Saturday, May 12, 2012

အင်တာနက်စီစစ်ရေးကို ဆန့်ကျင်ဆန္ဒပြသည့်အနေဖြင့် Anonymous hacker အုပ်စုက တရုတ်အစိုးရ၏ ၀ဘ်ဆိုဒ်များကိုတိုက်ခိုက်.........!


တရုတ်နိုင်ငံအတွင်း၌ တင်းကျပ်သော အင်တာနက်စိစစ်ရေးများ ပြုလုပ်မှုကို ဆန့်ကျင်ဆန္ဒပြသည့်အနေဖြင့် နိုင်ငံတကာ ဟက်ကာအုပ်စုဖြစ်သော Anonymous သည် တရုတ်အစိုးရ၏ ၀က်ဘ်ဆိုက်များကို တိုက်ခိုက်လျက်ရှိကြောင်း DM သတင်းဌာနက ဧပြီလ၅ရက်နေ့တွင် ဖော်ပြခဲ့သည်။ တရုတ်စစ်တပ်နှင့်ပတ်သက်၍ ကောလဟလများကို အင်တာနက်၌ ဖြန့်ချိခဲ့ပြီးနောက် တရုတ်အစိုးရသည် တင်းကျပ်သော အင်တာနက်စိစစ်ရေးများကို ချမှတ်ခဲ့ခြင်းဖြစ်သည်။ တရုတ်အစိုးရသည် တရုတ်နိုင်ငံ၏ SearchEngine များမှ Keyword များကိုပိတ်ပင်ခဲ့ပြီး ၀က်ဘ်ဆိုက်များကိုလည်း ပိတ်ဆို့ထားကာ လူမှုရေးကွန်ရက်များမှနေ၍ Content နှင့် Comment များကိုဖယ်ရှားပစ်ခဲ့သည်။ တရုတ်အစိုးရ၀က်ဘ်ဆိုက် များစွာတို့သည် ဟက်ကာများ၏ တိုက်ခိုက်ခံရပြီးနောက် မူရင်းအနေအထားသို့ ပြန်လည် ရောက်ရှိရန် ရုန်းကန်နေရသည်ဟုဆိုသည်။ အချို့သော ၀က်ဘ်ဆိုက်များ၌ ErrorMessageများသာ ပြသနေသည်။
(မှတ်ချက်။ ။ကိုကြီးကျော် မှ ပြန်လည်တင်ပြသည်)

0 ကွန်မန့်ရေးရန်:

Post a Comment