Monday, July 30, 2012

ၾသစေၾတးလ် ၀န်ကြီးချုပ်ရဲ့ ရဲရင့် ပြတ်သားမှုကို သဘောကျလို့ တဆင့် ကူးယူဖေါ်ပြလိုက်ပါတယ်-


julioooo99876655သြစတေးလျ ဝန်ကြီးချုပ် ဂျုလီယာဂျီလပ်ရဲ့ နိုင်ငံသားဖြစ်တည်မှုနဲ့ ရပိုင်ခွင့် အပေါ် သဘောထား
သြစတြေးလျ ၀န်ကြီးချုပ် ဂျုလီယာ ဂျစ်လတ်က အစ္စလမ်ရှာရိယ ဥပဒေနဲ့ အညီ နေထိုင်လိုတယ်ဆိုတဲ့ သြစတြေးလျ မွတ်ဆလင်တွေကို ဒီက ထွက်သွားကြဖို့ ဗုဒ္ဓဟူးနေ့က ပြောကြား လိုက်ပါတယ်။
အကြမ်းဖက် တိုက်ခိုက်မှုကြီးတွေကို တာဆီးနိုင်ဖို့ရာ အစိုးရက အစွန်းရောက် သမားတွေအပေါ် ဦးတည် အာရုံစိုက်နေချိန်မှာ ဒီလို ပြောကြားလိုက်တာပါ။
သီးခြားအနေနဲ့ ဂျီလတ်က နိုင်ငံက မွတ်ဆလင် ဗလီတွေကို သူလျှို အဖွဲ့အစည်းတွေကနေ စောင့်ကြပ်ကြည့်ရှုနေတာကို ထောက်ခံ အားပေးကြောင်း ဗုဒ္ဓနေ့က ပြောကြားလိုက်လို့ သြစတြေးလျှ မွတ်ဆလင် များကို ဒေါသ ထွက်စေခဲ့တာပါ။
“ပြည်ပက လာရောက်နေထိုင်သူတွေကသာ အသားကျအောင် လုပ်ရမှာလေ။ သြစတြေးလျသားတွေက လုပ်ရမှာ မဟုတ်ဘူး။ နေချင်နေ မနေချင်ရင် ထွက်သွား”

“ကျွန်မတို့ဟာ တချို့ ပုဂ္ဂလိကတွေနဲ့ သူတို့ရဲ့ ယဉ်ကျေးမှုတွေကို စော်ကား မိသလား ဆိုတာကို တွေးတွေးပူနေရတဲ့ ဒီနိုင်ငံအတွက် ကျမ ငြီးငွေ့လာရပြီ။ ဘာလီကျွန်း တိုက်ခိုက်မှု ပြီးကတည်းက ကျွန်မတို့ သြစတြေးလျှသား အများစုမှာ မျိုးချစ် စိတ်ဓာတ်တွေ တချိန်တည်း တိုးမြင့်လာတာတွေ သိခဲ့ရပါပြီ”

“ကျွန်မတို့ ယဉ်ကျေးမှုဟာ အနှစ် ၂၀၀ မျှမက အမျိုးသား/သမီး သန်းပေါင်းများစွာက ရုန်းကန်ကြိုးစား တိုက်ပွဲဝင် အောင်ပွဲ ဆင်ပြီးမှ ဖွံ့ဖြိုးတိုးတက်လာခဲ့တာပါ”

“ကျွန်မတို့ အင်္ဂလိပ် စကားကိုပဲ အဓိကပြောပါတယ်။ စပိန်၊ လက်ဘနွန်၊ အာရပ်၊ တရုတ်၊ ဂျပန်၊ ရုရှားနဲ့ အခြားဘာသာ စကားတွေ မပြောပါဘူး။ ဒါကြောင့် ရှင်တို့ ကျွန်မတို့ လူ့အသိုင်းအ၀ိုင်းမှာ အပါအ၀င် ဖြစ်ချင်တယ်ဆိုရင် ဒီဘာသာ စကားကို သင်ကြားပါ”

“သြစတြေးလျ လူမျိုးအားလုံးဟာ ဘုရားသခင်ကို ယုံကြည်ကြပါတယ် ခရစ်ယန်တချို့တလေကြောင့် လင်္ကျာဝါဒီကြောင့်၊ နိုင်ငံရေးနှိုးဆော်ချက် စတာတွေကြောင့် မဟုတ်ပါဘူး၊ ခရစ်ယန်အမျိုးသား အမျိုးသမီးအများက ဒီနိုင်ငံတော်ကြီးကို ခရစ်ယန် အယူဝါဒအပေါ် အခြေပြုကာ ထူထောင်ခဲ့ကြကြောင်းကို ရှင်းလင်းစွာ ကပ္မည်းအက္ခရာ တင်ခဲ့ကြတာပါ။”

“ဒီအကြောင်းကို ကျွန်မတို့ရဲ့ စာသင်ခန်းနံရံတွေမှာ ဖေါ်ပြ ထားနိုင်မယ်ဆိုရင် သင့်လျော်မှာပါ ဘုရားသခင်နဲ့ သင်အဆင်ပြေဖို့ မရှိဘူးဆိုရင် သင်ရဲ့ အိမ်ရာသစ်အတွက် ကမ္ဘာ့အခြား တစ်နေရာမှာသာ စဉ်းစားပါတော့လို့ ကျွန်မ အကြံပေးပါရစေ၊” ဘာလို့လဲ ဆိုတော့ ဘုရားသခင်ဟာ ကျွန်မတို့ ယဉ်ကျေးမှုရဲ့ အစိတ်အပိုင်း မို့လို့ပါဘဲ။

“ကျွန်မတို့ဟာ သင်တို့ရဲ့ ယုံကြည်မှုတွေကို လက်ခံပါတယ် ဘာညာ မေးခွန်းထုတ်နေမှာလဲ မဟုတ်ပါဘူုး။ ကျွန်မတို့ တောင်းဆိုနေတာ တစ်ခုလုံးက သင်လည်း ကျွန်မတို့ ယုံကြည်ချက်တွေကို လက်ခံဖို့ ကျွန်မတို့နဲ့ အတူတကွ အေးအေး ချမ်းချမ်း အဆင်ပြေပြေနေထိုင် သွားကြဖို့ပါဘဲ”

“ဒါဟာ ကျွန်မတို့ရဲ့ တိုင်းပြည်၊ နယ်မြေ၊ နေထိုင်မှုပုံစံပါ။ အဲဒီ စံစားခွင့်အားလုံးကို သင်တို့ကို ကျွန်မတို့က ပေးအပ်မှာပါ။ ဒါပေမယ့် သင်က ကျွန်မတို့ရဲ့ အလံ၊ ကျွန်မတို့ရဲ့ အဓိဋ္ဌာန်၊ ကျွန်မတို့ရဲ့ ခရစ်ယန်အယူ သို့မဟုတ် ကျွန်မတို့ရဲ့ လူနေမှုဘ၀ကို ဆန့်ကျင်ကန့်ကွက် ငြင်းခုံလာမယ် ဆိုရင်တော့ ကျွန်မ အလေးအနက် အားပေးချင်တာက သြစတေးလျသားတို့ရဲ့ အခြားသော လွတ်လပ်ခွင့်ကြီး တစ်ခုဖြစ်တဲ့ “ထွက်ခွာသွားနိုင်ခွင့်” ကို ရယူလိုက်ကြဖို့ပါပဲ။

“သင် ဒီမှာ မပျော်ရွှင်ဘူးဆိုရင် ပြန်သွားပါ။ ကွန်မတို့ သင့်ကို အတင်းလာခိုင်းခဲ့တာလည်း မဟုတ်ပါဘူုး၊ သင်ကသာ လာနေပါစေလို့ တောင်းဆိုခဲ့တာပါ။ ဒါကြောင့် သင့်ကို လက်ခံနိုင်တဲ့ နိုင်ငံကို သင်ကလည်း လက်ခံပေးပါ။”

0 ကွန်မန့်ရေးရန်:

Post a Comment