Sunday, June 3, 2012

Samsung Galaxy Y S5360 , Android v2.3.6 ကို Root လုပ်နည်း (အမြစ်တူးခြင်း)




Samsung Galaxy Y GT S5360 Root Photos How to Root Samsung Galaxy Y GT S5360
 
 Android ဖုံးအကြောင်းပဲ ခဏခဏ မေးနေကြလို့ သူငယ်ချင်းဖုံးကို ကိုယ်တိုင် Root လုပ်ပေးပြီး ရလာတဲ့ အတွေ့အကြုံလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်...။ (Root ဆိုတာဘာလဲ ? ဘာ့ကြောင့် Root  လုပ်ရတာလဲ ? ဆိုတာ အသေးစိတ်သိချင်ရင်တော့ ကိုသူရ ရေးထားတဲ့ ဒီပို့စ် လေးမှာဖတ်နိုင်ပါတယ်....။

Root  လုပ်နည်း

 ဘာမှ မလုပ်ခင် အရင်ဆုံး မိမိ ဖုံးက Settings > Applications > Development > USB Debugging  ကို အမှန်ခြစ်လေး တပ်ပေးထားလိုက်ပါ...။


USB Debugging mode Photos How to Root Samsung Galaxy Y GT S5360


ပထမဆုံး Root လုပ်ဖို့အတွက် ဒီ Update.Zip ဖိုင်လေးကို ဒေါင်းယူထားလိုက်ပါ...။

ပြီးရင် မိမိ ဖုံးက Mini SD Card လေးကို ဖြုတ်ယူပြီး Cardreader ကနေတစ်ဆင့် ကွန်ပြူတာနဲ့ ချိတ်ဆက်ထားပြီး စောစောက ဒေါင်းယူထားတဲ့ update.Zip ဖိုင်လေးကို Copy ကူးပြီး Mini SD Card ထဲကိုထည့်လိုက်ပါ ... (update.Zip ကိုဖြည်စရာ မလိုပါဘူး အဲ့ဒီ Zip ဖိုင်အတိုင်း SD Card ထဲကို ကူးထည့်ပေးလိုက်ပါ)
ပြီးရင်
SD Card လေးကို မိမိ ဖုံးမှာ ပြန်ထည့်ပေးပြီး (Switch off) ပါဝါ ပိတ်လိုက်ပါ...။

Recovery Mode ထဲကိုဝင်ပါမယ်...။
 Recovery Mode ဝင်ဖို့  Home Key ရယ် Volume အပေါင်း လက္ခဏာ Key လေးရယ် ပါဝါ အပိတ် အဖွင့်လုပ်တဲ့ Power ခလုတ် လေးတွေကို တစ်ပြိုင်ထဲ နှိပ်ပေးထားလိုက်ပါ..။  (HOME + Volume UP + POWER button)


Recovery Mode ထဲရောက်ပြီဆိုရင် Volume + , -  ခလုတ်လေးတွေကို အသုံးချပြီး  Update from sdcard ကို ရွေး Home ခလုတ် ကိုနှိပ်ပေးရင် သူ့ဘာသာသူ အလုပ် လုပ်နေပါလိမ့်မယ်... ခဏနေရင် reboot လုပ်ပါဆိုတဲ့ စာလေးပေါ်လာရင် reboot လုပ်ပေးလိုက်ပါ... မိမိ ဖုံးလေး ပြန်ပွင့်လာရင် "Super user"  ဆိုတဲ့ application လေးတစ်ခု ပေါ်လာပြီး Root လုပ်ပြီးကြောင်း ပြနေပါလိမ့်မယ်....

 

Root လုပ်ခြင်း (အမြစ်တူးခြင်း) အောင်မြင်သွားပါပြီ...။
နောက်ဆက်တွဲ ဖြစ်တဲ့ မြန်မာစာတွေ ရေး/ဖတ် လို့ရအောင် Zawgyi Font နဲ့ Keyboard ထည့်သွင်းနည်း အတွေ့ကြုံလေးကိုတော့ နောက် တင်ပေးမဲ့ ပို့စ် မှာ စောင့်မျှော်ဖတ်ရှု့နိုင်ပါတယ်....:)

လေးစားစွာဖြင့် : ဝင်းကမ္ဘာကျော်

0 ကွန်မန့်ရေးရန်:

Post a Comment