Sunday, June 3, 2012

ပြည်တော်ပြန်ရန်စဉ်းစားနေကြပါသလား..FDI Foreign Investment

မြန်မာပြည်ကို ပြန်ပြီး ရင်းနှီးချင်တယ်။ လုပ်ငန်းလုပ်ချင်တယ်။ နောက်ဆုံး ကုန်ကုန်ပြောရရင် မလုပ်သင့်တဲ့ ငွေတိုးချေးစားချင်တယ် .. ဆိုတဲ့ ပြည်ပရောက် မြန်မာနိုင်ငံသားများစွာ တွေဝေ၊ စဉ်းစားနေချိန်ဖြစ်ပါတယ်။ ပြည်ပမှာ အဆင်ပြေနေသူအများစုကတော့ မြန်မာပြည်ပြန်လုပ်ဖို့ဆိုတာ စဉ်းစားချိန်တောင်မှ ရမှာမဟုတ်ပါဘူး။ လုပ်ငန်းတခု အောင်မြင်လာရင် ယားလို့တောင် ကုတ်ဖို့အချိန်မရတဲ့ကြားထဲ မသေချာတဲ့ မြန်မာပြည်ပြန်ပြီး စီးပွားလုပ်ဖို့ဆိုတာ ဘယ်စဉ်းစားပါ့မလဲ။ ပြည်ပမှာပဲ ဖူလုံ၊ အဆင်ပြေနေပြီပဲ။ အဆင်ပြေသူများအဖို့တော့ မြန်မာပြည်သားများကို ဆင်းရဲတွင်းမှ လွတ်ကင်းစေလိုတဲ့ ပညာရေး၊ လူမှုရေး လုပ်ငန်းများမှာပဲ၊ တနိုင်ကူညီပေးချင်ကြပါတယ်။ ဥပမာ .. ဦးသန့်ရဲ့မြေး (ဦး)သန့်မြတ်ဦး၊  HTC ၏ CEO ဖြစ်သူ မန္တလေးသား ဦးဝင်းသန်း ခေါ် မစ္စတာ
ပီတာချူး  စတဲ့ နာမည်ကျော်များတောင် မြန်မာပြည်မှာ ငွေရှာဖို့မဟုတ်ပဲ၊ ကူညီဖို့ လာရောက်ကြသူတွေဖြစ်ပါတယ်။ သံယောဇဉ်ဆိုတာ .. နှလုံးသားခံစားချက်ပါ။

ပြည်တော်ပြန်လိုပါက ကျွန်ုပ်အကြံတခုပေးလိုပါသည်။ မိမိတယောက်တည်း အတတ်ပညာ၊ ငွေအရင်းအနှီးများဖြင့် ပြန်မည့်အစား၊ ပြည်ပတွင် ၀ါသနာတူသော အဖွဲ့အစည်းတခု၊ ရှိနေရန် Group လိုအပ်ပါသည်။ မြန်မာပြည်သားများကို သင်ကအသုံးချရန် အကြံဖြင့်လာပါက၊ ပြင်တွင်းမှ မြန်မာများက သင့်ကိုအသုံးချသွားမည်သာဖြစ်သည်။ ထို့ကြောင့် ပြည်ပကုမဏီများ မြန်မာပြည်လာရောက်လုပ်ကိုင်ပါက သူတို့ကုမဏီ ၀န်ထမ်းများဖြင့်သာ လာကြပါသည်။ ပြည်တွင်းမှ မြန်မာများနှင့် ဖက်စပ်မလုပ်လိုကြပါ။ စပ်တူလုပ်ငန်းလုပ်ပါက အများအားဖြင့် တစ်ဦးက မောင်ပိုင်စီးသွားလေ့ရှိကြောင်း လူတိုင်းသိပါသည်။

နိုင်ငံအတွက် နိုင်ငံခြားငွေရှာဖွေခြင်းအကြောင်း
FDI  Foreign Investment ဆိုတဲ့ နိုင်ငံခြားရင်းနှီးမြှတ်နှံမှု ဆိုရင် လူပိန်းအတွေးအရ သူဌေးနိုင်ငံတွေက ဆင်းရဲတဲ့နိုင်ငံတွေဆီ လာရောက်ရင်းနှီးမြှတ်နှံတယ်လို့ ထင်မိမယ်။
မဟုတ်ပါဘူး....။ကမ္ဘာ့ထိပ်တန်း နိုင်ငံခြားရင်းနှီးမြှတ်နှံမှု အများဆုံးရတဲ့နိုင်ငံဟာ သူဌေးနိုင်ငံတွေပဲ ဖြစ်ပါတယ်။ အမေရိကန်ဟာ Top နေရာကို ယူထားပါတယ်။ နိုင်ငံတစ်နိုင်ငံမှာ နိုင်ငံခြားရင်းနှီးမြုတ်နှံမှုဆိုတာ မရှိရင် အဲဒီနိုင်ငံတော့ မလွယ်တော့ဘူး ..လို့ ပြောရပါမယ်။ ကမ္ဘာ့အချမ်းသာဆုံးဆိုတဲ့ အမေရိကန်ကို နိုင်ငံခြားကကုမဏီများ လာရောက်ရင်းနှီးဆုံးနေဆဲပါတယ်။ ၀ီကီမှာ ကြည့်တဲ့အခါ နိုင်ငံခြားရင်းနှီးမြုတ်နှံမှု အများဆုံးရတဲ့ နံပါတ်အစဉ်လိုက်နိုင်ငံများဟာ အမေရိကန်၊ ပြင်သစ်၊ အင်္ဂလိပ်၊ ဂျာမဏီ၊ ဟောင်ကောင် (တရုပ်ပြည်တိုက်ရိုက်မလာလိုသူများ ဟောင်ကောင်မှတဆင့်ရင်းနှီးမြုတ်နှံပါတယ်)၊ ဘယ်လဂျီယံ၊ နယ်သာလန်၊ စပိန်၊ တရုပ် ..စသည၊ိတို့ဖြစ်ပါတယ်။ စင်ကာပူက အဆင့် ၁၇မှာရှိပြီး၊ ဂျပန်က အဆင့်၂၀၊ ထိုင်းနီုင်ငံ အဆင့်၂၈၊ တောင်ကိုးရီးယား အဆင့်၂၉၊ အင်ဒိုနီးရှား အဆင့်၄၁၊ ဗီယက်နမ် အဆင့်၄၃ .. ရှိကြပါတယ်။
Ref Web: http://en.wikipedia.org/wiki/List_of_countries_by_received_FDI

မိမိငွေကို ရင်းနှီးမြုတ်နှံဖို့ဆိုတော့ ဥပဒေစိုးမိုးတဲ့နီုင်ငံတွေမှာပဲ ရင်းနှီးမှာပါ။ အာဏာရှိတိုင်း အနိုင်ကျင့်၊ အာဏာအလွဲသုံး တဲ့ အာဏာရှင်နိုင်ငံတွေ၊ ပါးစပ်ဥပဒေတွေနဲ့ အုပ်ချုပ်တဲ့ နိုင်ငံများမှာ ဘယ်သူကမှ လာရောက်ရင်းနှီးမှာမဟုတ်ပါဘူ။ ဒါကြောင့် ဥပဒေစိုးမိုးရေးဟာ မြန်မာအစိုးရရဲ့ အဓိကတာဝန်ဖြစ်တယ်လို့ ဆိုပါတယ်။

ဥပဒေ စိုးမိုးအောင် အုပ်ချုပ်သူကိုယ်တိုင်က ဥပဒေအတိုင်း လိုက်နာ၊ နာခံတတ်သူဖြစ်ရပါတယ်။ အစိုးရလုပ်သူတွေရဲ့ ဆွေမျိုးတွေက စီးပွားရေးသမား မဟုတ်လေ၊ ကောင်းလေပါပဲ။ အခုခေတ်က စီးပွားရေးလုပ်မှ ၀င်ငွေကောင်းတာမဟုတ်တော့ပါ။ လခစားလုပ်ရင်လဲ စီအီးအို၊ ဒါရိုက်တာ၊ မန်နေဂျာတွေ အလွန်လစာကောင်းပါတယ်။ လစာနဲ့ မှန်ကန်၊ သင့်မြက်စွာ လုပ်ကိုင်သူများ အစိုးရအဖွဲ့ထဲပါမှ၊ ဥပဒေစိုးမိုးမှာ ဖြစ်ပါတယ်။ ရှင်းရှင်းပြောရရင် လပ်မစား၊ အာဏာအလွဲမသုံးတတ်သူများ အစိုးရလုပ်မှာ ဥပဒေစိုးမိုးပါမယ်။

ငယ်စဉ်က ကျောင်းသုံးစာအုပ်က မင်းသုဝဏ်ကဗျာတပုဒ် မှာ "သူ့မြေမှာ ဖြူပြာပွင့်ရင်ဖြင့်၊ ငါ့မြေမှာနီဝါတင့်ရမပေါ့" ရေးထားပါတယ်။ အဲဒီ FDI ထိပ်တန်းရောက်နေတဲ့ နိုင်ငံများမှာ စင်ကာပူကို သွားမယှဉ်စေချင်ပါ။ စင်ကာပူရောက် မြန်မာများဟာ စင်ကာပူက ဒီလို၊ စင်ကာပူမှာ ဟိုလို .. စသဖြင့် နှိုင်းယှဉ်ကြတယ်။ အချို့နေရာများပဲ ယှဉ်နိုင်မှာပါ။ အများစုနေရာများမှာ (အထူးသဖြင့် ဥပဒေများမှာ) ယှဉ်လို့မရပါဘူး။ မလေးရှားနိုင်ငံတောင် မြန်မာပြည်နဲ့ ယှဉ်လို့မရပါ။ ယှဉ်သင့်တဲ့ နိုင်ငံကတော့ ဗီယက်နမ်၊ ထိုင်း (၂)နိုင်ငံဖြစ်ပါတယ်။

လျှပ်စစ်မလုံလောက်မှုပြဿနာ
၂၀၁၂ မေလမှာ မြန်မာပြည်လျှပ်စစ်မလုံလောက်မှုကို ဖယောင်တိုင်ထွန်း ဆန္နပြနေကြပါတယ်။
လျှပ်စစ်သုံးစွဲမှုကို ကြည့်ရင် ထိုင်းနိုင်ငံက တနှစ် consu၀mption 131 billion KWh, Malaysia 93 billion KWh, Vietnam 101 billion KWh. ရှိပြီး၊ မြန်မာကတော့ 4 billion KWh ပဲရှိပါတယ်။ မြန်မာနိုင်ငံဟာ ဆင်းရဲတဲ့နိုင်ငံဆိုတာ မမေ့သင့်ပါ။ မြန်မာပြည်မှာ သဘာဝဓါတ်ငွေအများကြီးထွက်တယ်ဆိုပြီး ဓါတ်ငွေကနေ လျှပ်စစ်ထုတ်ရင် ဈေးချိုမယ် မထင်စေလိုပါ။ လျှပ်စစ်ဈေးဟာ ဈေးကြီးလှပါတယ် ။

သယံဇာတ ကြွယ်ဝမှုကို နှိုင်းမယ်ဆိုရင် ဓါတ်ငွေထွက်နှုန်းမှာ အိမ်နီးချင်းထိုင်းနိုင်ငံက 20 billion cu m , မလေးရှားက 66 billion cu m, ဗီယက်နမ်က 7.8 billion cu m ထွက်ပါတယ်။ မြန်မာပြည်က တနှစ်ဓါတ်ငွေ 11 billion cu m ထွက်တဲ့အတွက် ဗီယက်နမ်ထက်တော့ သာပါတယ်။ ရေနံဘယ်လောက်ထွက်သလဲ ယှဉ်ကြည့်ရင် ထိုင်းက တနှစ်ကို ရေနံစည်ပေါင်း 406,000 barrels, မလေးရှားက တနေ့ကို ရေနံစည် 716 barrels , ဗီယက်နမ်က 304,000 barrels ထွက်ပြီး မြန်မာပြည်က 21,000 barrels နဲနဲပဲ ထွက်ပါတယ်။ ရေနံ၊ဓါတ်ငွေ သယံဇာတထွက်မှုကို ယှဉ်ကြည့်ရင် မြန်မာပြည်ဟာ ထိုင်း၊ မလေးရှား နဲ့ ဗီယက်နမ်ကို မမှီပါဘူး။

ကုန်ကုန်ပြေရရင်၊ လျှပ်စစ်မီးထွန်းရုံလောက်ပဲ ထုတ်လုပ်မယ်ဆိုရင်၊ နည်းနည်းလေးပါပဲ၊  ၃၁-မေ-၂၀၁၂ အစိုးရသတင်းထုတ်ပြန်ချက်လို ပုဂ္ဂလိကကိုပဲ မြို့နယ်အလိုက် လိုင်စင်ချပေးလိုက်ရင် ပြီးတာပါပဲ။ အစိုးရက ရောင်းရငွေရဲ့ ရာနှုန်းတခုကို အခွန်ကောက်ပေါ့။ အဲ.. စက်မှုလုပ်ငန်းသုံး ဆိုရင်တော့ မီးထွန်းတာထက် အဆပေါင်း ရာနဲ့ချီပြီး လျှပ်စစ်သုံးရမှာမို့ ပုဂ္ဂလိက မထုတ်နိုင်ပါဘူး။ ကုမဏီကြီးများ (သို့မဟုတ်) အစိုးရကိုယ်တိုင် ထုတ်မှ ရပါမယ်။ သဘာဝဓါတ်ငွေသုံး လျှပ်စစ်ထုတ်ရင် သမရိုးကျ ဘွိုင်လာ၊ ရေနွေးငွေတာဘိုင် ဆိုရင် 1MWh = US$66 အမေရိကားမှာ ကုန်ကျပြီး၊ ဂတ်စ်တာဘိုင်သုံးရင် ၂ဆ ပိုကုန်ပါတယ်။ ဘာပဲဖြစ်စေ လျှပ်စစ်ထုတ်ရောင်းစားတဲ့ လုပ်ငန်းကလည်း အမြတ်အစွန်းအများကြီးမရတောင် ဘဏ်တိုးနှုန်း ၈ ရာနှုန်းထက် ပိုမြက်တော့ (လပ်စားမှုမရှိရင်) ရင်းနှီးမြုတ်နှံချင်သူတွေ ရှိပါတယ်။

ကိုးရီးယား၊ စင်ကာပူတို့ အနှစ်၄၀အတွင် ကမ္ဘာ့ထိပ်တန်းရောက်သွားတာ သယံဇာတကြောင့်မဟုတ်ပါ။ Human Resource ကြောင့်ဖြစ်ပါတယ်။ စိတ်နေစိတ်ထား ပြောင်းလဲဖို့သာ အဓိကဖြစ်ပါတယ်။ တကယ်လို့ စင်ကာပူလိုပဲ မြန်မာပြည်က လျှပ်စစ်လုံလောက်စွာ ထုတ်နိုင်ရင်လည်း ၀င်ငွေမရှိရင် သုံးစွဲနိုင်မှာမဟုတ်ပါဘူး။ (data are from CIA Factbook)


နိုင်ငံခြားငွေရနိုင်တဲ့နည်းလမ်း FDI ဥပမား၊

ထိုင်းနိုင်ငံက အရမ်းတိုးတက်နေတော့ နှိုင်းလို့သိပ်မကောင်းတဲ့အတွက်၊ ဗီယက်နမ်ကိုပဲ တင်ပြချင်ပါတယ်။ သူတို့ လာရောက်ရင်းနှီးမြုတ်နှံခြင်းဆိုတာ အမြက်အစွန်းရလိုတဲ့ အတွက်ဖြစ်ပါတယ်။ ဗီယက်နမ်ရဲ့ လုပ်အားခဈေးချိုခြင်း၊ Inport & Export မြန်ဆန်၊လျှင်မြန်ခြင်း၊ နိုင်ငံခြားသားများ နေထိုင်မှု အဆင်ပြေခြင်း .. များကြောင့်လာရောက်ကြသူများပေမဲ့၊ ခြုံကြည့်ရင် အရှေ့တောင်အာရှနိုင်ငံများကပဲ လာရောက်ရင်းနှီးကြတာတွေ့ရပါတယ်။


အနှစ်၂၀ ကာလအတွင်း နိုင်ငံခြားရင်းနှီးမြုတ်နှံမှုများကို ကြည့်မယ်ဆိုရင်၊ အံ့သြစရာကတော့ စုစုပေါင်း ၁၉၂ ဘီလျှံမှာ အာရှတိုက်နိုင်ငံများက ၆၀ရာနှုန်း ရင်းနှီးကြပါတယ်။ အမေရိကန်နဲ့အင်္ဂလိပ်က ၁၅ရာနှုန်းလောက်ရှိပြီး၊ တရုပ်က ၁.၇% ပဲရှိတာကို တွေ့ရပါတယ်။ ဒီဇယားကိုကြည့်ရင် .. အနောက်နိုင်ငံကုမဏီများဟာ တိုက်ရိုက်မလာကြပဲ၊ အနီးအနားနီုင်ငံများမှာ အခြေကျနေတဲ့ သူတို့ကုမဏီများကတဆင့် လာရောက်ရင်းနှီးမြုတ်နှံကြပါတယ်




အထက်က ပုံကို လေ့လာကြည့်ရင် ဗီယက်နမ်ကို လာရောက်ရင်းနှီးသူ ၁၈ရာနှုန်းပဲ၊ Joint Venture ဖြစ်ပါတယ်။ ၇၈ရာနှုန်းဟာ ဘယ်သူနဲ့မှမပေါင်းပဲ စီးပွားလာလုပ်ပါတယ်။ သဘောကတော့ စီးပွားရေးလုပ်မယ်ဆိုရင် တယောက်ထဲပဲ လုပ်မယ်၊ ပေါင်းမလုပ်ဘူး ..ရှုပ်တယ် ဆိုတဲ့သဘောပါ။


ဗီယက်နမ်နိုင်ငံ FDI လာရောက်ရင်းနှီးတဲ့ လုပ်ငန်းများမှာ Processing Industry ဆိုတဲ့ ကုန်ကြမ်းကနေ၊ ကုန်ချော ပြောင်းတဲ့ လုပ်ငန်းတွေမှာ အများဆုံးရင်းနှီးကြပါတယ်။ အလုပ်သမားခ ဈေးချိုခြင်းကြောင့်၊ အဆင့်နိုမ့်အလုပ်သမားများစွာလိုတဲ့ ကုန်ထုတ်လုပ်ငန်းများစွာ လာရောက်လုပ်ကိုင်ကြပါတယ်။ http://www.vietpartners.com/Statistic-fdi.htm


ဗီယက်နမ်ကို ဥပမာပေးရခြင်းဟာ နိုင်ငံခြားငွေ ရအောင်ရှာနိုင်တဲ့နေရာမှာ တော်တဲ့အတွက် ဖြစ်ပါတယ်။ ညံ့တာကတော့ ရလာတဲ့ငွေကို တိုးပွား၊ အကျိုးများအောင် မသုံးနိုင်ခြင်းဖြစ်ပါတယ်။ တပါတီစနစ်၊ ဆိုရှယ်လစ်များက တိုးပွားအောင်လဲမလုပ်နိုင်၊ ပြည်သူများရဲ့ Human Resource တိုးတက်မှုနှေးကွေးခြင်း (ဥပမာ - ဗီယက်နမ်ပညာရေးစနစ်ဟာ ပြုပြင်ပြောင်းလဲပြီး ၁၈နှစ်ကြာတဲ့ အခုအချိန်တိုင်အောင် သိပ်မတိုးတက်ခြင်း) .. လူမှန်၊ နေရာမှန် မပေးပဲ အာဏာရတစ်ပါတီ၊ ဒီမိုကရေစီသမားများကို အစိုးရအဖွဲ့ထဲ အ၀င်မခံခြင်း ကြောင့်ဖြစ်ပါတယ်။
မှတ်ချက်။ လောလောဆယ် ဗီယက်နမ်က မြန်မာထက် အပြက်အသက် သာလွန်နေတာကိုလဲ ရွှေဗမာများ မမေ့သင့်ပါ။ မြန်မာအစိုးရဟာ စီးပွားအင်အားကြီးတဲ့ ထိုင်းနိုင်ငံ၊စင်ကာပူနိုင်ငံများမှ တဆင့်၊ စီးပွားလုပ်ဆောင်ဖို့လမ်းများပါတယ်။ ဗီယက်နမ်နဲ့ ကုန်ကူးသန်းဖို့တော့ ဝေးနေပါသေးတယ်။

ရလာတဲ့နိုင်ငံခြားငွေများ၊ဘယ်နေရာသုံမလဲ
ခရစ်ယာန်ကျမ်းစာအုပ်အရ "မိမိရထားသော တရားဒေသနာများကို သိုလှောင်မထားပဲ တိုးတက်များပြား၊ ကြီးထွားစေရန် ခွက်၅၀၊ ခွက်၂၀၊ ခွက်၁၀ ဥပမာဖေါ်ပြထားပါတယ်"။ (ရှင်မဿဲ ၂၅)။ ရရှိလာသော နိုင်ငံခြားငွေများကို တိုးပွားလာစေရန် မိမိကိုယ်တိုင်မလုပ်နိုင်ပါက လုပ်နိုင်သူများထံ ယုံကြည်အပ်နှံ၊ တိုးပွားစေရပါသည်။ ကျွန်တော့သားဖြစ်သူက အဖေဟာ ငွေရှာတော်ပါတယ်။ ဒါပေမဲ့ ငွေကိုမသုံးတတ်ဘူး၊ တိုးပွားအောင်မလုပ်တတ်ဘူး (တနည်းပြောရရင်၊ ဖြုန်းပစ်တာများတယ်) လို့ဆိုမလား၊ ရှာသမျှ ငွေတွေမှာ အိမ်ဝယ်ထားတာတခုပဲ တိုးပွားမှုရှိပါတယ်။
ရလာတဲ့ ငွေကို တိုးပွားဖို့ နေနေသာသာ၊ မြေကြီးထဲ မြုတ်ထားရင်လဲ ဆုတ်ယုတ်တာပဲ။ ရွှေဝယ်ထားကြတယ်။ အိမ်ဝယ်ထားကြတယ်။ ကောင်းပါတယ်။ အကောင်းဆုံးနည်းလမ်းကတော့ တိုးပွားအောင်လုပ်နိုင်သူတွေဆီ အပ်ထားရပါမယ်။ ဘဏ်ကိုပဲယုံရင်တော့ ဘဏ်ပဲအပ်တာပေါ့။

ဥပမာ ပြောရရင်၊ ယခုခေတ် ဂျာမဏီ၊ ဂျပန်၊ စင်ကာပူ နိုင်ငံများကို နမူနာယူရပါမယ်။ သူတို့နိုင်ငံများထံမှ ရလာတဲ့ငွေကို တိုးပွားအောင်လုပ်နည်း သင်ယူရပါမယ်။ နံပါတ်(၁)ကတော့ ပြည်သူတွေလက်ထဲရောက်လာတဲ့ လုပ်အားခငွေများကို အစိုးရက စုဆောင်းပေးပါတယ်။ စင်ကာပူ CPF system, ဂျပန်၊ ဂျာမဏီ Retirement Fund) များလို မစုမနေရ စုဆောင်းစေပါတယ်။ အမေရိကန်မှာ Social Security ပုံစံပါပဲ။ အဲဒီ ရလာတဲ့ငွေကို အစိုးရက အမြက်စွန်းထွက်တဲ့ လုပ်ငန်းတွေမှာ ပြန်လည်ရင်းနှီးပြီး၊ စီးပွားရေးသမားမဟုတ်တဲ့ Nationalist, Educated များကို အုပ်ချုပ်စေတယ်။ လူရှာလို့မရရင် နိုင်ငံခြားက လူတော်၊လူကောင်းတွေကို လစာကောင်းကောင်းပေးပြီး၊ အုပ်ချုပ်၊စီမံခိုင်းပါတယ်။ ပြီးတော့ မိမိနိုင်ငံသားများကို ချွေတာသုံးစွဲရေးပညာပေးရပါတယ်။ ဘယ်လွယ်ပါမလဲ။

အဓိကတော့ အစိုးရက လူမှန်၊ နေရာမှန် ခန့်နိုင်မှ ရလာတဲ့ FDI လိုနိုင်ငံခြားငွေများဟာ တိုးပွားလာမယ်။ အဲဒီငွေနဲ့ပဲ Human Resource (skill development) and Education များမှာ အဆင့်မှီအောင်လုပ်ရပါတယ်။ ရေးသာ သိပ်လွယ်ပါတယ်။ လက်တွေ့ကတော့ .. ကျွန်တော်လည်း မလုပ်နိုင်ပါ။ မြန်မာပြည်က လက်ရှိခေါင်းဆောင် ဦးသိန်းစိန် နဲ့ အတိုက်ခံ ဒေါ်အောင်ဆန်းစုကြည်တို့ ညီညွတ်စွာလုပ်ရင် အောင်မြင်မှာပါ။
 

မြန်မာကတော့ ဗီယက်နမ်ကို မှီဖို့အများကြီးလိုသေးပေမဲ့ အစိုးရအုပ်ချုပ်သူများ တကယ်ပဲ၊ ပါတီစွဲ၊ လူမျိုးစွဲ၊ စစ်တပ်စွဲ မရှိပဲ ညီညွတ်ကြမယ်ဆိုရင် ခဏအတွင်း နိုင်ငံခြားရင်းနှီးမြှတ်နှံမှုတွေ ဗီယက်နမ်ထက် ကျော်သွားနိုင်ပါတယ်။ ကျွန်ုပ်တို့ရဲ့ ပြည်ပမှာ ချွေးနှီးစာ စုဆောင်းမှုများကို မြန်မာပြည်သို့ FDI အဖြစ် လာရောက်ရင်းနှီးမြှတ်နှံဖို့ အချိန်ကျပြီးလား ?.   ပြည်သူများရဲ့ Attitude လည်း တကယ်ပဲ ပြောင်းလဲတဲ့အခါ Dream GDP & Norminal GDP per capital ဟာ တိုးတက်လာမှာ ဖြစ်ပါတယ်။

အောက်ပါ အင်္ဂလိပ်ဆောင်းပါး၂ခုကို အချိန်ရရင် ဆက်လက်ဖတ်စေလိုပါတယ်။
http://blog.nationmultimedia.com/witmone/2012/05/29/entry-1

ဇော်အောင် (မုံရွာ)
၃၀-မေ-၂၀၁၂


Grace be with you all

0 ကွန်မန့်ရေးရန်:

Post a Comment