Wednesday, April 16, 2014

အမေရိကန် စစ်တပ် ရဲ့ စက်ရုပ် Helicopter...........




အမေရိကန် စစ်တပ် က အနာဂတ် စစ်ပွဲတွေ နဲ့ စစ်တပ် ကိစ္စတွေ မှာ သယ်ယူပို့ဆောင်ရေး ပြုလုပ်ပေးနိုင်
တဲ့ စက်ရုပ် Helicopter ကို ပြသလိုက်ပါတယ်။ စက်ရုပ် Helicopter ကို တက်ဘလက် ကနေ ထိန်းချုပ်
မောင်းနှင်နိုင်မှာ ဖြစ်ပါတယ်။

အဲဒီ စနစ် ကို Autonomous Aerial Cargo/ Utility System (AACUS) လို့ခေါ်ပြီး လူလိုက်ပါ မောင်းနှင်စရာ
မလိုတဲ့ အတွက် အန္တရာယ်များတဲ့ စစ်ဆင်ရေးတွေမှာ အသုံးချနိုင်မှာ ဖြစ်ပါတယ်။

ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်က လူလိုက်ပါမောင်းနှင်တဲ့ Helicopter တွေပြုလုပ်နိုင်တဲ့ စွမ်းဆောင်ချက်အား
လုံး ကို အဝေးထိန်း စနစ် ကနေ ပြုလုပ်နိုင်ဖို့ ဖြစ်တယ်လို့ Naval Research ရဲ့ Captain ဖြစ်သူ Robert
Palisin က AACUS စနစ် ကို သရုပ်ပြထားတဲ့ ဗီဒီယို မှာ ပြောပါတယ်။

Helicopter မှာ အထူးပြုလုပ်ထားတဲ့ ကင်မရာတွေ တပ်ဆင်ထားပြီး မြေပြင်ကနေ စတင်ပျံသန်းတာ မြေပြင်
ပေါ်ကို ဆင်းသက်တာနဲ့ ကောင်းကင်မှာ ပျံသန်းမောင်းနှင်တာကို Laser Sensor များရဲ့ အကူအညီ နဲ့ ပြုလုပ်
နိုင်တာဖြစ်ပါတယ်။ အဆိုပါ စနစ် ကို မတူညီတဲ့ Helicopter အမျိုးအစားများစွာ မှာ အသုံးပြုနိုင်ပါတယ်။

အဆိုပါ စနစ် ကို အသုံးပြုရတာ လွယ်ကူပြီး သီးခြား လေ့ကျင့် သင်ကြားပေးစရာမလိုဘူးလို့ သိရပါတယ်။
AACUS စနစ် ကို အရင် အသုံးပြုဖူးခြင်းမရှိတဲ့ စစ်သားတွေတောင်မှ ၁၅ မိနစ် အတွင်းမှာ အသုံးပြုတတ်
သွားကြပါတယ်။

AACUS စနစ် ဟာ လူလိုက်ပါမောင်းနှင်စရာမလိုပေမယ့် လူမောင်းနှင်တဲ့ Helicopter ဟာ ရာသီဥတုဆိုး
ရွားတဲ့အခြေအနေ မှာ မြေပြင် သို့ ဆင်းသက်ရခက်နေရင် အကူအညီပေးနိုင်ပါတယ်။

သူရ

Myanmar Digital Life Journal မှကူးယူမျှဝေသည်။

0 ကွန်မန့်ရေးရန်:

Post a Comment