Saturday, March 9, 2013

မိတ္ထီလာ တုတ်တုတ် အဓမ္မငွေတောင်းခံနေရ


ကျွန်တော်တို့ မိတ္ထီလာမြို့တွင် မ.ထ.သ အမည်ခံ အဖွဲ့တစ်ဖွဲ့သည် မိတ္ထီလာမြို့မှ ကျောက်ပန်းတောင်းမြို့လမ်းအထွက်..ဗဟို ပို့ဆောင်ဆက်သွယ်ရေး သင်တန်းကျောင်းရှေ့ နှင့် မိတ္ထီလာမြို့မှ မန္တလေးမြို့သို့အထွက် ၀မ်းတော်ပြည့်ဘုရား ရှေ့  နေရာများတွင် မ.ထ.သ ယူနီဖောင်းဝတ်ပြီး စားပွဲတစ်လုံး၊ ထိုင်ခုံတစ်လုံးချကာ ဖြတ်သွားဖြတ်လာ သုံးဘီးယာဉ်များကို ခရာမှုတ် အတင်းအဓမ္မတားဆီးကာ မ.ထ.သ ကြေး သုံးဘီးယာဉ်တစ်စီးလျှင် ၁၀၀ကျပ်နှုန်းကို ဆပ်ကြေးကောက်သလို အတင်းအဓမ္မတောင်းခံနေသည်မှာ စနေ၊တနင်္ဂနွေပါ မရှောင်နေ့စဉ်နှင့် အမျှဖြစ်ပါသည်။

တကယ်ဆိုလျှင် သုံးဘီးယာဉ်များမှာ တစ်စီးလျှင် ငွေကျပ် ခြေက်သိန်းကျပ်(၆၀၀,၀၀၀) ဖြင့်လိုင်းကြေးကို မတန်တဆအပြည့် ပေးသွင်းပြီး တရားဝင် ပြေးဆွဲနေခြင်း ဖြစ်ပါသည်။

သို့ဖြစ်ရာ...ယခုကဲ့သို့ အတင်းအဓမ္မ ဆက်ကြေးကောက်သလို ငွေကောက်ခံနေခြင်း
ကိုသက်ဆိုင်ရာမှ လိုအပ်သလို စစ်ဆေးကြပ်မတ်ပြီး တားဆီးနိုင်ပါရန် နိုင်ငံတော် လူကြီးမင်းများသို့တင်ပြအပ်ပါသည်။     
                                                        မိတ္ထီလာမြို့ သုံးဘီးယာဉ်အသင်းသားများ။


0 ကွန်မန့်ရေးရန်:

Post a Comment