Wednesday, January 9, 2013

KIA အဖွဲ့အနေဖြင့် ရထားလမ်းကားလမ်းတံတားများနှင့် အရပ်ဖက်ပစ်မှတ်များအား တိုက်ခိုက်လာပါက လိုင်ဇာရှိ KIA ဌာနချုပ်သို့ အမြောက်များဖြင့်ပြန်လည် ပစ်ခတ်မည်

Yezar Ni and Wai Hlaing shared Kachin Daily News's photo.
KIA အဖွဲ့အနေဖြင့် ရထားလမ်းကားလမ်းတံတားများနှင့် အရပ်ဖက်ပစ်မှတ်များအား တိုက်ခိုက်လာပါက လိုင်ဇာရှိ KIA ဌာနချုပ်သို့ အမြောက်များဖြင့်ပြန်လည် ပစ်ခတ်မည်

KIA အဖွဲ့အနေဖြင့် စစ်သားမပီသစွာ၊ သူရဲဘောကြောင်စွာ ရထားလမ်း၊ ကားလမ်းများ၊ တံတားများနှင့် အရပ်ဖက်ပစ်မှတ်များအား တိုက်ခိုက်မှု တစ်စုံတရာ မပြုလုပ်ရန် သတိပေးကြောင်းနှင့် ထိုသို့ သတိပေးထား သည့်ကြားထဲမှ အရပ်ဖက်ပစ်မှတ်များအား တိုက်ခိုက်လာပါက လိုင်ဇာရှိ KIA ဌာနချုပ်အား လက်နက်ကြီးများနှင့် တုံ့ပြန်ပစ်ခတ်သွားမည်ဖြစ်ကြောင်း လဂျားယန် ဒေသသို့ရောက်ရှိနေသည့် အမြောက် တပ်မှ အရာရှိတစ်ဦးမှ ပြောကြားပါသည်။ ကျွန်တော်တို့မှ လိုင်ဇာက KIA ဌာနချုပ်အဆောက်အဦး တွေအားလုံးကို ပစ်မှတ် မှတ်ပုံတင်ပြီးသားပါ။ ကျွန်တော်တို့ သိမ်းထားတဲ့ လဂျားယန် တ၀ိုက်ကတောင်ကုန်း တွေမှာ လက်နက်ကြီးတွေဆင်ထားပါတယ်။ ပုံမုန်အတိုင်းဆိုရင်တော့ KIA ဌာနချုပ်လိုင်ဇာကို ပစ်စရာ အကြောင်းမရှိပါဘူး။ ဒါပေမဲ့ KIA တွေအနေနဲ့ အရပ်ဖက်ပစ်မှတ်တွေကို တိုက်ခိုက်လာမယ်ဆိုရင်တော့ ပြန်လည်တုံ့ပြန်ရပါလိမ့်မယ်ဟု ပြောဆိုသွားသည်။ 
MON

0 ကွန်မန့်ရေးရန်:

Post a Comment