Thursday, June 27, 2013

(ခင်ပွန်းကြီး ၁၀ ပါးကန်တော့နည်း)








ဗုဒ္ဒါ ပစ္စေကဗုဒ္ဒေါစ အရဟာ အဂ္ဂသာဝကာ။
မာတာပိတု ဂုရုသတ္တာ ဓမ္မဒေသကာစ ဒါယကာ။
္မ္ကက္ကမေ တေစ မဟာဂုဏေ အဟံဝန္ဒာမိ သဗဒါ။
(ဗုတ်ဒါ ပစ်စေကဗုတ်ဒေါစ အရဟာ အက်ဂသာဝကာ
မာတာပိတု ဂုရုသတ်တာ ဓမ ဒေသကာစ ဒါယကာ
အိမေတေစ မဟာဂုဏေ အဟံဝနာမိ သတ်ဗဒါ)
ဘုရားတပည့်တော်သည် သံသရာအစမှ စ၍ ယနေ့ တိုင်အောင်
၁။ဂုဏ်ကျေးဇူး ကြီးမားကြကုန်သော မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးတို့ အပေါ်၌
၂။ဂုဏ်ကျေးဇူး ကြီးမားကြကုန်သော ပစ္စေကဗုဒ္ဒါအရှင် ကိုယ်တော်မြတ်ကြီးတို့ အပေါ်၌
၃။ဂုဏ်ကျေးဇူး ကြီးမားကြကုန်သော အဂ္ဂသာဝကာ…
၎။ဂုဏ်ကျေးဇူး ကြီးမားကြကုန်သော ရဟန္တာ အရှင်မြတ်ကြီးတို့  အပေါ်၌
၅။ဂုဏ်ကျေးဇူး ကြီးမားကြကုန်သော မိခင်တို့ အပေါ်၌
၆။ဂုဏ်ကျေးဇူး ကြီးမားကြကုန်သော ဖခင်တို့ အပေါ်၌
၇။ဂုဏ်ကျေးဇူး ကြီးမားကြကုန်သော လိမ္မာစေရန်ကျိုးကြောင်းပြ၍ ဆုံးမတတ်သော ဆရာသမားတို့ အပေါ်၌
၈။ဂုဏ်ကျေးဇူး ကြီးမားကြကုန်သော သီလဂုဏ် သမာဓိဂုဏ် ပညာဂုဏ်တို့ ကို ဆည်းပူးဖြည့်ကျင့်လျှက် ရှိကြကုန်သော လူပုဂ္ဂိုလ် ရဟန်းပုဂ္ဂိုလ် အရိယာပုဂ္ဂိုလ်တို့ အပေါ်၌
၉။ဂုဏ်ကျေးဇူး ကြီးမားကြကုန်သော တရားဓမ္မတို့ ကို ဟောပြောပြသ ဆုံးမတတ်သော ဆရာသမားတို့ အပေါ်၌
၁၀။ထမင်းတစ်လုပ် ရေတစ်မှူတ် စသည်ဖြင့်ပေးကမ်းချီးမြှင့်ထောက်ပံ့ဖူးသော ကျေးဇူးရှင် ပုဂ္ဂိုလ်တို့ အပေါ်၌.......
ကာယကံ ၀စီကံ မနောကံ ၃ပါးသောကံတို့ ဖြင့် ပြစ်မှားမိခဲ့သည် ရှိခဲ့ပါသော် ထိုအပြစ်တို့ ကို ပျောက်ပါစေခြင်းအကျိုးငှာ ရိုသေမြတ်နိုး လက်စုံမိုး၍ရှိခိုးပါ၏ ဘုရား..။
ဤသို့ ရှိခိုးပူဇော် ဖူးမြော်မာန်လျှော့ ကန်တော့ရသော ကောင်းမှူကံစေတနာတို့ ကြောင့်
အလုံးစုံသော ဘေးရောဂါအန္တရာယ်အပေါင်းတို့ မှ ကင်းဝေးပြိးလျှင် မြတ်စွာဘုရားရှင်
ဟောကြားတော်မူသော သစ္စာလေးပါး မြတ်တရားကို ကောင်းစွာသိမြင်၍ နိဗာန်သို့ ဝင်နှိင်သောကိုယ်ဖြစ်ရပါစေသား အရှင်ဘုရား..။
လောကီမဂ်လာအဖြာဖြာတို့  သည်လည်း စိတ်ကြံတိုင်း တောင်းတတိုင်း လွယ်ကူလျှင်မြန်စွာ ပြည့်စုံ၍ နှလုံးစိတ်ဝမ်းအေးချမ်းရပါစေသား အရှင်ဘုရား....။

0 ကွန်မန့်ရေးရန်:

Post a Comment