Sunday, June 3, 2012

ပြည်သူ့ အတွက် စကိုင်းနက်

SKYNET ရုံးမှ ဖုန်းများ မကိုင်ခြင်းဖြင့်သော်လည်းကောင်း ဖုန်းပိတ်ထားခြင်းဖြင့်သော်လည်းကောင်း တာဝန်ယူစိတ် ကင်းမဲ့စွာ လုပ်ဆောင်နေပါသည်....လစဉ် ကြေး မှန်မှန်ပေးဖို့ ကိုတော့မပျက်မကွက် အကြောင်းကြား သတိပေးတတ်ပါသည် ....လိုင်း များ ကျခြင်း ခဏခဏ ဖြစ်ခြင်း ကို ပြောဆိုသော်လည်း လစဉ်ကြေးများ မလျော့ပေးပါ ...ထို့ပြင် စူပါ ဟုခေါ်သော လိုင်းသစ် ၀ယ်ရန် သာ ပြောဆိုပါသည် ...သို့သော် ထိုလိုင်းအား ၀ယ်လျှင် လိုင်းမကျ ရန် အာမခံ မှုရှိပါသလား ဟု မေးမြန်းရာ တွင် ကျွန်တော် တို့ဆီမှာ တော့ အမြဲကောင်းပါသည် ဟု မလိမ့်တပတ် ဖြေကြားပါသည်.....ထို့ပြင် စကိုင်းနက် လိုင်းအား ကော်နက်ရှင် ကျသည့် အတွက် ၄င်းတို့ထံ ပြန်သွင်း လျှင်ကော ပေါက်ဈေးမည်မျှ ဖြင့်ဝယ်ပါသလဲ မေးကြည့်ရာ ရောင်းပြီးပစ္စည်း ငွေပြန် မအမ်းပါ ဆိုတဲ့ အဓိပ္ပါယ် ရသည့်စကား ကို တူးတူးခါးခါး မခြေမငံ ပြန်ပြောတတ်ပါသည်...အင်တာနက်လိုင်းများ အားလုံးလိုလို ကျသည့် ထဲတွင် စကိုင်းနက် လိုင်း က အဆိုးဆုံးဖြစ်ပါသည်......သို့သော် ဒါကိုလက်ခံနိုင်ပါ သည်..... လိုင်းကျ သည့် အတွက် လစဉ်ကြေးကို လျော့ပေါ့ ယူသင့် သည် မှာ အလွန် အဆင်ပြေပါလိမ့် မည် သို့တည်းမဟုတ် ခံသာ ဖြေသာလိမ့်မည်....ဘယ်သူသေသေ ငတေမာ ပြီးရော ဆိုသည့် စီးပွားရှာ သည့် နည်းလမ်း သို့မဟုတ် ခေါင်းပုံဖြတ် အမြတ်ကြီးစား တာဝန်မယူသော စီးပွားရေးလုပ်ငန်းများ သည် ခုခေတ် အီးလ်ကော်မာ ခေတ် တွင် အလွန်အဆင်မပြေလှပါ.....တာဝန်မယူ နိုင်လျှင် တာဝန်ယူနိုင်သော သူကို တာဝန်ယူစေလိုပါသည်....နောက်ဆုံး နိုင်ငံဂုဏ်ပင် ထိခိုက်နိုင်ပါသည်....အမျိုးသားရေးလဲ ထိခိုက် နိုင်ပေသည် ..........
* ကျေးဇူးတင်ပါသည် *

0 ကွန်မန့်ရေးရန်:

Post a Comment