Tuesday, May 1, 2012

ငရဲတွင်းကြီးဆိုတာ

ငရဲတွင်းကြီးဆိုတာ
Posted by AF in ဆောင်းပါးများ

ခုတစ်လော သတင်းတွေမျိုးစုံ ကြားနေရတဲ့အနက် ငရဲတွင်းကြီး သတင်းကို အတော်လေးလူပြော များသဗျ။ ဘတ်စ်ကားတွေပေါ် မှာလည်း မိတ္တူတွေကူးပြီး
ရောင်း နေကြသတဲ့။ ငရဲပြည်နဲ့နီးနီးလေးပဲ လို့လည်းပြော နေကြသတဲ့။ အဲဒီ သတင်းဟာမှန်မမှန်ဆိုတာကိုလည်း မကြာမကြာ မေးနေကြပြန်လေ တော့ကာ တစ်ယောက် ချင်းစီမေး ကြတာတွေ အားလုံးကို စာမျက်နှာ ပေါ်ကလည်း ပြန်ဖြေပါ့မယ်လို့ ပြောလိုက်တယ်။
တကယ်တော့ ဒီသတင်းပေါ် နေတာ အတော်ကြာခဲ့ပါပြီ။ရုရှားနိုင်ငံ ဆိုက်ဘေးရီးယား ပြည်နယ်မှာ ရေနံရှာဖွေရေးလုပ်နေ ကြတဲ့ ဘူမိဗေဒပညာရှင်တွေဟာ ပထဝီမြေအောက်ကို တွင်းတစ် တွင်းတူးနေကြရင်း၊ တွင်းအနက် ၁၄.၄ ကီလိုမီတာ(ကိုးမိုင်လောက် ရှိမပေါ့)လောက်ကိုလည်းရောက်ရော တွင်းတူးလွန်
သွားတာ ထိန်းမရ အောင် ချာလည်ပတ်လည်လည် သွားတာကြောင့် စီမံကိန်း မန်နေဂျာ မစ္စတာ အက်ဇာကော့ဗ်က ကမ္ဘာ့ ဗဟိုနေရာဟာ ခေါင်းပွကြီး
ပါလားလို့ ကောက်ချက်ချလိုက်သတဲ့။
အဲဒီ အခိုက်မှာပဲ ဘူမိပညာရှင်တွေဟာ တွင်း အောက် ခြေအပူချိန်ကို တိုင်း ထွာကြည့်ကြတော့ ၂ဝဝဝ ဒီဂရီ စင်တီဂရိတ်ထက် မကရှိနေတာကို
တွေ့ကြရသတဲ့။ ပြီးတော့ကာ အင်မတန်ဆွဲအားကောင်းတဲ့ မိုက် ခရိုဖုန်း တွေကိုတွင်းထဲချပြီး အသံ ဖမ်းယူကြည့်ကြတော့ လူထောင် ပေါင်းများစွာ
အော်ဟစ်နေကြသံ တွေကိုကြားရတော့သတဲ့။ နာကျင် လွန်းလို့ အော်နေကြသံတွေပါတဲ့ ဗျား။
အဲဒီအထဲမှာမှ ယောက်ျား သံသြသြကြီးတစ်သံက ထူးထူးခြား ခြား ပိုကျယ်နေတာကိုကြားကြရ သတဲ့။ ဘာတွေ အော်ဟစ်နေကြ တယ်ဆိုတာကိုတော့ သဲသဲကွဲကွဲ နားမလည်ကြပေမယ့် အဲဒီ ယောက်ျားသံကြီးက တခြားသူတွေ ကို အမိန့်ပေးနေဟန်ရှိတာကိုတော့ နားလည်နိုင်ကြသတဲ့။
သူ့သတင်းကတော့ ဒါလောက် ပါပဲ။ အဲဒီသတင်းကို စာမျက်နှာပေါ် စပြီးတင်တာကတော့ Amme- nnusatia ဆိုတဲ့ ဖင်လန်နိုင်ငံထုတ် သတင်းစာတစ် စောင်ပါပဲ။ ၁၉၈၉ ခုနှစ်မှာတော Trinity Broadcasting Network ဆိုတဲ့ သတင်း ကွန်ရက်က အဲဒါကို အခြေခံပြီး ချဲ့ကား ဖြန့်ချိပြန်တယ်။ ၁၉၉ဝ ခုနှစ်ထုတ် Praise The Lord (February) နဲ့ Midnight Cry (April) စာစောင်တွေမှာလည်း ပါခဲ့ဖူးပြန်တယ်။ ၁၉၉၂ ခုနှစ်မှာ တော့ အမေရိကန်ကWeekly World News စာစောင်မှာ ဖော်ပြခဲ့ ပြန်တယ်။
နောက်ပိုင်းပေါ်လာတဲ့ သတင်းတွေမှာတော့ ငရဲသားတွေ ကြောင့် တွင်းတူးသမားတွေတောင် သေကြကျေကြ ဖြစ်တာတွေပါ ပါလာပြန်ပါတယ်။ ၁၉၉၇ မှာတော့ အင်တာနက်ပေါ်မှာပျံ့နှံ့ပြန်ပါတယ်။ ခုလည်း ဖော်ဝါ့ဒ်မေးလ်တွေက တစ်ဆင့် တစ်ကျော့ပြန် ပျံ့နှံ့နေ ပြန်ပါပြီ။ဒါပေမဲ့ သေသေချာချာ အတည်ပြုချင်တဲ့ သုတေသီတွေက ရုရှားနိုင်ငံမှာ စုံစမ်းကြည့်တော့ အဲဒီ လောက်နက်တဲ့တွင်းကို ဘယ်သူ ကမှ မတူးခဲ့ကြဘူးဆိုတာ သိရပါ တယ်။ အနက်ဆုံး(၈)မိုင်လောက် အထိပဲ တူးခဲ့ကြဖူးပါသတဲ့။
ပြီးတော့ ကာ အဲဒီလောက် မြေအောက် အနက်မှာ ၂ဝဝဝ ဒီဂရီစင်တီဂရိတ် အထိ မြင့်တဲ့ အပူချိန်ဆိုတာလည်း မရှိပါဘူးတဲ့။ အဲဒီလောက်ပူရင် လည်း ပစ္စည်းကိရိယာတွေ ပုံမှန် အလုပ် မလုပ်တော့ပါဘူးတဲ့။ ပြီး တော့ကာ တွင်းတူးရင် ရေတွေ၊ ဓာတ်ငွေ့တွေဆိုတာ အမြဲထွက် လာတတ်ပါတယ်တဲ့။ ဘာမှထွက် မလာတဲ့ ဟောင်းလောင်းပေါက် တွင်းဆိုတာလည်း မဖြစ်နိုင်ပါဘူးတဲ့။
ဘူမိဆိုင်ရာ ပုံမှန်မဟုတ်တာတွေ ကိုတော့ တွေ့ရတတ်ပေမယ့်၊ သဘာဝထက်လွန်ကဲတာမျိုး တွေ ကိုတော့ တစ်ခါမှ မကြုံခဲ့ကြတာကို သိရပြန်ပါတယ်။ အဲဒီအချက်တွေကို ကျွမ်းကျင် သူပညာရှင်တွေက သေ သေချာချာ သုတေသနပြုပြီး Scientific American ဆိုတဲ့ စာစောင်မှာ ရေးလိုက်ကြတယ်။
အကယ်၍ ဆိုက်ဘေးရီးယား မြေအောက်မှာ ငရဲပြည်ရှိနေတာ သေချာတယ်ဆိုရင်လည်း ဘယ် သိပ္ပံပညာရှင် ကမှ လက်ပိုက်ကြည့် နေမှာမဟုတ်ပါဘူး။
တွေ့အောင်ရှာ ကြမှာပါတဲ့။
ပြီးတော့ကာ ဆိုက် ဘေးရီးယားတစ်လွှားမှာ စုံစမ်းကြည့် တော့လည်း သူတို့ပြောတဲ့ တွင်းမျိုး တစ်တွင်းမှ မတူးခဲ့ကြောင်း သိရပြန် သတဲ့ဗျား။အင်တာနက်မှာ ပြန့်နေတဲ့ အသံဖိုင်ဆိုတာကို သေသေချာချာ နားထောင်ကြည့်ပြန်တော့လည်း သာမန်ဆူညံသံလို အသံတွေကို သာ ကြားရပါတယ်။ ကျွန်တော့် ဆီမှာလည်း အဲဒီအသံဖိုင်ရှိတာ ကြောင့် သေသေချာချာနားထောင် ကြည့်ပြီးပါပြီ။ ဒီအထောက် အထား လောက်နဲ့ ငရဲပြည်က အသံတွေလို့ သေချာပေါက်ဘယ်လိုမှမပြောနိုင်ပါဘူး။
အဲဒီ ဆိုက်ဘေးရီးယားငရဲ တွင်း သတင်းနဲ့ပတ်သက်လို့ ယုံ ကြည်ရတဲ့ နိုင်ငံတကာသုတေသန ဌာနတွေကလည်း အစစ်အမှန် မဟုတ်ကြောင်း
ထောက်ပြထားကြ ပါတယ်။ ငရဲမရှိဘူးလို့ဆိုလိုတာ မဟုတ်ပါ။ ဆိုက်ဘေးရီးယား မြေ အောက်က ငရဲတွင်းကိုသာ ဆိုလို ကြောင်းပါ။အဲဒီလို ထူးဆန်းထွေလာ သတင်းတွေကို တွေ့တယ်ဆိုရင် အင်တာနက်က snopes.com ဆိုတဲ့ဝက်ဘ်ဆိုက်မှာ ရှာကြည့်ပြီး သတင်းမှန် မမှန် စစ်ဆေးလို့ရပါ တယ်။
snopes.com ဟာ အခြေအမြစ်မခိုင်လုံတဲ့သတင်းတွေ ကောလာဟလသတင်းတွေကို သေသေချာချာ စစ်ဆေးပြီး မှန် တယ်၊ မမှန်ဘူးဆိုတာ မှတ်တမ်း တင်ပေးနေတဲ့ ယုံကြည်စိတ်ချရ သော ဝက်ဘ်ဆိုက်တစ်ခုဖြစ်ပြီး၊ အဲဒီလို မှတ်ကျောက်တင်ပေးတဲ့ တခြား သတင်းဌာနတွေ ဝက်ဘ် ဆိုက်တွေလည်း ရှိနေသေးကြောင်း ပါ။
ခုလည်း ဆိုက်ဘေးရီးယား ငရဲ တွင်းနဲ့ပတ်သက်လို့ snopes.com က Status: False လို့ဆိုထားပါ ကြောင်းခင်ဗျား။
http://en.wikipedia.org/wiki/Well_to_Hell_hoax

0 ကွန်မန့်ရေးရန်:

Post a Comment