Saturday, May 12, 2012

မိုးပျံကား စမ်းသပ်ပျံသန်းမှု......!


အမေရိကန်ကုမ္ပဏီဖြစ်သော Terrafugiaသည် ၎င်းတို့၏ မိုးပျံမော်တော်ကားကို အောင်မြင်စွာ စမ်းသပ်ပျံသန်းပြခဲ့နိုင်ပြီးနောက် ဒပ်ခ်ျကုမ္ပဏီ တစ်ခုကလည်း ၎င်းတို့၏ မိုးပျံကားကို အောင်မြင်စွာ စမ်းသပ်ပျံသန်းပြနိုင်ခဲ့ကြောင်း ဧပြီလ၃ရက်နေ့ သတင်းများက ဖော်ပြသည်။ဒပ်ခ်ျကုမ္ပဏီ၏ Pal-V မိုးပျံမော်တော်ကားသည် အမေရိကန်တို့၏ ကားကဲ့သို့မဟုတ်ဘဲ လေယာဉ်ပျံစတိုင် တောင်ပံများအစား ပန်ကာတစ်ခုကို အသုံးပြုထားသည်။ ဒပ်ခ်ျတို့၏ မိုးပျံမော်တော်ကားသည် ပေါ့ပါးသေးသွယ်သော်လည်း ထိန်းချုပ်ပျံသန်းရန် အလွန်ခက်ခဲသည်ဟု ဆိုသည်။ ၎င်းအပြင် Pal-V သည် ပျံတက်ရန်အတွက် ပေ ၅၀၀ရှည်သော ပြေးလမ်းလည်း လိုအပ်သေးသည် ဟုဆိုသည်။ယင်းမိုးပျံမော်တော်ကား၌ လူနှစ်ယောက်စာ ထိုင်ခုံပါဝင်ပြီး မြေပြင်ပေါ်၌ တစ်နာရီလျှင် ၁၁၂ မိုင်နှုန်းဖြင့် သွားနိုင်သည်။
(မှတ်ချက်။ ။ကိုကြီးကျော် မှ ပြန်လည်တင်ပြသည်)

0 ကွန်မန့်ရေးရန်:

Post a Comment