Wednesday, May 14, 2014

ရာဇာမင်း ယာဉ်တိုက်မှုတချို့နဲ့ ဓါးပြတိုက်မှု....................

Posted by: Ko Myo on Tuesday, May 13, 2014 Categories:

Author အေးလပြည့်

###ရာဇာမင်းယာဉ်လိုင်းဟာ ဧပြီ ၁၉ ရက်နေ့က ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်း၊ မိုင်တိုင်အမှတ်(၁၅၈/၂-၃)ကြားမှာ ရှေ့ကားကို ကျော်တက်ဖို့ကြိုးစားရင်း ယာဉ်တိုက် မှု ဖြစ်ပွါးခဲ့ပြီး သာဂရအမြန်လမ်း ရဲစခန်း ယာဉ်(ပ)၉/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၃၈ နဲ့အမှုဖွင့် အရေးယူခဲ့တယ်။

***၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၃၀ နေ့လည် ၁း၀၀ နာရီအချိန်တွင် မြ၀တီ -ကော့ကရိတ်ကားလမ်း၊ တောင်ပေါ် လမ်းတွင် ရာဇာမင်းခရီးသည် တင်မှန်လုံယာဉ်(၁)စီး တိမ်းမှောက်ပြီး ခရီးသည် ၇ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရတယ်။

###၈-၆-၂ဝ၁၃ ရက်နေ့ ၂၁ဝဝ အချိန်ခန့်တွင် မွန်ပြည်နယ်၊ သထုံမြို့နယ်၊ တောင်စွန်း ကျေးရွာအနီး ရန်ကုန်-မော်လမြိုင်ကားလမ်း၊ မိုင်တိုင်အမှတ်(၁၅၄/၄-၅)အကြား ဘုရားကုန်းကွေ့ ၌ ကျိုက္ခမီ-ရန်ကုန် ‘‘ရာဇာမင်း’’ ခရီးသည် တင်မှန်လုံယာဉ်အမှတ် ၈ဇ/×××× အား ဘုရားကုန်းကွေ့ အရောက် ယာဉ်ပေါ် တွင် စီးနင်းလိုက်ပါလာသည့် ခရီးသည်များအနက် သေနတ်အတိုများ ကိုင်ဆောင်ထားသည့် အမည်မသိ လူ(၅)ဦး တို့မှ ယာဉ်အား အနီးရှိတောထဲသို့ ခေါ်ဆောင်မောင်းနှင်သွားပြီး သေနတ်ပစ်ဖောက်ကာ ယာဉ်ပေါ်ပါ ခရီးသည်များထံမှ ရွေ၊ ငွေ ပစ္စည်းများ စုစုပေါင်းတန်ဘိုး (၄၈၈၇ဝဝဝိ/-)ခန့်အား ယူဆောင် သွားပြီး ယာဉ်နောက်လိုက် နိုင်လင်းထွန်း၊ ယာဉ်မောင်း ဇော်လင်းထူးတို့အား သေနတ်ဖြင့် ပစ်ခတ်ခဲ့ ရာ သေဆုံးသွားခဲ့သဖြင့် သထုံမြို့မရဲစခန်း (ပ)၉ဝ/၂ဝ၁၃၊ ပြစ်မှုပုဒ်မ ၃၉၆ ဖြင့် အမှုဖွင့် အရေးယူခဲ့သည်။

The Modern News Journal
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

0 ကွန်မန့်ရေးရန်:

Post a Comment