အဆိုပါအချက်အလက်များအရ ကန်တော်ကြီးပဲလေ့စ်ဟိုတယ်ကို ရရှိခဲ့သည့် ဦးတေဇအနေဖြင့် ကာလပေါက်ဈေးထက် ကျပ် ၁၀၀ ဘီလီယံကျော် သက်သာစွာဖြင့် ရရှိခဲ့ခြင်းဖြစ်သည်။
၂၀၁၂ ခုနှစ် ဇူလိုင်လ ၂၄ ရက်တွင် ဦးတေဇက ၎င်းငွေတန်ဖိုးအား ပေးသွင်းခဲ့ပြီးဖြစ်သည့်အတွက်
အဆိုပါမြေ၊အဆောက်အအုံ၊ စက်နှင့် စက်ကိရိယာပစ္စည်းများကို ဟိုတယ်နှင့်
ခရီးသွားညွှန်ကြားမှု ဦးစီးဌာနမှ ဦးတေဇသို့ စနစ်တကျလွှဲပြောင်းကာ
ဦးတေဇအမည်ပေါက်ပြောင်းရန်ထုတ်ပေးရေးကို ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီကဆောင်ရွက်ရန် စသည်ဖြင့် အထက်ပါ အမိန့်ကြော်ငြာစာတွင် ထည့်သွင်း ဖော်ပြထားသည်။
ဦးတေဇသည် မြန်မာနိုင်ငံ၏ သူဌေးကြီး စာရင်းထဲတွင်ပါဝင်သူတစ်ဦးဖြစ်ပြီး ယခင်အစိုးရအဖွဲ့များနှင့် ရင်းနှီးကျွမ်းဝင်မှုရှိသူတစ်ဦးလည်းဖြစ်သည်။
ဦးတေဇသည် နောက်ဆုံးဖွင့်လှစ်ထားသော ဘဏ်ကြီး ၅ ဘဏ်ထဲမှ (AGD) အာရှစိမ်းလန်း
ဖွံ့ဖြိုးမှုဘဏ် အပါအ၀င် Elite-Tech ကုမ္ပဏီ၊ အဲပုဂံလေကြောင်းလိုင်း၊
ဟိုတယ်လုပ်ငန်းများနှင့် အခြားလုပ်ငန်းများကို ဦးစီးလုပ်ကိုင်လျက်ရှိသူတစ်ဦးဖြစ်သည်။
Copy from - Myanmartandawsint Newspaper
0 ကွန်မန့်ရေးရန်:
Post a Comment