Sunday, June 3, 2012

မသီတာထွေး၊ ကျောက်နီမော်နှင့် လူမသိသေးသော ဇာတ်လမ်းတစ်ပုဒ်

Inbox
x

Thantsin Phyoe thantsinphyo@gmail.com
6:33 PM (6 hours ago)

to bcc: mrsorcerer

မသီတာထွေး
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာအုပ်စု သပြေချောင်ကျေးရွာနေ ဦးလှတင်၊ ဒေါ်မမြတို့၏သမီး မသီတာထွေး(၂၆)နှစ် သည် (၂၈.၅.၂၀၁၂) ရက်နေ့ ညနေ(၅)နာရီ အချိန်တွင် ကျောက်နီမော်မှ သပြေချောင်ရွာသို့အပြန်လမ်းတွင် ပျောက်ဆုံးသွားခဲ့ပြီး နောက်နေ့ (၂၉.၅.၂၀၁၂)နေ့ နံနက်(၉) နာရီတွင် ကျောက်ထရံရွာနှင့် သပြေချောင်ကျေးရွာ ကြား ကာရီဆည်ဘောင်တွင် ဓါးဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ပါသည်။ ကျောက်နီမော်ရဲစခန်းသို့အကြောင်းကြားရာ တာဝန်ရှိရဲအရာရှိများမှ အခင်းဖြစ်ပွားရာနေရာအား ဓါတ်ပုံရိုက်ခြင်း၊ မြေပုံရေးဆွဲခြင်းနှင့် လိုအပ်သည့်စစ်ဆေးမှုများကို ပြုလုပ်ခဲ့ပြီး အလောင်းအား ကျောက်နီမော်တိုက်နယ်ဆေးရုံသို့ပို့ဆောင်ကာ ဆက်လက် စစ်ဆေးခဲ့ကြပါသည်။ ဆေးစစ်ချက်အရ မသီတာထွေးသည် အဓ္ဒမပြုကျင့်ခံခဲ့ရပြီး အသတ်ခံရကြောင်း၊ အခင်းဖြစ်ပွားစဉ် ၀တ်ဆင်ထားည့် လက်ဝတ်ရွှေထည်များမှာလည်း ပျောက်ဆုံးနေကြောင်း သိရှိရပါသည်။ ကျောက်နီမော်ရဲစခန်းနှင့် ကျောက်ထရံရွာမှတာဝန်သိပြည်သူများ ပူးပေါင်းမှုဖြင့် တရားခံထက်ထက်(၂၃)နှစ် အား သက်သေခံပစ္စည်းများနှင့်အတူ ရမ်းဗြဲမြို့သို့ထွက်ပြေးတိမ်းရှောင်စဉ်ဖမ်းမိပြီး၊ အခြားတရာခံများဖြစ်သည့် ရော်ဖိ(၁၈)နှစ်၊ လုယု(၂၁)တို့အား (၂၄)နာရီအတွင်း ဖမ်းဆီးမိခဲ့သည်။ တရားခံ(၃)ဦးစလုံးသည် ကျောက်ထရံရွားသား၊ မွတ်စလင်များဖြစ်ကြောင်းနှင့် ကနဦး စစ်ဆေးချက်များအရ ပြစ်မှုကျူးလွန်သူ အဓိကတရားခံမှာ ထက်ထက်(၂၃)နှစ်ဖြစ်ပြီး၊ ကျန်တရားခံနှစ်ဦးဖြစ်သည့် ရော်ဖိ(၁၈)နှစ်နှင့် လုယု(၂၁)နှစ်တို့မှာ တရားခံထက်ထက်၏ ခြိမ်းခြောက်စေခိုင်းချက်အရ အမှုတွင် ပါဝင်ပတ်သက်ခဲ့ကြောင်း ထွက်ဆိုခဲ့ကြပါသည်။ ယခုအခါ အဆိုပါတရားခံ(၃)ဦးအား ကျောက်ဖြူမြို့သို့ ပို့ဆောင်ချုပ်နှောင်ထားပြီး တည်ဆဲဥပဒေများအရ ဆက်လက်အရေးယူဆောင်ရွက်လျှက်ရှိကြောင်း သိရပါသည်။

ကျောက်နီမော်

ကျောက်နီမော်ရွာသည် ရမ်းဗြဲကျွန်း၏ တောင်ဘက်အစွန်းဆုံးပိုင်းမှာ တည်ရှိပါသည်။ ကျောက်နီမော်ကျေးရွာအုပ်စုတွင် ရွာပေါင်း(၁၄)ရွာရှိပြီး အဆိုပါကျေးရွာများအနက် ကျောက်နီမော်၊ ရွာသာယာ၊ ကျောက်ထရံရွာများမှာ မွတ်စလင်အများစုနေထိုင်ကြပြီး အခြားကျေးရွာများတွင် ဗုဒ္ဒဘာသာဝင်များနေထိုင်ကြပါသည်။ ရမ်းဗြဲမြို့သည့် မြို့နယ်ရုံးစိုက်ရာ မြို့ဖြစ်သော်လည်း စီးပွားရေးအချက်အချာဖြစ်သည့် ကျောက်နီမော်ရွာကဲ့သို့ မစည်ကားပေ။ မွတ်စလင်အများစုမှာ ရေလုပ်ငန်း၊ ကုန်သည်နှင့် ကုန်ပစ္စည်းများဖြန့်ချီသည့် လုပ်ငန်းများကို အဓိကလုပ်ကိုင်ကြပြီး၊ ဗုဒ္ဒဘာသာဝင်များမှာ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းနှင့် ကုန်သည်လုပ်ငန်းများကို အဓိကလုပ်ကိုင်ကြပါသည်။ ကျောက်နီမော်ကျေးရွာအုပ်စုတွင် ဗုဒ္ဒဘာသာဝင်များနှင့် မွတ်စလင်များအကြားတွင် ရှေးယခင်ကတည်းက လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းများဖြစ်ပွားခဲ့ခြင်းမရှိဘဲ လူငယ်အချင်းချင်း ဖြစ်ပွားသည့် အသေးအဖွဲ့ပြသနာများမှအပ ကြီးမားသည့် ပြသနာများမရှိဘဲ အေးချမ်းသာယာလှပါသည်။ တစ်ခါတရံတွင် အခြားနေရာဒေသများမှ ပယောဂကြောင့် ဘာသာရေး၊ လူမျိုးရေးအဓိကရုဏ်းများ ဖြစ်ပေါ်လာစေရန် သွေးထိုးလှုံ့ဆော်မှုများ ရှိခဲ့သော်လည်း ကျေးရွာရပ်မိရပ်ဖများ၏ အမြော်အမြင်ရှိရှိ ထိန်းသိမ်းကြပ်မတ်ပေးမှုကြောင့် အဆိုပါအဓိကရုဏ်းများ ဖြစ်ပွားခဲ့သည့် သမိုင်းမှတ်တမ်းများ မရှိခဲ့ပါ။ ကျေးရွာအုပ်စု စည်ပင်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘာသာလူမျိုး မခွဲခြားဘဲ အားလုံးဝိုင်းဝန်းကြိုးပမ်းခဲ့ကြည့် အစဉ်အလာကောင်းများသာရှိခဲ့ပြီး ရခိုင်ပြည်နယ်တွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသည့် စစ်ဘက်၊ အရပ်ဘက် အဆင့်မြင့်ရာထူးရာခံပုဂိုလ်များ၏ ချီးကျူးဂုဏ်ပြုမှုကို ခံရသည့် နေရာဒေသတစ်ခုဖြစ်ပါသည်။

လူမသိသေးသော ဇာတ်လမ်းတစ်ပုဒ်

၁၉၇၅ခုနှစ် .............. ကျောက်နီမော်ရဲစခန်း စခန်းမှူးမှ ကျောက်နီမော်ကျေးရွာအုပ်စုရှိ ဗုဒ္ဒဘာသာဝင် ရပ်မိရပ်ဖများအား ဖိတ်ကြားပြီး၊ ကျောက်နီမော်ရွာ ဗုဒ္ဒဘာသာသုသာန်(ယခုကျောက်နီမော်တိုက်နယ်ဆေးရုံနေရာ၊ ရဲစခန်းအနီး) တွင် ကလေးငယ်တစ်ဦးကို စွန့်ပြစ်ထားကြောင်း၊ ကလေးငယ်၏အမည်မှာ မောင်ကျော်သောင်းဖြစ်ပြီး မိဘများမှာ ကျောက်နီမော်ကျေးရွာအုပ်စု၊ ဟုံးဝရွာနေ ဦးအောင်ဘာလေ၊ ဒေါ်အာဒါးမတို့ဖြစ်ကြောင်း၊ ကလေး၏မိဘများသည် ကလေးငယ်ကို စွန့်ပစ်ပြီး ထွက်ပြေးတိမ်းရှောင်သွားကြကြောင်း၊ ယခုအခါ မောင်ကျော်သောင်းအား မွေးစားမည့်သူ လိုအပ်နေပြီး၊ မောင်ကျော်သောင်းမှာ ရခိုင်လူမျိုး၊ ဗုဒ္ဒဘာသာဝင်မိဘများမှ မွေးဖွားလာသူဖြစ်သဖြင့် ကျောက်နီမော်ကျေးရွာအုပ်စုအတွင်းမှ ရခိုင်လူမျိုး၊ဗုဒ္ဒဘာသာဝင် ရပ်မိရပ်ဖများမှ ကလေးငယ်၏ နောင်ရေးကို စီစဉ်ပေးကြပါရန် မေတ္တာရပ်ခံကြောင်း ပြောကြားပါသည်။
မောင်ကျော်သောင်း၏ဖခင် ဦးအောင်ဘာလေသည် ဟုံးဝကျေးရွာတွင် အမြဲတမ်းမူးယစ်ရမ်းကားသည့် လူဆိုးစာရင်းဝင်တစ်ဦးဖြစ်ပြီး၊ ကျောက်နီမော်ရဲစခန်းမှ အချုပ်ခန်းနှင့် ကျောက်ဖြူထောင်တို့ကို ကိုယ်ပိုင်အိမ်ကဲ့သို့သဘောထားသူတစ်ဦးဖြစ်ပါသည်။ ရပ်မိရပ်ဖများမှာ ကလေးငယ်မောင်ကျော်သောင်းကို သနားသော်လည်း ၄င်း၏မိဘဆွေမျိုးများ၏ အကျင့်နှင့် စရိုက်ကို သိနေခြင်းနှင့် မပတ်သက်လိုခြင်းတို့ကြောင့် မည်သူမျှ မမွေးစားရဲကြပေ။ ထိုအချိန်တွင် ကျောက်နီမော်ကျေးရွာအုပ်စု ကျောက်ထရံရွာနေ ကုန်သည် ဦးကာလာချေမှ မောင်ကျော်သောင်းအား မွေးစားမည့်သူမရှိလျှင် မိမိအနေဖြင့် အမွေစားအမွေခံသားတစ်ဦးအဖြစ် မွေးစားလိုပါကြောင်း တောင်းဆိုခဲ့ပါသည်။ စခန်းမှူးမှ ဦးကာလာချေသည် မွတ်စလင်ဖြစ်နေသဖြင့် ရခိုင်၊ ဗုဒ္ဒဘာသာဝင် ရပ်မိရပ်ဖများ၏ ဆန္ဒကိုတောင်းခံပြီး အများ၏ဆန္ဒနှင့်အညီ ဦးကာလာချေအား မွေးစားခွင့်ပြုလိုက်ပါသည်။

ဦးကာလာချေတို့ဇနီးမောင်နှံသည် ကုန်သည်ဖြစ်သည်နှင့်အညီ ကျောက်နီမော်ရွာ ကြေးရည်တတ်လူတန်းစားတွင်ပါဝင်သော်လည်း သားသမီးမရှိသဖြင့် မောင်ကျော်သောင်းအား သားအရင်းတစ်ဦးကဲ့သို့ အထူးအလိုလိုက်အချစ်ပိုခဲ့ကြပါသည်။ ဦးကာလာချေတို့ဇနီးမောင်နှံသည် ရှိသမျှစည်းစိမ်ဥစ္စာပုံအောပြီး ပညာသင်ပြုစုပျိုးထောင်ပေးသော်လည်း မောင်ကျော်သောင်းသည် ငယ်စဉ်ကတည်းက ကျောင်းမတက်တော့ဘဲ မိဘပိုက်ဆံဖြုန်းတီးကာ ရပ်ရွာထဲတွင် ဆိုးသွမ်းလူငယ်အဖြစ်သာကြီးပြင်းလာခဲ့ပါသည်။ သက်ကြီးရွယ်အိုမိဘများကိုလည်း အိမ်တွင်းရိုက်နှက်ခြင်း၊ ညှည်းပမ်းခြင်းတို့ကိုပြုလုပ်ခဲ့ရုံမျှမက လူစည်ကားရာ လမ်းမလယ်ခေါင်ပေါ်တွင်၊ လည်ပင်းကိုဓါးဖြင့်လှီးဖြတ်အနာတရဖြစ်စေသည်အထိ မိုက်ရိုင်းဆိုးသွမ်းခဲ့ပါသည်။ ဘမျိုးဘိုးတူ မောင်ကျော်သောင်း၏ ပြစ်မှုဆိုင်ရာမှတ်တမ်းများမှာ ကျောက်နီမော်ရဲစခန်းပြစ်မှုမှတ်တမ်းစာအုပ်တွင် စာမျက်နှာ အများအပြားနေရာယူခဲ့ပါသည်။ ဦးကာလာချေတို့ ဇနီးမောင်နှံမှာ မောင်ကျော်သောင်း၏ ဆိုးသွမ်းနှိပ်စက်မှုဒဏ်မှ တိမ်းရှောင်ရင်း မိမိတို့အိမ်တွင်ပင်မနေကြရတော့ဘဲ ဆွေမျိုးနီးစပ်သူများ၏အိမ်များတွင် ကပ်နေကြရပြီး ဘ၀တစ်ပါးသို့ ကူးပြောင်းသွားခဲ့ကြပါသည်။
မောင်ကျော်သောင်းသည် မွေးစားမိဘများရှိစဉ်ကတည်းက အိမ်ထောင်ချပေးခဲ့ပြီး မောင်ထက်ထက် ဟူသည့် သားတစ်ဦးထွန်းကားခဲ့ပါသည်။ ကြက်မှာအရိုး၊ လူမှာအမျိုးဟူသော ဆိုရိုးစကားနှင့်အညီ မောင်ထက်ထက်သည် ဘမျိုးဘိုးတူပီသစွာ မူးယစ်ရမ်းကားခြင်း၊ လုယက်ခြင်းစသည်ဖြင့် ကျောက်နီမော်ရဲစခန်း၏ ပြစ်မှုမှတ်တမ်းစာအုပ်တွင် ဆက်လက်နေရာယူနေခဲ့ပါသည်။ ကျောက်ထရံရွာနှင့် အခြားရွာများသို့ ဆက်သွယ်သော လမ်းပေါ်တွင် သွားလာသည့် လမ်းသွားလမ်းလာများထံမှ လူမျိုးဘာသာမခွဲခြားဘဲ လုယက်ခြင်း၊ ရိုက်နှက်ခြင်း၊ အရက်ဖိုးတောင်းခြင်းနှင့် အမျိုးသမီးများအား ကာအိနြေ္ဒကို ထိခိုက်စော်ကားခြင်းများကိုလည်း အတင့်ရဲစွာ အကြိမ်ကြိမ် ပြုလုပ်လာခဲ့ပါသည်။ ကျေးရွာလူထုမှ ရဲစခန်းသို့တိုင်ကြားသော်လည်း မောင်ထက်ထက်မှာ ရခိုင်လူမျိုးဖြစ်သည့်အပြင် အဖေဘက်မှဋ္ဌာနပိုင်းဆိုင်ရာလူကြီးမိသားစုဝင်များ ရမ်းဗြဲမြို့နှင့် ရခိုင်ပြည်နယ်တခြားမြို့ကြီးများတွင်ရှိနေသည့်အတွက် ထိထိရောက်ရောက်အရေးယူခြင်းမရှိခဲ့ပေ။ထို့ကြောင့် (၂၈.၅.၂၀၁၂) နေ့တွင် မသီတာထွေးအား လူမဆန်စွာ အဓ္ဓမပြုကျင့် သတ်ဖြတ်မှုကိုပါ ပေါ်ပေါက်လာစေခဲ့ပါသည်။ ရဲစခန်းမှ (၂၄)နာရီအတွင်း တရားခံများကို ဖမ်းမိသည်ဟု သတင်းများတွင် ဖေါ်ပြသော်လည်းအမှန်တကယ်တွင်မူ ကျောက်ထရံရွာသားမွတ်စလင် ရပ်မိရပ်ဖများမှလျှို့ဝှက်စုံစမ်းပြီးတရားခံများကိုသိလျှင်သိချင်း ရဲစခန်းအားအကြောင်းကြားဖမ်းဆီးစေခဲ့ခြင်းဖြစ်ပါသည်။

မောင်ထက်ထက်၏အဖေ ဦးကျော်သောင်းတွင် ဦးကျော်သန်းဆိုသော ဒုရဲအုပ်အကိုတစ်ယောက်ရှိပြီး၊ ဆွေးမျိုးများထဲတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌားနတွင် မြို့နယ်မှူးတစ်ဦးနှင့် ရှေ့နေတစ်ဦးလည်း ရှိပါသည်။ ရမ်းဗြဲမြို့နယ်ရှိ ဒေသခံလူအများစိုးရိမ်နေသလို မောင်ထက်ထက်မိသားစုမှ အမှုမှန်ကိုဖျောက်ဖျက်ပြီး အမှုနှင့် မသက်ဆိုင်သော အခြားမွတ်စလင်လူငယ်များအားဆွဲ
ထည့်ရန်န်ကြိုးစားနေသလို၊ လူမျိုးရေးအစွန်းရောက်များနှင့် လောဘသားစီးပွားရေးသမားတချို့မှလည်း တောမီးလောင် တောကြောင် လက်ခမောင်းခတ် ဆိုသလို ဗုဒ္ဓဘာသာနှင့် မွတ်စလင်များအကြား လူမျိုးရေးအဓိကရုဏ်းဖြစ်လာအောင် သွေးထိုးလှုံ့ဆ်ာနေပါကြောင်း အသိပေးတင်ပြအပ်ပါသည်။

( ယခုသတင်းနှင့် ပတ်သက်ပြီး နောက်ဆက်တွဲသတင်းများနှင့် ထူးခြားဖြစ်စဉ်များကို အချိန်နှင့်တပြေးညီ တင်ပြပေးပါမည်။ သတင်းများကို အတည်ပြုနိုင်ရန်အတွက် ဆက်သွယ်ရန်ဖုံးနံပါတ်များကိုလည်း မကြာမီတင်ပြပေးမည်ဖြစ်ပါသည်။

--
This is JEKYLL & HYDE
if u want my fwd mails u can join this group >> Click here
If u want to visit my blog >> Click here

0 ကွန်မန့်ရေးရန်:

Post a Comment