Monday, July 30, 2012

ဓမ္မာစရိယတန်းအောင်မြင်မှ တရားဟောခွင့်ပြုမည်ဟု စည်းကမ်းထုတ်ထားသောကြောင့် ဓမ္မာစရိယတန်းမအောင်မြင်ကြသော တရားဟောဆရာတော်များ အနေဖြင့် များစွာအခက်ကြုံရကြောင်း ဆရာတော်တပါးက မိန့်ကြား


သာသနာရေး
တရားဟော ဆရာတော်များ အနေဖြင့် ဓမ္မာစရိယတန်းအောင်မြင်မှ တရားဟောခွင့်ပြုမည်ဟု
စည်းကမ်းထုတ်ထားသောကြောင့် ဓမ္မာစရိယတန်းမအောင်မြင်ကြသော တရားဟောဆရာတော်များ
အနေဖြင့် များစွာအခက်ကြုံရကြောင်း ဆရာတော်တပါးက မိန့်ကြားပါသည်။

ဓမ္မာစရိယတန်းအောင်မြင်ပြီးသောဆရာတော်များမှာလည်း တရားဟောထက် သင်ကြားရေးအပိုင်းသာ ၀ါသနာပါသူများပြီး ဟောရေးပြောရေးကို ၀ါသနာပါသူ နည်းပါးတယ်ဟုလဲ ဆရာတော်တပါးက မိန့်ကြားပါတယ်။

ဒီစည်းကမ်းထုတ်တာ ကောင်းလဲကောင်းတယ် မကောင်းလဲ မကောင်းဘူး
ကောင်းလဲကောင်းတယ်ဆိုတာက ဘုရားဟော ပါဠိတော်တွေကို အခြေမခံပဲ ဟောနေမယ်ဆိုရင်
ဟောတဲ့ ဆရာတော်ကို ဒီစည်းကမ်းနဲ့ ကန့်သတ်နိုင်တာပေါ့

မကောင်းဘူးဆိုတာက တချို့ကိုယ်တော်လေးတွေလဲ စာပေသင်ကြားရေးထက် ဟောရေးပြောရေး
တွေမှာ ၀ါသနာထုံတော့ ဓမ္မာစရိယတန်းလဲ မအောင်မြင်ကြတော့ အဲဒီ ဆရာတော်တွေအတွက်
သာသနာရေးလုပ်ငန်းမှာ အဟန့်အတားမျိုးလဲ ဖြစ်သွားတာပေါ့

ဟု ဆရာတော်တပါးက သုံးသပ်ပြောဆိုပါတယ်။

အကောင်းဆုံးကတော့ ပျားလဲစွဲသာ ရှည့်လဲလျှောက်သာအောင်

ကိုယ်ဝါသနာပါတဲ့ သာသနာပြုလုပ်ငန်းတွေကို လွပ်လွပ်လပ်လပ် လုပ်ခွင့်ရချင်တာပါ။
ဟု ဆရာတော်တပါးက မိန့်ကြားပါတယ်။

ဓမ္မာစရိယတန်းဆိုတဲ့ တိုင်းတာတဲ့ ပေတံ တခုထဲနဲ့ မတိုင်းပဲနဲ့ ဘုရားဟောပါဠိတော်ကို
အခြေခံပြီးဟောလား မဟောလား ၊ ဘုရားဟောဖော်နဲ့ ဆန့်ကျင်လား မဆန့်ကျင်လား
ဒီပေတံနဲ့ တိုင်းတာတာ အကောင်းဆုံးပါဟု ဆရာတော်တပါးက မိန့်ကြားသည်။

ဘုရားဟောနဲ့မညီရင် ဟောတဲ့ဆရာတော်ကို သံဃာ့အဖွဲ့အစည်းကနေ သတိပေးတားမြစ်တာ
အကောင်းဆုံးပါဟု ဆရာတော်တပါးက မိန့်ကြားပါသည်။

ဟိုးအရင်တုန်းက တရားဟောဆရာတော်ဆိုတာ သိပ်မရှိဘူး
နောက် ဦးဆန္ဒာဓိကတို့ပေါ်လာတယ် နောက်ဦးဆေကိန္ဒတို့ ပေါ်လာတယ်
အဲဒီအခါကျမှ တရားပွဲဆိုတာတွေလဲ ကြီးကြီးကျယ်ကျယ်ဖြစ်လာတာပါ။
အခုတော့ တရားဟောချင်တဲ့ဆရာတော်တွေက များလာတော့
စည်းကမ်တွေလဲ များလာတယ်ဟု ဆရာတော်တပါးက မိန့်ပါတယ်။

ရန်ကုန်မှာ တရားတပွဲဟောခွင့်ရဖို့ မလွယ်ဘူးကွဲ့
ဆိုင်ရာဆိုင်ရာကို တရားဟောခွင့်ပါမစ်လျှောက်ရတယ် တရားဟောခွင့်ပါမစ်ကျမှ
တရားဟောရတာ၊ ဟောခွင့်ပါမစ်ကလဲ တလလောက်ကြာတယ်ဟု
ဆရာတော်တပါးက မိန့်ပါသည်။

ဒယ်အိုးဆရာတော် ဦးသုမင်္ဂလ လဲ တရားပွဲ အပိတ်ခံထားရလို့ အပြင်တရားမဟောနိုင်သော်လည်း
ဆရာတော်ရဲ့ကျောင်းမှာတော့ အပတ်စဉ်တိုင်း တရားပွဲတွေ စည်စည်ကားကား ကျင်းပလျှက်ရှိကြောင်း ဆရာတော်တပါးက မိန့်ကြားပါတယ်။

0 ကွန်မန့်ရေးရန်:

Post a Comment