Sunday, June 3, 2012

မသီတာထွေးအားလူမဆန်စွာ မဒိန်းကျင့်သတ်ဖြတ်ခဲ့မှုကြောင့် တောင်ကုတ်မြို.သူမြို.သားများ မွတ်ဆလင်များကိုသတ်ပစ်နေကြ

သတိ- လူမျိုးရေးအဓိကရုဏ်းမဖြစ်လာစေရန် အရေးတကြီးလိုအပ်နေပါပြီ။
ယနေ့ ၃ ရက်နေ့ ညနေနေ့လည်ပိုင်းက သံတွဲမြို့ကနေ ရန်ကုန်ကို ထွက်ခွာလာသော ရိုးမသစ္စာအဝေးပြေးကားသည် တောင်ကုတ်မြို့သို့အရောက်တွင် တောင်ကုတ်မြို့သူမြို့သား ရခိုင်လူမျိုးများက တားဆီးကာ ကားပေါ်တွင်လိုက်ပါလာသော မွတ်ဆလင်လူမျိုး ရှစ်ဦးကို ကားပေါ်မှဆွဲချ၍ သတ်ပစ်လိုက်ကြကြောင်း ယခုပင် သတင်းရရှိပါသည်။ ကျောက်နီမော်မှ မသီတာထွေးအား လူမျိုးခြားသုံးဦးက မုဒိမ်းကျင့်သတ်ဖြတ်ခဲ့မှု ၏ နောက်ဆက်တွဲအကျိုးတရားများမှ ယခုအခါ လူမျိုးရေးအဓိကရုဏ်းပုံစံ များသို့ ကူးပြောင်းလာနေခဲ့သည်။ တောင်ကုတ်မြို့နယ်မှ ရဲတပ်ဖွဲ့ဝင်များမှာ ကျောက်ဖြူမြို့သို့ လုံခြုံရေးယူရာ ထွက်ခွာသွားကြချိန်တွင် ယခုကဲ့သို့ သတ်ဖြတ်မှု ဖြစ်ပေါ်လာခြင်းဖြစ်သည်။ မသီတာထွေးအမှုမှ တရားခံသုံးဦးကို ကျောက်ဖြူမြို့တွင်ထားရှိသဖြင့် ရခိုင်ပြည် မြို့နယ်၊ ကျေးရွာများမှ ပြည်သူများက ကျောက်ဖြူမြို့သို့ သွားရောက်ကာ ဆန္ဒပြအုံကြွမှုများ ဖြစ်ပေါ်နေသောကြောင့် ရဲတပ်ဖွဲ့အင်အားများ စေလွှတ်ခဲ့ရခြင်းဖြစ်သည်။ တောင်ကုတ်မြို့မှ လုပ်ငန်းရှင်ကြီးတစ်ဦးက တောင်ကုတ်ရှိ စစ်တပ်သို့အကြောင်းကြားရာ တပ်ရင်းမှူးက မြို့ပြစံမံအုပ်ချုပ်ရေးကိစ္စမှာ ယင်းနှင့်မဆိုင်ပါကြောင်း ပြန်လည်ပြောဆိုခဲ့သည်ဟု သိရသည်။ ယခုတွင် အသတ်ခံရသူ မွတ်ဆလင် ၈ ဦး၏ အလောင်းများကို တောင်ကုတ်၊ ညဈေးရှေ့တွင် စုပုံထားသည်ဟု ဒေသခံတစ်ဦးက ဖုန်းဖြင့်အကြောင်းကြားသည်။
နောက်ဆက်တွဲ  သတင်းမှာ
Thantsin Phyoe thantsinphyo@gmail.com
10:12 PM (54 minutes ago)

to bcc: mrsorcerer
ကျနော် သံတွဲကို ဆက်သွယ်ပြီးပါပြီ။

- သံတွဲသစ္စာဗလီကနေ ရက်ပြည့်လို့ ရန်ကုန်ပြန်တဲ့ (၈)ဦးပါ ဂျမာအသ် ဖြစ်ပါတယ်။

- (၆)ဦးကတော့ တောင်တွင်းကြီးကလို့ သိရပါတယ်။

- စပယ်ယာတစ်ဦးနဲ့ အုန်နာအင်ရှက်စ်တစ်ယောက်ပါ စုစုပေါင်း 10ယောက်ပါ။

- အုန်နာအင်ရှက်စ်ကတော့ မိန်းကလေးလို့ သိရပါတယ်။

- တောင်ကုတ်လမ်းခွ လ၀ကဂိတ်မှာ ကားကို တားတယ်။ တားပြီးကုလားတွေပါရင် ဆင်းခဲ့ အကုန်သတ်ပစ်မယ်လို့ အော်ဟစ်ပြီး တုတ်ဓားလက်နက်တွေနဲ့ အော်ဟစ်နေပါတယ်။ အင်ရှက်က ကားတံခါးပိတ်ထားပြီး စပယ်ယာက ကားပေါ်ကဆင်းပြီး တောင်းပန်တယ်။ ဒါကို မရတော့ဘဲ ကားပေါ် အတင်းတွန်းတက်သွားပြီး ဂျမာအသ်သားတွေကို တွေ့တော့ အောက်ကို လှမ်းအော်တယ်။ “ဒီမှာ ကုလားတွေ ပါတယ်၊ ဒီမှာ ကုလားတွေဟေ့”လို့ အော်ဟစ်လိုက်တော့ နောက်ထပ်လူတွေ တိုးတက်လာပြီး ကားပေါ်မှာတင် ရိုက်ရင်း ကားအောက်ကို ဆွဲခေါ်သွားတယ်။

တံခါးပေါက်ကဆင်းဆင်းခြင်းမှာတင် အောက်က လူအုပ်ကြီးက အသေအလဲ ၀ိုင်းရိုက်ရင်း (၈)ယောက်စလုံး ရှဟီးဒ်ဖြစ်သွားတယ်။ သူတို့ မလှုပ်ရှားတော့တဲ့အချိန်မှာ အားလုံး မှင်သက်ပြီး ကြောင်ကြည့်နေတုန်း စပယ်ယာကို ဟယောင် မင်းလဲ ကုလားပဲမဟုတ်လားလို့ မေးလိုက်တော့ နောက်က လူအုပ်ကြီးက ၀ိုင်းလာပြီး ပြောဆိုချိန်မရတော့ဘဲ သူလဲ သေသွားတယ်။

အင်ရှက်မိန်းမကိုလဲ စပယ်ယာကို လုပ်နေတဲ့အချိန်မှာပဲ ဒီကောင်မလဲ ကုလားမပဲဟေ့လို့ဆိုပြီး မင်းတို့ကုလားမတွေကိုလဲငါတို့ -ိုးသတ်မယ်။ ကောင်မလာခဲ့ဆိုပြီး လိုက်ဆွဲတယ်။ ဟိုမိန်းမက ကားအနောက်ပိုင်းကို ၀င်ပြေးတော့ အတင်းလိုက်ပြီး ဖမ်းတယ်။ ဆံပင်ကိုဆွဲပြီး အောက်ကို ဆွဲခေါ်သွားတယ်။ အောက်ရောက်တော့ ဟိုဆွဲဒီဆွဲဖြစ်ပြီး အင်္ကျီအ၀တ်အစားတွေ မရှိတော့ဘဲ ကိုယ်လုံးတီးဖြစ်သွားပြီး တုတ်တွေနဲ့ မိန်းမတွေက ခေါင်း၊ ခြေသလုံး၊ ခါး၊ လက်တွေကို ၀ိုင်းရိုက်တယ်။ ယောက်ျားတွေက သူ့အင်္ဂါကို တုတ်တွေနဲ့ မသေမရှင်ဖြစ်နေချိန်မှာ ဆောင့်ထိုးတယ်။ ရင်သားတွေကို အပေါ်ယံရှပ်ပြီး တုတ်တွေနဲ့ ရိုက်ကြတယ်။ လည်ပင်းကို လမ်းမပေါ်မှာ ဆင်းထားပြီး လည်ချောင်းကို တုတ်နဲ့ရိုက်ရင်း သွေးသံတရဲရဲနဲ့ သေသွားတယ်။

ရိုးမသစ္စာကားတွေရဲ့ပိုင်ရှင်ဟာ မွတ်စလင်မ်ဖြစ်လို့ ကုလားပိုင်ကားဆိုပြီး ကားကိုလဲ ထုထောင်းထားတာ ရစရာမရှိအောင် ပျက်ဆီးကုန်ပြီး အခု အဲ့ဒီနားမှာတင် ရပ်ထားပါတယ်။

- ညနေသုံးနာရီထွက်တဲ့ ကားနဲ့ပါလာတာပါ။ တောင်ကုတ်မှာဖြစ်တာက ၅-နာရီဝန်းကျင်ပါ။

- အလောင်းတွေကို စုပုံထားပြီး မိန်းမ၊ ယောက်ျားများ အရက်သောက်ရင်း ကခုန်နေကြတယ်။ အလောင်းတွေပေါ်မှာလဲ အရက်ပုလင်းတွေကို လှမ်းပစ်တာတွေ၊ ကျင်ငယ်နဲ့ပန်းတာတွေ၊ အန်ချတာတွေ လုပ်နေကြတယ်လို့ သတင်းရထားပြီး ဖြစ်ပါတယ်။

နောက်ဆက်တွဲသိရှိချက်။ စစ်တွေမြို့ခံတစ်ဦးက ယခုပင်ဖုန်းဖြင့်အကြောင်းကြားလာပါသည်။ စစ်တွေမြို့တွင် ရခိုင်အမျိုးသားတစ်ဦးကို ကုလားတစ်သိုက်က ရိုက်နှက်ကာ ကုလားရွာထဲသို့ ကားဖြင့်တင်ခေါ်သွားသည်ကို မျက်မြင်တွေ့ရှိလိုက်ကြရသဖြင့် ယခုအခါ စစ်တွေရဲစခန်းရှေ့တွင် ရခိုင် ၅၀ ကျော်စုစည်း၍ ခေါ်ဆောင်သွားသည့် အမျိုးသားကို ထုတ်ပေးရန် တောင်းဆိုနေကြသည်။ မထုတ်ပေးပါက ကုလားရွာ(နာဇီရွာ)ကို ၀ိုင်းမည့်အခြေအနေဖြစ်ပေါ်နေကြောင်း ယင်းက ပြောသည်။ ယခုဖြစ်သည်။(အဘ ဥက္ကာကိုကို)
လင်းဇော်ထက် linnzawhtike@gmail.com
11:00 PM (13 minutes ago)

to mrsorcerer
သံတွဲမှ ရန်ကုန်သို့ထွက်ခွာလာသော မော်လ၀ီဆရာ(ဟာဂျီဘွဲ့ခံ)များ ပါဝင်သည့် ရိုးမသစ္စာကားကို တောင်ကုတ်မြို့အရောက်တွင် မြို့ခံများက ဆိုင်ကယ်အစီး ၃၀ ကျော်ဖြင့်ပိတ်ဆို့ တားဆီးကား ဦးစွာယာဉ်မောင်းကိုဆွဲချခဲ့သည်
။ ယာဉ်မောင်းနှင့် ၎င်း၏မိန်းမတို့မှာ ထွက်ပြေး လွတ်မြောက်ခဲ့သည်။ ကားပေါ်တွင်ပါလာသူများကို ၀ိုင်းဝန်းသတ်ဖြတ်ကာ ကားပေါ်မှဆွဲချ၍ လမ်းပေါ်တွင်စုပုံထားခဲ့သည်။ထိုသို့အခင်းဖြစ်နေစဉ် တောင်ကုတ်မြို့ ဆေးရုံအုပ်ဟောင်း
ဒေါက်တာစံနိုင်ရောက်ရှိလာပြီး ဖျောင်းဖျဖျန်ဖြေသဖြင့် ၎င်း၏စကားကိုနားထောင်ကာ လူထုမှာ လူစုခွဲသွားခဲ့သည်။ ““နောက်တစ်ခါဘယ်ကားဖြစ်ဖြစ် ကုလားတွေသယ်မလာနဲ့””ဟု အော်ဟစ်ခဲ့ကြသည်ဟု သိရသည်။

အလောင်းများကို ခရိုင်ရဲမှူးကြီးမှ တာဝန်ယူထိန်းသိမ်းလိုက်ပြီဖြစ်သည်။
သံတွဲမြို့တွင်လည်း သေဆုံးသူတို့၏ အလောင်းများကို ပြန်ပေးရန် သံတွဲမြို့ခံ မွတ်ဆလင်များက ခရိုင်ရုံးတွင် သွားရောက်တောင်းဆိုနေကြပြီး မြို့ခံများမှာ မိမိကိုယ်ကိုယ် ကာကွယ်ရန် အသင့်ပြင်ဆင်နေကြသည်ဟု ဒေသခံတစ်ဦးကဆိုသည်။

တောင်ကုတ်မြို့တွင် ရဲတပ်ဖွဲ့အင်အားများကို ကျောက်ဖြူမြို့သို့ ပို့ဆောင်ထားသဖြင့် လက်ရှိတွင် စစ်တပ်မှ အသင့်အနေအထားဖြင့် တာဝန်ယူနေပြီဖြစ်ကြောင်း သိရသည်။(အဘ ဥက္ကာကိုကို)


0 ကွန်မန့်ရေးရန်:

Post a Comment