သူတို့ဘက်ကလည်း ဝန်ခံ
ပါတယ်။ သော ကြာနေ့ဆိုရင် လူ(၂ဝဝ)လောက် တတ်ပြီးတော့ ကျန်တဲ့နေ့တွေဆိုရင် လေးငါး ခြောက်ဆယ်လောက် တတ်တယ်
ပြောတယ်၊ သူတို့ ဒီလို ဝတ်တတ်တာကို သာသနာရေးဝန်ကြီး
ဌာနကို စာတင်ထားတယ်ပြောတယ်"ဟု ဦးညွန့်ဝေက
ပြောကြားသည်။

"အဲနေ့က ရပ်ကွက်ထဲက တာဝန်ရှိသူတွေ ကျောင်းရှေ့ကနေ
စောင့်ကြည့်နေတာတွေ့တယ်၊ ပြီးတော့ ဖုန်းလှမ်းဆက်နေတာ
တွေ့လိုက်ပြီး ချက်ချင်းပဲ မဝတရုံးကလူတွေက အဲဒီကျောင်းထဲ ဝင်သွားတယ်၊ စည်ပင်တွေကော ရဲတွေကောပါတာတွေ့တယ်၊ သူတို့အထဲမှာ တော်တော် ကြာသေးတယ်၊ ပြန်ထွက်လာတော့
လက်ထဲမှာ စာရွက်စာတမ်းတွေ ပါလာတာ့တွေ့တယ်"ဟု အဆိုပါ ရပ်ကွက်တွင် နေထိုင်သူတစ်ဦးက မြန်မာ့ခေတ်သို့ ပြောကြားသည်။

အဆိုပါကိစ္စနှင့်ပက်သက်၍ ၎င်းကျောင်းမှ တာဝန်ရှိသူ(၅)ဦးကို ယနေ့မနက်(၁ဝ)နာရီခန့်က ခေါ်ယူတွေ့ဆုံပြီး ကျောင်းတွင် ထိုသို့ဝတ်ပြုဆု တောင်းခြင်း မပြုလုပ်ဘဲ စာပဲသင်ရန် ခံဝန်လက်မှတ် ရေးထိုးစေခဲ့ကြောင်းနှင့် (၂ဝ၁၁)ခုနှစ်ကလည်း
ထိုကဲ့သို့ သတိပေးခဲ့ဖူးကြောင်း အုပ် ချုပ်ရေးမှူး ဦးညွန့်ဝေထံမှ
သိရသည်။

"လက်ရှိအချိန်မှာတော့ ကျွန်တော်တို့ဘက်က သတိထား
စောင့်ကြည့်နေပါတယ်၊ မလိုက်နာပဲ ဆက်လုပ်နေတာတွေ
တွေ့ရင်တော့ ကျွန်တော်တို့ဘက်က ဥပဒေအတိုင်း
ဆောင်ရွက်သွားမှာပါ"ဟု ဦးညွန့်ဝေက မြန်မာ့ခေတ်သို့
ပြောကြားသည်။

ထက်နောင်နောင်
The Myanma Age
အစ္စလာမ်မီယာ ဘာသာရေး စာသင်ကျောင်းတွင်
ဝတ်ပြုနေသူများ စစ်ဆေးတွေ့ရှိ

0 ကွန်မန့်ရေးရန်:

Post a Comment