Tuesday, May 1, 2012

ပြန်ပေးဆွဲခံရသော နိုင်ငံတကာ ကြက်ခြေနီ ဆရာဝန် ၏ ခေါင်းပြတ်နေသော အလောင်းတွေ့ရှိ

မင်္ဂလာပါ
ယနေ့ ကမ္ဘာခေါင်းကြီးပိုင်းသတင်း အနေနဲ့ ပါကစ္စတန်နိုင်ငံတွင် တာဝန်ထမ်းဆောင်နေသော ကမ္ဘာကြက်ခြေနီ အဖွဲ့မှ အင်္ဂလန်နိုင်ငံသားဆရာဝန် ဒေါက်တဒေလ်း Dr ,Dale  ရဲ့ ခေါင်းဖြတ်သတ်ထားပြီး ခေါင်းနဲ့ ကိုယ်ကို ပါကစ္စတန် တောင်ပိုင်း Quetta မြို့လယ် ပလက်ဖောင်းပေါ်မှာ  မနေ့က တနင်္ဂနွေနေ့က တွေ့ရှိခဲ့ရပြီး ဒီပစ်မှု့ကို ကမ္ဘာတစ်ဝမ်းက ရက်စက်လူမဆန်သော ရမ်းကားမှု့ဟု ယနေ့ နိုင်ငံတကာ ကရှုတ်ချလိုက်သော ရာဇဝတ်မှု့ သတင်းကို ဧဒင်အဖွဲ့ဝင်များသိအောင် ဘာသာပြန် တင်ဆက်ပေးလိုက်ပါသည် ။


ဒီဖြစ်စဉ် ဖြစ်ပွားမှုအစ မှာ လွန်ခဲ့တဲ့ ဇန်နဝါရီလ ၅ ရက်နေ့ က ဆရာဝန် ဒေါက်တာ Khalil Rasjed Dale အသက် ၆၀ ဟာ အလုပ်မှ နေအိမ်သို့ အပြန်လမ်းတွင် အဓ္ဒမ ခေါ်ဆာင်ခံခဲ့ရပြီး ပြန်ပေးဆွဲခံရတာ လအတော်ကြာပြီဖြစ်ပါသည် ။


ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကတော့ ထိုပြန်ပေးဆွဲခံရတဲ့ ဆရာဝန်ရဲ့ ခေါင်းဖြတ်ခံထားရတဲ့ ကိုယ်နဲ့ ခေါင်းကို ပလတ်စတစ် အိတ်အဖြူများနဲ့ ထုတ်ပိုးပြီး ပြန်ပေးငွေမရ၍ ခေါင်းဖြတ်လိုက်သည် ဟူသော စာတန်းနှင့်အတူ ဒေါက်တာ ခယ်လေရက်စဂျက်ဒေလ် ရဲ့ နာမည်ကို မှင်အမဲဖြင့်ရေးသားကာ လူသွားလမ်းဘေး ပလက်ဖောင်းပေါ်မှာ လာရောက် ထားသွားဖြင်းဖြစ်တယ်လို့သိရပါတယ် ။
အသတ်ခံရတဲ့ နိုင်ငံတကာ ကြက်ခြေနီ အဖွဲ့ရဲ့ ခေါင်းဆောင် ဆရာဝန် ဒေလ်း ဟာ ပါကစ္စတန်နိုင်ငံ သို့ တာဝန်မထမ်းဆောင်မီ အာဖဂန်နစ်စတန် ၊ အီရန် ၊ ဆိုမာလီ ၊ စတဲ့ နိုင်ငံတွေမှာ စေတနာ ဝန်ထမ်းအဖြစ် နှစ်များစွာတာဝန်ထမ်းဆောင်ခဲ့ပြီး အတွေ့ကြုံရှိတဲ့ ဆရာဝန်တစ်ယောက်ဖြစ်တယ်လို့ ကြက်ခြေနီအဖွဲ့ က ထုတ်ပြန်ကြော်ငြာခဲ့ပါတယ် ။ ထို့အတူ ဒေါက်တာ ဒေလ်းဟာ ပေါင်းသင်ဆက်ဆံရေး မှာ ပြဿနာ ဖြစ်ခဲ့ဘူးသူမဟုတ်ကြောင်း သူငယ်ချင်းလုပ်ဖော်ကိုင်ဘက်များကို ပျော်ရွင်စွာ အားပေးတတ်သူဖြစ်ကြောင်း နဲ့ ၊ ဒေးလ်ရဲ့ မိသားစု အတွက် ဘယ်လိုမျက်နှာပြ တောင်းပန်ရမည်တောင် မသိတော့ကြောင်း နိုင်ငံတကာကြက်ခြေနီအဖွဲ့ အဖွဲ့ချုပ်ရဲ့ ထုတ်ဖော်ကြော်ငြာချက်မှာ ရေးသားထားတာ ခဲ့ပါတယ် ။
ထိုဖြစ်ရပ်အတွက် ပါကစ္စတန် အာဏာပိုင်များက ဖော်ပြစရာ စကားလုံးမရှိလောက်အောင် ရှက်ရပါတယ်လို့ ဝန်ခံထားခဲ့ပြီး ။ ဖြစ်ပွားမှု့အတွက် အသေးစိတ် စုံစမ်းစစ်ဆေးမှု့များ ပြုလုပ်နေတယ်လို့ ပြောကြားသွားခဲ့ပါတယ် ။
ဓားထက်ထက်ဖြင့် ဖြတ်ထားသည့် အတိုင်း တိတိပပ ပြတ်နေသော ခေါင်း နှင့်ကိုယ် ကို ပလတ်စတစ် အိတ် တစ်အိတ်စီမှာ ထုတ်ပစ်သွားတဲ့ ထို ဒေသသည် တာလီဘန် စစ်သွေးကြွ များ စတင်ခိုအောင်းသော ရွာများပါဝင်သည့် ခရိုင်ဖြစ်ကြောင်း ၊ ပါကစ္စတန်နိုင်ငံ၏ အဆင်းရဲဆုံး ဒေသဖြစ်ကြောင်း Router သတင်းဌာနက ဖော်ပြထားတာ တွေ့ရပါသည် ။
တိုင်းပြည်အတွက် အခမဲ့တာဝန်ထမ်းဆောင်ပေးနေသော ဆရာဝန်ကို ပြန်ပေးဆွဲ ခေါင်းဖြတ်သတ်သည် အထိ လူမဆန်စွာ ရက်စက်သော ထိုဖြစ်ရပ်အတွက် ပါကစ္စတန် နိုင်ငံ အာဏာပိုင်များကို နိုင်ငံတကာက ဖိအားပေးထားပြီး ထိရောက်စွာ ဖော်ထုတ်အရေးယူပေးပါရန် နိုင်ငံတကာ ကြက်ခြေနီ အဖွဲ့က ထုတ်ပြန်တဲ့ ဖော်ပြချက်မှာ ကြော်ငြာသွားခဲ့ပါတယ် ။
ထိုဖြစ်ရပ် ဖြစ်ပွားသည့် တစ်ပတ်အတွက် ကျမ်းမာရေး ဝန်ထမ်း ၂ ယောက် ဆရာဝန် ၂ ယောက်စုစုပေါင်း လေးယောက် တိတိ ထိုသို့ ပုံစံတူ အသတ်ခံရကြောင်းကိုလည်း ထိုသတင်းနှင့်အတူ ကြက်ခြေနီအဖွဲ့နှင့် ပါကစ္စတန် မှု့ခင်းရဲအဖွဲ့က ပူးတွဲ ဝန်ခံကြော်ငြာသွားပါတယ် ။
ထိုလွတ်မြောက်နေသော စစ်သွေးကြွ တာလီဘန်များအား ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းပေးပါရန် တောင်းဆိုလိုက်သော နိုင်ငံတကာ၏ တောင်းဆိုချက်များကို ရင်ဆိုင်နေရသည့် ပါကစ္စတန် အာဏာပိုင်များက များစွာ ရှက်မိကြောင်း တောင်းပန်ပြီး ပိုမိုကြီကြပ်ကွပ်ကဲသွားမည့်အကြောင်း ပြန်လည်ဖြေကြားထာကို လည်း Router သတင်းဌာနက ပူးတွဖော်ပြလိုက်ပါတယ် ။
ယနေ့ နိုင်ငံတကာ က ဝိုင်းဝန် ရှုံ့ချသော ထို ဖြစ်ရပ်အတွက် ဧဒင်အဖွဲ့ဝင်များ သိရှိစေရန် ချက်ချင်း ဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာ ။
KOMYO
ဥယျာဉ်မှူး

0 ကွန်မန့်ရေးရန်:

Post a Comment