Wednesday, April 16, 2014

အတူရေကစားစဉ် ခင်ပွန်းဖြစ်သူမှ အခြားမိန်ကလေးအားရေလောင်းသည်ကို စိတ်ဆိုးပြီး ပိုးသတ်ဆေး သောက်၍သေဆုံး ........

Posted by: Ko Myo on Tuesday, April 15, 2014 Categories:

ရန်ကုန်၊ ဧပြီ ၁၅

၁၅.၄.၂၀၁၄ ရက်နေ့ ၁၁၃၀ အချိန်တွင် လှိုင်သာယာမြို့နယ်၊ သောင်ကြီး နယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များ သည် အမျိုးသမီးငယ်တစ်ဦး အဆိပ်သောက်၍ လှိုင်သာယာဆေးရုံ သို့ရောက်ရှိပြီး ဆေးကုသမှု ခံယူနေစဉ် သေဆုံးသွား ကြောင်းသတင်းအရ သွားရောက်စစ်ဆေးရာ သေဆုံးသူမှာ မသဲစုလှိုင်၊ (၂၀)နှစ်၊ (ဘ)ဦးထွန်းရွှေ၊ အတွင်းပဒံကျေးရွာ၊ လှိုင်သာယာမြို့နယ်နေသူ ဖြစ်ပြီး ပြင်ပဒဏ်ရာတစ်စုံတစ်ရာ မတွေ့ရှိဘဲသေဆုံးနေသည်ကိုတွေ့ရှိရပါသည်။

ဖြစ်စဉ်အားစုံစမ်းရာ ၎င်းသည် ၁၀၃၀ အချိန်ခန့်က အတွင်းပဒံကျေးရွာ၊ ကျန်းလေးဘုန်းကြီးကျောင်း လမ်းအတွင်း ခင်ပွန်းဖြစ်သူနှင့်အတူ သင်္ကြန် ရေကစားနေစဉ် ခင်ပွန်းဖြစ်သူမှ အခြားမိန်ကလေးတစ်ဦး အား ရေလောင်းသည်ကို စိတ်ဆိုပြီး နေအိမ်သို့တစ်ဦးတည်းပြန်သွားကာ ခင်ပွန်းဖြစ်သူ ငှက်ဖမ်းရာတွင် အသုံးပြုသော ပိုတက်ဆေးမှုန့်များ အားသောက်ခဲ့ကြောင်း၊ ၁၁၀၀ အချိန်တွင် ခင်ပွန်းဖြစ်သူမှ နေအိမ် သို့ပြန် လည်ရောက်ရှိစဉ် အော့အန်နေသည်ကိုတွေ့ရှိခဲ့၍ လှိုင်သာယာဆေးရုံသို့ပို့အပ် ကုသခဲ့ရာမှ ၁၁၃၀ အချိန်တွင် သေဆုံးသွားခြင်းဖြစ်ကြောင်း သိရှိရပါသည်။

၎င်းသေဆုံးမှုနှင့်ပတ်သက်၍ သောင်ကြီးနယ်မြေရဲစခန်း သေမှုသေခင်း အမှတ်စဉ် (၁၃/၂၀၁၄) ဖြင့် ရေး ဖွင့်ကာ စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

0 ကွန်မန့်ရေးရန်:

Post a Comment