Sunday, June 3, 2012

သတိ- လူမျိုးရေးအဓိကရုဏ်းမဖြစ်လာစေရန် အရေးတကြီးလိုအပ်နေပါပြီ။

Inbox
x

Thantsin Phyoe thantsinphyo@gmail.com
11:16 PM (25 minutes ago)

to mrsorcerer
ကျနော်ဆုတောင်းလိုက်မိပြီ... ရခိုင်ပြည်နယ်မှာရှိတဲ့ လူသားအားလုံး ဒီလိုအဓိကရုန်းကနေအမြန်ဆုံးလွတ်မြောက်ပါစေ... ကျနော်လူမျိုးဘာသာမခွဲပါဘူး... နောက်ပြီး ဒီလူမျိုးရေး ဘာသာရေးအဓိကရုန်းကို တိုင်းပြည်က အာဏာရှိတဲ့ အာဏာပိုင်တွေရယ် တိုင်းပြည်ရဲ့ နိုင်ငံရေး/ဘာသာရေး/လူမျိုးရေးနယ်ပယ်မှာ အရှိန်အဝါဩဇာကြီးမားသူတွေ ဝင်ရောက်ဖြေရှင်းပေးဖို့ ဝိုင်းဝန်းတိုက်တွန်းပေးကြပါ...

ရခိုင်သွေးတစ်စက်ကျတာဟာ ကျနော့နှလုံးသွေးတစ်စက်ဆုံးရှုံးသလိုပါပဲ အစ္စလာမ်ဘာသာဝင်တစ်ယောက်အသက်ဆုံးရှုံးတာဟာ ကျနော့ဆွေမျိုးတစ်ဦးအသက်ဆုံးရှုံးသလိုပါပဲ... ကုန်ကုန်ပြောရရင် ဒီသတင်းတွေကို မျက်ရည်ပြည့်သော မျက်ဝန်းတွေနဲ့ ဘာမှမလုပ်နိုင်ပဲ ထိုင်ဖတ်ရုံရှဲလ်နေရုံနေရတဲ့ ဘဝကိုတောင်စက်ဆုပ်လာပါတယ်... လူသားအားလုံးငြိမ်းချမ်းပါစေဗျာ... တကယ်ပါ... လူဆိုတဲ့ လူသားအားလုံး ငြိမ်းအေးသာယာစွာနဲ့ တည်ငြိမ်သောလူ့ဘဝဖြစ်စဉ်ကိုရရှိကြပါစေဗျာ... 

2012/6/4 လင်းဇော်ထက် <linnzawhtike@gmail.com>
သံတွဲမှ ရန်ကုန်သို့ထွက်ခွာလာသော မော်လ၀ီဆရာ(ဟာဂျီဘွဲ့ခံ)များ ပါဝင်သည့် ရိုးမသစ္စာကားကို တောင်ကုတ်မြို့အရောက်တွင် မြို့ခံများက ဆိုင်ကယ်အစီး ၃၀ ကျော်ဖြင့်ပိတ်ဆို့ တားဆီးကား ဦးစွာယာဉ်မောင်းကိုဆွဲချခဲ့သည်။ ယာဉ်မောင်းနှင့် ၎င်း၏မိန်းမတို့မှာ ထွက်ပြေး လွတ်မြောက်ခဲ့သည်။ ကားပေါ်တွင်ပါလာသူများကို ၀ိုင်းဝန်းသတ်ဖြတ်ကာ ကားပေါ်မှဆွဲချ၍ လမ်းပေါ်တွင်စုပုံထားခဲ့သည်။ထိုသို့အခင်းဖြစ်နေစဉ် တောင်ကုတ်မြို့ ဆေးရုံအုပ်ဟောင်း
ဒေါက်တာစံနိုင်ရောက်ရှိလာပြီး ဖျောင်းဖျဖျန်ဖြေသဖြင့် ၎င်း၏စကားကိုနားထောင်ကာ လူထုမှာ လူစုခွဲသွားခဲ့သည်။ ““နောက်တစ်ခါဘယ်ကားဖြစ်ဖြစ် ကုလားတွေသယ်မလာနဲ့””ဟု အော်ဟစ်ခဲ့ကြသည်ဟု သိရသည်။

အလောင်းများကို ခရိုင်ရဲမှူးကြီးမှ တာဝန်ယူထိန်းသိမ်းလိုက်ပြီဖြစ်သည်။
သံတွဲမြို့တွင်လည်း သေဆုံးသူတို့၏ အလောင်းများကို ပြန်ပေးရန် သံတွဲမြို့ခံ မွတ်ဆလင်များက ခရိုင်ရုံးတွင် သွားရောက်တောင်းဆိုနေကြပြီး မြို့ခံများမှာ မိမိကိုယ်ကိုယ် ကာကွယ်ရန် အသင့်ပြင်ဆင်နေကြသည်ဟု ဒေသခံတစ်ဦးကဆိုသည်။

တောင်ကုတ်မြို့တွင် ရဲတပ်ဖွဲ့အင်အားများကို ကျောက်ဖြူမြို့သို့ ပို့ဆောင်ထားသဖြင့် လက်ရှိတွင် စစ်တပ်မှ အသင့်အနေအထားဖြင့် တာဝန်ယူနေပြီဖြစ်ကြောင်း သိရသည်။(အဘ ဥက္ကာကိုကို)

0 ကွန်မန့်ရေးရန်:

Post a Comment