Saturday, March 9, 2013

တောင်ကိုရီးယားနှင့် ချုပ်ဆိုထားသည့် မကျူးကျော်ရေး စာချုပ် ဖျက်သိမ်းလိုက်ပြီဟု မြောက်ကိုရီးယား ပြောကြား

Hnin Thiri shared Myanmar Online News's photo.
တောင်ကိုရီးယားနှင့် ချုပ်ဆိုထားသည့် မကျူးကျော်ရေး စာချုပ် ဖျက်သိမ်းလိုက်ပြီဟု မြောက်ကိုရီးယား ပြောကြား
Saturday, March 9, 2013

တောင်ကိုရီးယားနှင့် မြောက်ကိုရီးယား နှစ်နိုင်ငံ အကြားရှိ နယ်စပ်စခန်းကို ပိတ်ပစ်ကာ တောင်ကိုရီးယား နိုင်ငံနှင့် အရေးပေါ် ဖုန်းဆက်သွယ်မှုအား ပိတ်ပစ်လိုက်ပြီး တောင်ကိုရီးယား နိုင်ငံနှင့် မကျူးကျော်ရေး စာချုပ်ကို ဖျက်သိမ်းလိုက်ပြီ ဖြစ်ကြောင်း မြောက်ကိုရီးယား နိုင်ငံက ပြောကြားသည်။

အဆိုပါ ကြေညာချက်သည် မြောက်ကိုရီးယား၏ နျူကလီးယား အစီအစဉ်နှင့် ပတ်သက်ပြီး ကုလသမဂ္ဂ အရေးယူ ပိတ်ဆို့မှုအသစ် ချမှတ်ပြီးနောက် ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။ 

ယခု ချမှတ်လိုက်သော ကုလသမဂ္ဂ ဆုံးဖြတ်ချက်မှာ ပြီးခဲ့သည့်လက
မြောက်ကိုရီးယား၏ နျူကလီးယား စမ်းသပ်မှုကို တုံ့ပြန်အရေး ယူမှုပင် ဖြစ်သည်။

အစောပိုင်းတွင် မြောက်ကိုရီးယားက ၎င်းတို့အပေါ် ကျူးကျော် ရန်စသူများကို နျူကလီးယား တိုက်ခိုက်မှုဖြင့် ကြိုတင် လက်ဦးမှု ရယူ တိုက်ခိုက်သွားမည့် အခွင့်အရေးကို အသုံးပြု သွားမည်ဟု ပြောကြားခဲ့သည်။

မြ၀တီ

0 ကွန်မန့်ရေးရန်:

Post a Comment