Saturday, July 12, 2014

နေပူစာလှုံနေတဲ့ ရှာရာပိုဗာ



Posted by: Ko Myo on Friday, July 11, 2014 Categories:
ကမ္ဘာကျော် တင်းနစ်မယ် မာရီယာ ရှာရာပိုဗာ ဟာ အားလပ်ရက်အတွင်း မက္ကဆီကိုနိုင်ငံ Los Cabos မှာ ရောက်နေပြီး ဘီကီနီ ဝတ်ထားတဲ့ သူ့ ဓာတ်ပုံတွေ ပေါ်ထွက်လာပါတယ်။ ဓာတ်ပုံတွေထဲမှာ တင်းနစ် အကျော်အမော် Grigor Dimitrov နဲ့ အတူ နေပူစာလှုံနေကြတဲ့ သတင်းက ဟိုလေးတကြော်ဖြစ်နေပါ တယ်။


ဓာတ်ပုံ- The Mirror

ရှာရာပိုဗာက သူ့ချစ်သူကို ထုတ်ကြွားလိုပြီး သူတို့ အတွဲဟာ အတော်ပဲ လိုက်ဖက်ကြတယ်ဆိုတာ ဖော်ပြနေပုံ ပါပဲ။



အသက် ၂၃ နှစ်အရွယ် တင်းနစ်အကျော် Grigor ဟာလည်း ယင်ဘယ်လ်တန် တင်းနစ်ပြိုင်ပွဲမှာ အကြိုဗိုလ်လုပွဲ အထိ တက်ရောက်လာခဲ့ သူလို့လည်း ဓာတ်ပုံဆရာတွေက ဟာသ နှောနေကြပါတယ်လို့ The Mirror က ရေးပါတယ်။

၂၀၀၄ ခုနှစ်က ချန်ပီယံ ဖြစ်ခဲ့သူ အသက် ၂၇ နှစ်အရွယ် မာရီယာရှာရာပိုဗာ ကတော့ မီးခိုးရောင် ဘီကီနီနဲ့ နေရောင်အောက်မှာ အထင်းသား သူ့ ခန္ဓာကိုယ်ကို အလှကို ဖော်ပြထားပါတယ်။










အိမ့်သံစဉ် ~ ဧရာဝတီ
--------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

0 ကွန်မန့်ရေးရန်:

Post a Comment