Tuesday, May 1, 2012

On – Line အသရေဖျက်မှု

On – Line အသရေဖျက်မှု
Posted by AF in ဆောင်းပါးများ

အင်တာနက် ဝက်ဘ်ဆိုက်များ ပေါ်မှာလည်းလူတစ်ဦးတစ်ယောက် အဖွဲ့အစည်းတစ်ခုခုကို အသရေ ပျက်စေသော (ဝါ) ဂုဏ်သိက္ခာကျ ဆင်းစေသော ပြုလုပ်မှုများကို ဥပဒေအရ တားမြစ်ထားပါတယ်။၂ဝဝ၄ ခုနှစ် အီလက်ထရောနစ် ဆက်သွယ်ရေးဥပဒေပုဒ်မ ၃၄(ဃ) မှာ အဖွဲ့အစည်းတစ်ခုခု သို့မဟုတ် ပုဂ္ဂိုလ်တစ်ဦးဦးကို ထိခိုက် နစ်နာစေ ရန် ဖြစ်စေ၊ ဂုဏ်သိက္ခာ ကျဆင်းစေ ရန်ဖြစ်စေ၊ သတင်း အချက်အလက် အီလက်ထရောနစ် နည်းပညာဖြင့် ပြုလုပ်ခြင်း၊ ပြုပြင်ခြင်း၊ ပြောင်းလဲ ခြင်း တို့ကို ပြုလုပ်ခြင်း၊ ပြုလုပ်ထား သည့် အချက်အလက်များကို ဖြန့်ချိ ခြင်းတို့ကို မပြုလုပ်ရန်တားမြစ်ထား ပါတယ်။ ပြစ်မှုထင်ရှားပါက ထောင်ဒဏ် (၅)နှစ် အထိဖြစ်စေ၊ ငွေဒဏ် ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ အပြစ် ပေးနိုင်ပါတယ်။ အလားတူပါပဲ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၄၉၉ မှာအသေရေဖျက်ခြင်းကို တားမြစ် ထားပါတယ်။
မည်သူမဆို အမှတ် အသားဖြင့်ဖြစ်စေ၊ ထင်ရှားသော ပုံသဏ္ဌာန်ဖြင့်ဖြစ်စေ၊ လူတစ်ဦးတစ်ယောက် အဖွဲ့တစ်ခု၏ အသရေကို နစ်နာစေရင် အရေးယူနိုင်ပါ တယ်။ ပြစ်ဒဏ်အားဖြင့်တော့ (၂)နှစ်ထိ အလုပ်မဲ့ ထောင်ဒဏ် ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ပါတယ်။ ဒါ့ကြောင့် အသရေဖျက်မှု (ဝါ) ဂုဏ်သိက္ခာ ထိခိုက်မှုကို အီလက်ထရောနစ် ဆက်သွယ်ရေး ဥပဒေအရဖြစ်စေ၊ ရာဇသတ်ကြီး ဥပဒေအရဖြစ်စေ အရေးယူနိုင်ပါတယ်။ သို့ရာတွင် အီလက်ထရောနစ် ဆက်သွယ် ဆောင်ရွက်ရေးဥပဒေက အရေး ယူတရားစွဲဆိုရန်အတွက် အီလက် ထရောနစ်ဆက် သွယ်ဆောင်ရွက် ရေး ဗဟိုအဖွဲ့၏ ကြိုတင်ခွင့်ပြုချက် ရယူရန်လိုပါတယ်။ ရဲအရေးယူပိုင် သော အမှုအဖြစ်သတ်မှတ်ထား ပါတယ်။ ရာဇသတ်ကြီးဥပဒေအရ အသရေဖျက်မှု ပုဒ်မ ၅ဝဝ မှာ ရဲ အရေးမပိုင်သော အမှုဖြစ်လို့ သက် ဆိုင်ရာမြို့နယ် တရားရုံး၌ ဦးတိုက် လျှောက်ထား တရားစွဲဆိုနိုင်ပါ တယ်။ ပြစ်ဒဏ်မှာ အီလက်ထရော နစ် ဥပဒေအရ ထောင်ဒဏ်(၅) နှစ် အထိ အပြစ်ပေးနိုင်၍ ရာဇသတ် ကြီးဥပဒေ အသရေဖျက်မှုမှာ အလုပ်မဲ့ ထောင်ဒဏ်(၂) နှစ်အထိ သာ အပြစ်ပေးနိုင်ပြီး ဥပဒေ နှစ်ရပ်မျိုးစလုံး ငွေဒဏ်ပါတွဲ၍ ငွေ ဒဏ်အကန့်အသတ်မရှိ ချမှတ်နိုင် ပါတယ်။
လူတစ်ဦး၏အသရေကိုထိ ခိုက်ခြင်း ဟုဆိုရာတွင် ကိုယ်အင်္ဂါ နှင့်ပတ်သက်၍သော်လည်းကောင်း၊ အကျင့်စာရိတ္တနှင့်ပတ်သက်၍သော် လည်းကောင်း၊ ဥာဏ်ပညာ အရည် အချင်းနှင့်ပတ်သက်၍သော်လည်း ကောင်း၊ မျိုးရိုးဇာတိနှင့်ပတ်သက်၍ လည်းကောင်း၊ အလုပ်အကိုင်စီးပွား ရေးနှင့်ပတ်သက်၍ လည်းကောင်း စွပ်စွဲရေးသား ပြောဆိုချက်၊ ရုပ်သံ လွှင့်ထုတ်ဖော်ပြချက်ဟာ ဖော်ပြခံ ရသူအဖို့ လူမှုရေးအရဖြစ်စေ၊ စီးပွား ရေးအရဖြစ်စေ ဆက်သွယ်နေကြ သူများက အထင်အမြင် သေးစေ ခြင်း ပင်ဖြစ်ပါတယ်။ လူမှုဆက်ဆံရေးနယ်ပယ်၊ ကုန်သွယ်မှု နယ်ပယ်တို့မှာလူတစ်ဦး ၏ ဂုဏ်သရေ၊ ဂုဏ်သတင်းဟာ အရေးကြီးသော ကဏ္ဍတစ်ရပ်ဖြစ် ပါတယ်။ လူတစ်ဦး၏ ဂုဏ်အသရေ ကိုလည်း အခြားပစ္စည်းများ ပိုင်ဆိုင် ခွင့်နည်းတူ အကာအကွယ်ပေးထား ပါတယ်။
ယခုအခါ အင်တာနက်ဝက်ဘ် ဆိုက်များပေါ်မှာ လူတစ်ဦး၊ အဖွဲ့ အစည်းတစ်ရပ်ရဲ့ ဂုဏ်သိက္ခာ၊ အသရေကို ထိခိုက်စေသော အကြောင်းအရာများ၊ ပုံများတွေ့ရှိ ကြည့်မြင်နေရပါတယ်။ မဖွယ်မရာ ဓာတ်ပုံများလည်း တွေ့ရပါတယ်။ အင်တာနက် On-Line အသရေ ဖျက်မှုများကိုလည်း Cyber Crime အဖြစ် သတ်မှတ်ထားပါတယ်။ ဒါပေမဲ့ ဥပဒေအရ အရေးယူ မှုမှာ ကမ္ဘာကုန်ကျယ်သရွေ့ ပျံ့လွင့် နေသော အင်တာနက်၏ စိန်ခေါ် မှုများအရ ပြစ်မှုကျူးလွန်သူသည် မည်သည့်တိုင်းပြည်၊ မည်သည့်နေ ရာကပြုလုပ်သည်။ မည်သူမည်ဝါ ကပြုလုပ်သည်ကို သိရှိရန် ခက်ခဲမှုများနှင့်လည်းရင်ဆိုင်ကြရပါမယ်။
ဥာဏ်နီဥာဏ်နက်များ သုံး၍ အင်တာနက် On-Line မှဥပဒေချိုး ဖောက်သူများမှာ လူသားများပင်ဖြစ် ပါတယ်။ ယင်းသို့ ဥပဒေချိုးဖောက် မှုများကို နည်းပညာရပ် များတီထွင်၍ ကာကွယ်နိုင်ရမည့်သူများ စုံစမ်းဖော်ထုတ် အရေးယူရမည့် သူများမှာလည်း အသိဥာဏ်ရှိသောလူသား များပင်ဖြစ်ကြပါတယ်။ ရာဇဝတ် ဘေးဆိုတာ ပြေးလို့မလွတ်နိုင်ပါဘူး။
ဦးမောင်မောင်ဝင်း
(တရားလွှတ်တော်ရှေ့နေ)

0 ကွန်မန့်ရေးရန်:

Post a Comment