Wednesday, January 9, 2013

စိတ်ဓါတ်နဲ့ အကျင့်စာရိတ္တ မြင့်မားတဲ့ မြန်မာ

Red Kyaw and 3 other friends shared Ko Gyi Thet's photo.
ယနေ့နံက် ၁၀နာရီ ခန့်က ဖြစ်ရပ် လေးတစ်ခုပါ 
သူ့နာမည်က ကိုဖိုးဇင် လို့ခေါ်သတဲ့ ။
သူ့အလုပ်က စည်ပင်သာယာမှာ သန့်ရှင်းရေး  ဝန်ထမ်း။
ဖြစ်ပုံလေးကဒီလိုပါ
'
'
'
၃၂လမ်း x ၈၅လမ်းမှာရှိ တဲ့ ဘော်ဒါဆောင်ကြီးရဲ့ ဆရာတစ်ဦး  သူ့ရဲ့ ဟန်းဖုန်း ပျောက်သွားတယ်။ 
မနေ့က  ကတည်းကပျောက် သွားသတဲ့။ ဘယ်လိုမှလည်း ဆက်သွယ်လို့ မရတော့ အပျောက်လျှောက်ဖို့ စိတ်ကူး ထားကြတယ်။ ဒီနေ့မနက် ၉နာရီခွဲလောက်မှာ အဲဒီဖုန်းကို ကျွန်တော်ခေါ် မိတယ် ။ ဖုန်းပျောက်နေမှန်း မသိပါဘူး။
ဖုန်းဝင်သွားတော့ ဒီဖုန်းက အမှိုက်ပုံထဲရောက်နေသတဲ့။ လာပြန်ယူပါလို့ဆိုပြီးပြောလို့ ဖုန်းပိုင်ရှင်ကို သွားခေါ်ပြီး ဖုန်းပြန်ယူခဲ့ကြတယ်။
၃၃လမ်းx၇၉လမ်းထောင့် မှာရှိတဲ့ အမှုက်ပုံထဲကနေ ကိုဖိုးဇင်က တွေ့လို့ အထက်လူကြီးကို အပ်နှံထား ရာက ပိုင်ရှင်ပြန်တွေ့လို့ ပြန်ပေးခဲ့ကြတာပါ။ 
မုန့်ဖိုး ၁၀၀၀၀ ထုတ်ပေးတဲ့အခါ နေပါစေ လို့ပြုံးပြီးငြင်းပါသေးတယ်။ အထက်လူကြီးက ယူလိုက်ပါဆိုမှ အားနာဟန်နဲ့ ယူခဲ့တာပါ။ 
ကဲ   
ကိုဖိုဇင်ရဲ့ စိတ်ဓါတ်နဲ့ စာရိတ္တ ကို ဂုဏ်ပြုသင့်တယ် ထင်လို့ စာတစ်တန်ပေတစ်ဖွဲ့ရေးပြီး တင်ပြရတာပါ။
မိတ်ဆွေတို့အနေနဲ့ ကိုဖိုးဇင်ကို ဂုဏ်ပြုသင့်တယ် ထင်ရင် မိတ်ဆွေတို့ရဲ့ လက်ညှိုးလေးကို သုံးချက်လောက် ထောက်ပြီး ဂုဏ်ပြုနိုင်ပါတယ်။ 
၁။  like ကိုတစ်ချက်
၂။  share ကိုတစ်ချက်
၎။ postကိုတစ်ချက် သုံးချက် တည်းပါ ။

0 ကွန်မန့်ရေးရန်:

Post a Comment