Monday, July 30, 2012

ရှားမှ ရှားတဲ့ ခေါင်းဆောင်



ရှားမှ ရှားတဲ့ ခေါင်းဆောင်

ပြည်သူ့ အသံနဲ့ 
ပြည်သူစကား
ဖ၀ါးမကျ နားထောင်သူတစ်ယောက်
နှစ်ပေါင်း(၆၀)ကျော်မှာ တခေါက်
တပ်မတော်မှ ထွန်းပေါက်ခဲ့ ပြီ....။

အောင်မြင်တဲ့ ခြေလှမ်း
ရဲရင့် တဲ့  စိတ်ဓါတ်
တည်ကြည်တဲ့  မျက်နှာထား
ပြက်သားစွာ ဆောင်ရွက်ခဲ့ ..
ဒါ တိုင်းပြည်အတွက်တဲ့ လေ။

မြစ်စုံအရေး
ကန့် ကွတ်သံတွေညံ
အွန်လိုင်းမှာ ပလူပျံလို့ 
မလိုအင်တွေကြား
တားမြစ်သံတွေ စကားတိုင်းမှာ
သူ ရှေ့ မဆက်ဖြစ်ခဲ့ ဘူး..။

ပြည်သူတွေမသိကျပါဘူး.
ဆက်မလုပ်ဖြစ်တဲ့ မြစ်ဆုံအရေး
တရုတ်နဲ့ ဘယ်လို ဆက်ဆွေးနွေးဖြစ်လဲဆိုတာကိုပေါ့.။

ဒါနဲ့ တခေါက်
ထားဝယ်မီးသွေးကျောက်ကို
လျှပ်စစ်ရဖို့ အရေး ထပ်တွေးကြခဲ့ ပြန်တယ်..။
ဒါပေမဲ့ လည်းလေ
ပတ်ဝန်းကျင် ညစ်ညမ်းမူ့ အတွက်
ချက်ခြင်းရပ်ပေးပါဆိုလာပြန်တော့ 
လုပ်လက်စတွေ ဖြတ်
ပြည်သူ့ အတွက် ရပ်ပေးခဲ့ ပြန်တယ်...။

ပြည်သူတွေ သတိမပြုမိကျပါဘူး
ကမ ၻာ ့နိုင္ငံအသီးသီး
လျှပ်စစ်ထိပ်သီးနိုင်ငံတိုင်းက
မီးသွေးကနေ အဓိက
လျှပ်စစ်ရနေကျတာကိုပေါ့........။

ယောက်ျားထဲ က စစ်သား
စစ်သားထဲက ဗိုလ်ချူပ်ဖြစ်ပေမဲ့ 
နူးညံ့ တဲ့ နှလုံးသား
မတွေဝေတဲ့ ဆုံးဖြတ်ချက်
နိုင်ကျဉ်းတွေ အတွက်ဖြစ်ခဲ့ တယ်..။

မီဒီယာတွေ တာဝန်မကျေကျပါဘူး
မလွှတ်တဲ့ အချိန်က ဝေဖန်
လမ်းလျှောက်ပြီး ဆန္ဒပြသံတွေညံလို့ 
လွတ်လပ်ချိန်ကျ ကျေးဇူးတင်သံမကြားရဘူး....။

တာဝန်ယူချိန်ကနေစ
သမ္မတ ဘ၀မှာ
သန့် ရှင်းတဲ့ အစိုးရဖြစ်ဖို့ 
ကိုယ်တိုင်လည်းတည်ဆောက်
ဘယ်လောက်လေးစားဖို့ ကောင်းလိုက်သလဲ။

ပြည်သူတွေ ၀ိုင်းမကူဘူးကျပါဘူး။
အရေခွံလဲလိုက်ရုံနဲ့ 
ပြောင်းလဲနိုင်ပါ့ မလားဆိုတဲ့ 
တချို့ သူတွေရဲ့ သံမှိုစွဲအတွေးမှာ
အတ္တတရားတွေကိုယ်စီဖက်
ယုံကြည်မူ့ တွေ တွယ်ကပ်မနေပြန်ဘူး..........။


မမောမပန်းနဲ့ 
အလုပ်တွေကြိုးစားလုပ်
ဟန်တွေသိပ်မလုပ်တက်ဘူး...
နှလုံးခုံစက်နဲ့ 
အသက်ဆက်ပေမဲ့ 
ပြည်သူတွေ အတွက်
ေ၇ှ့ ဆောင်ရပ်ပေးခဲ့ တယ်........။

ပြည်သူတွေ မတွေးပေးကျဘူး။
ဖြစ်ပျက်သမျှ အပြစ်တွေ တိုင်းမှာ
သမ္မတ က ဓါးစာခံအဖြစ်
သူ နေရာမှာ စိတ်ကူညစ်မပေးဖူးကြဘူး.......။

လွန်ခဲ တဲ့ နှစ်(၆၀)က
စင်္ကာပူက အားကျ
မြန်မာနိုင်ငံရဲ့ အစစအရာရာသာလွန်တဲ့ ဘ၀က
ဘ၀င်ခ စရာသိပ်ကောင်းတယ်။

လွန်ခဲ့ တဲ့  လလောက်က
ကြွေးမြီးကျေဖို့ အရေး
စင်္ကာပူ ဧည့် ဆောင်က သမ္မတ မျက်နှာလေးက
သိပ် နာကျည်းစရာကောင်းတယ်။


ပြည်သူတွေ မသနားကျပါဘူး။
နှစ်(၂၀)နောက်ကျခဲ့ တယ်ဆိုရင်တောင်
သမ္မတ သက်တမ်း(၁)နှစ်အတွင်းမှာ
ကားဈေးတွေလည်းကျ
ဖုန်းတွေလည်းဈေးပေါပေါနဲ့ ရ
ဆန်ရှင်တွေလည်း ရုပ်သိမ်းရနေပြီမဟုတ်လား။

ရိုဟင်ဂျာအရေး
ထိုင်းနိုင်ငံ ခရီးစဉ်ကိုဖျက်
ရခိုင်ပြည်သူတွေ အတွက်
ရုပ်သံကနေ အားပေး
အိုးအိမ်စည်းစိမ်ရေးကိုရှေးရှူခဲ့ တယ်။

ဇူလှိုင်(၁၁)ရက်နေ့ 
နေပြည်တော်တခေါက်
မဟာမင်းကြီးအရောက်လာတော့ 
ရိုဟင်ဂျာဆိုတာ
တိုင်းရင်းသားလည်းမဟုတ်
လက်ခံနိုင်ရန်မဖြစ်နိုင်
အသွင်သွင်ငြင်းဆန်လို့ 
သမာသမတ်ကျ
ပြည့် သူဘက်ကဖြစ်ခဲ့ တယ်.........။

ပြည်သူတွေ တန်ဖိုးထားရမှန်းမသိပါဘူး။။
သူက ဒုတိယဘုရားသခင်လည်းမဟုတ်ဘူး
သူက ဆုတွေလည်း အများကြီးမရပါဘူး။
သူ က နိုင်ငံတကာမှာလည်း နာမည်ရသူတစ်ဦးမဟုတ်ပါဘူး
သူက ထောက်ခံမူ့ အများကြီးလည်း မရပါဘူး
သူက အဖေအဖေလို့ လည်း မခေါ်ခံရပါဘူး
သူက......သူရဲ့ ပုဆိုးစကို ခေါင်းမှာပေါင်းမဲ့ သူလည်းမရှိပါဘူး

ဒါပေမဲ့ ........

သူက ရိုးသားတဲ့  ဧရာဝတီ တိုင်းသားတစ်ဦးပါ
သူက ဖြောင့် မတ်တဲ့  ဗိုလ်ချုပ်တစ်ဦးပါ
သူက တန်ဖိုးရှိတဲ့  မြန်မာနိုင်ငံကို ဦးဆောင်သူ ခေါင်းဆောင်တစ်ဦးပါ
ဆိုတာ...............................

credit to -(မင်းသန့် )

0 ကွန်မန့်ရေးရန်:

Post a Comment